နောင်တော်ကြီးမင်း
နောင်တော်ကြီး | |||||
---|---|---|---|---|---|
မြန်မာဘုရင် ဒီပဲယင်းမင်းသား | |||||
နန်းသက် | ၁၁ မေ ၁၇၆၀ – ၂၈ နိုဝင်ဘာ ၁၇၆၃ | ||||
နန်းတက်ချိန် | ၂၆ ဇူလိုင် ၁၇၆၀ | ||||
ရှေ့မင်းဆက် | အလောင်းဘုရား | ||||
ဆက်ခံသူ | ဆင်ဖြူရှင်မင်း | ||||
မွေးဖွား | မောင်လောက် ၁၀ ဩဂုတ် ၁၇၃၄ သက္ကရာဇ် ၁၀၉၆ ဝါခေါင်လဆန်း ၁၁ ရက် အင်္ဂါနေ့ မုဆိုးဖို့ | ||||
ကွယ်လွန် | ၂၈ နိုဝင်ဘာ၊ ၁၇၆၃ စစ်ကိုင်း | (အသက် ၂၉)||||
ထာဝရ အိပ်စက်ရာ နေရာ | စစ်ကိုင်း | ||||
အိမ်ထောင်ဖက် | ရှင်ဖောဦး | ||||
သားသမီးများ | သား ၅ ယောက်၊ သမီး ၂ ယောက် | ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | အလောင်းဘုရား | ||||
မယ်တော် | စန္ဒာဒေဝီ မိဖုရားခေါင်ကြီး | ||||
ကိုးကွယ်မှု | ထေရဝါဒ |
နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (ခရစ်နှစ် ၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။
မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည် နန်းတက်ဘွဲ့မှာ သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် မြန်မာ သက္ကရာဇ် ၁၁၂၃-ခုနှစ် နန်းတက်သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဘက် ရဲဘော်ကြီးဖြစ်သည့် မင်းလှနော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန် (ဦးတွန်)၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ ဗိုလ်တွန်က အင်းဝကို သိမ်းပိုက်ကာ အခိုင်အလုံနေသည်ကို တိုက်ခိုက်နှိမ်နှင်းရသည်။ နောက်ဆက်တွဲအဖြစ် အခြားဒေသများတွင်လည်း ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ သို့သော် ပုန်ကန်မှုများကို ကောင်းစွာနှိမ်နှင်းနိုင်ခဲ့ပေသည်။ ၎င်းလက်ထက်တွင် စစ်ရေးအင်အားအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ရာဇဝင်ဆရာများဆိုကြသည်။ တရုတ်မြန်မာနယ်စပ်ရှိကျိုင်းရုံးကြီးနယ်(ယခုတရုတ်ပြည်တွင်းရှိ စစ်ဆောင်ပန္နားနယ်)သည်မြန်မာပိုင်ဖြစ်လာခဲ့သည်။
ကုန်းဘောင်မင်းဆက်၏ ၅ ဆက်မြောက်မင်း ဖောင်းကားစား မောင်မောင်မှာ နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။