မာတိကာသို့ ခုန်သွားရန်

ပူ

ဝစ်ရှင်နရီ မှ

ပု ကိုလည်း ကြည့်ပါ။

အသံထွက်

[ပြင်ဆင်ရန်]

ပူ (pu)

  • proper noun
  • ပူ
  • ပူ(n)
  • archaic
  1. အဖုံးပါသည့် ထည့်စရာ ကျည်တောက်။
    ရွှေပူရွှေဖာ ရွှေသေတ္တာတို့၌ လုံခြုံစွာ သိုမှီးသိမ်းဆည်းအပ်သော၊ ဝိစိ၊ ပ။ ၂၆၉။

အရေအတွက်

[ပြင်ဆင်ရန်]
  • ခု

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ပူတာ,(n)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • cylindricl container with a lid.


ပူ (pu)

  • stative verb
  • ပူ
  • ပူ(v)
  • current
  1. စူသည်၊ ဖောင်းသည်။
    အစားကို မဆင်ခြင်၍ အဆီတက်လျှင် ဗိုက်ပူမည်။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • စူ,ဖောင်း,(all verbs)

ဆန့်ကျင်ဘက်စကားလုံးများ

[ပြင်ဆင်ရန်]
  • ပိန်,(v)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • bulge in the middle.


ပူ (pu)

  • causative verb
  • ပူ
  • ပူ(v)
  • current
  1. ထွင်းရာပေးသည်။ အတန်ငယ်နိမ့်ချိုင့်ဝင်အောင်ထွင်းဖောက်သည်။
    လွန်ပူဖြင့်ပူ၍အပေါက်ဖောက် ပြီးမှ၊ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ထွင်း,(v)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 5. drill; bore.

ပူ (pu)

  • causative verb
  • ပူ
  • ပူ(n)
  • current
  1. မပြတ်မလပ် နားငြီးအောင် ပြုသည်။
    ကလေးတစ်ညလုံးပူသည်။ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ဆူပူ,နားပူနားဆာလုပ်,(all verbs)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 4. (b) be restive.


ပူ (pu)

  • causative verb
  • ပူ
  • ပူ(v)
  • current
  1. ဘေးရန်အနှောင့်အယှက်ကြောင့် မငြိမ်းမအေးဖြစ်သည်။
    ကြွေးပူသည်။ အလုပ်ပူလို့ကူလှည့်ပါ။ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ထူ,(v)

ဆန့်ကျင်ဘက်စကားလုံးများ

[ပြင်ဆင်ရန်]
  • ငြိမ်း,အေး,(all verbs)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 4. (a) be pressing.


ပူ (pu)

  • causative verb
  • ပူ
  • ပူ,(v)
  • current
  1. မကြာမကြာ အနှောင့်အယှက်ပြုသည်။
    သူခိုးပူသည်။ မြွေပူရာကင်းမှောင့်၊ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ထ,သောင်းကျန်း,(all verbs)

ဆန့်ကျင်ဘက်စကားလုံးများ

[ပြင်ဆင်ရန်]
  • မရှိ,ကင်း,(all verbs)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 3. be plagued with; be in fested with.


ပူ (pu)

  • causative verb
  • ပူ
  • ပူ(v)
  • current
  1. ထပ်တလဲလဲ တိုက်တွန်းသည်။ ပူဆာသည်။
    မကြာခဏလာပူသည်။ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာ။ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • ပူဆာ, နားပူနားဆာလုပ်,(all verbs)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 2. pester; worry; nag.


ပူ (pu)

  • stative verb
  • ပူ
  • ပူ(v)
  • current
  1. စိုးရိမ်သည်။
    သူ့အတွက်ပူရသည်။ MED။ 259။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • စိတ်ပူ,စိုးရိမ်ကြောင့်ကြ,(all verbs)

ဆန့်ကျင်ဘက်စကားလုံးများ

[ပြင်ဆင်ရန်]
  • ငြိမ်း,အေး,အေးဆေး,(all verbs)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 1. be worried about; be anxious about.


နာမဝိသေသန

[ပြင်ဆင်ရန်]

ပူ (pu)

  • attributive adjective
  • ပူ
  • current
  1. စပ်၍အခိုးပြင်းသော။ နေ၊ မီးစသည်တွင်ရှိသောအရှိန်မျိုးရှိသော။ ထိုအရှိန်မျိုးထိတွေ့ခံစားရသော။
    ငရုတ်သီးပူသည်။ ဒီနေ့ရာသီဥတုအတော်ပူသည်။ MED။ 259၊

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • (ရာသီ)အိုက်,(ငရုတ်သီး)စပ်,(all adjectives)

ဆန့်ကျင်ဘက်စကားလုံးများ

[ပြင်ဆင်ရန်]
  • မစပ်,(adj)

ဆက်စပ်အသုံးများ

[ပြင်ဆင်ရန်]
  • အေး,(adj)

ဘာသာပြန်

[ပြင်ဆင်ရန်]
အင်္ဂလိပ်
[ပြင်ဆင်ရန်]
  • 1. hot; warm.

ကိုးကား

[ပြင်ဆင်ရန်]

အသံထွက်

[ပြင်ဆင်ရန်]
  • (file)

ပူ (pao)

  1. ဂျိုးငှက်

ဘာသာပြန်များ

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: dove

ပူ (pao)

  1. ကြိုး သို့မဟုတ် အဝတ်စကို ပေါင်းချည်သည်

ဘာသာပြန်များ

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: to bind cord or cloth round

ရင်းမြစ်

[ပြင်ဆင်ရန်]

ရှေးဦး-တိုင်း *pɯwᴬ (crab) မှ။ ထိုင်း ปู (bpuu), လာအို ປູ (), Tai Dam ꪜꪴ, ᦔᦴ (ṗuu), အာဟုမ် 𑜆𑜥 (), ကျွမ့် baeu တို့နှင့် ရင်းမြစ်တူ ဝေါဟာရ။

အသံထွက်

[ပြင်ဆင်ရန်]
  • IPA(key): /puː˨˦/
  • ကာရန်များ: -uː

ပူ (puu1)

  1. ဂဏန်းကောင်

ဘာသာပြန်များ

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: crab