စို့
ပုံပန်းသွင်ပြင်
ဗမာ
[ပြင်ဆင်ရန်]အသံထွက်
[ပြင်ဆင်ရန်]- IPA(key): /so̰/
- ရောမအက္ခရာဖလှယ်ခြင်း: MLCTS: cui. • ALA-LC: cui′ • BGN/PCGN: so. • Okell: soú
ရင်းမြစ် ၁
[ပြင်ဆင်ရန်]ကြိယာ
[ပြင်ဆင်ရန်]စို့ (cui.)
- မျက်ရည်၊ချွေး၊အနည်းငယ်ထွက်စပြုသည်။
- မျည်ရည်စို့သည်။ချွေးစို့သည်။
- စိမ့်သည်။ယိုသည်။
- သွေးစို့သည်။
ကြောင်းတူသံကွဲများ
[ပြင်ဆင်ရန်]- ထွက်၊ ယို၊ စိမ့်၊ ယိုစိမ့်၊ စိမ့်ထွက်။
ရင်းမြစ် ၂
[ပြင်ဆင်ရန်]ကြိယာ
[ပြင်ဆင်ရန်]စို့ (cui.)
- နို့ရည်ကိုခံတွင်းဖြင့်စုပ်ယူသည်။
- နို့စို့သည်။
ကြောင်းတူသံကွဲများ
[ပြင်ဆင်ရန်]- (နို့)သောက်စို့,စုပ်,ဆွဲ။ (all verbs)
ရင်းမြစ် ၃
[ပြင်ဆင်ရန်]ကြိယာ
[ပြင်ဆင်ရန်]စို့ (cui.)
- ပိုမိုစွန်ထွက်သည်။
- နှစ်ရာစို့သည်။နှစ်ရာကစို့၊လေးကျိပ်မို့လျက်၊နို့အထိန်းအား။ကုသ-၈၀။
ကြောင်းတူသံကွဲများ
[ပြင်ဆင်ရန်]- စွန်,စွန်း,ပို,ပိုမို,ပိုထွက်,လွန်,ပိုလွန်။(all verbs)
ရင်းမြစ် ၄
[ပြင်ဆင်ရန်]နာမ်
[ပြင်ဆင်ရန်]စို့ (cui.)
- ပေါ်ထွက်ပေါက်သစ်စဖြစ်သောအညွန့်အညှောက်။
- ဖွံ့ဖွံ့ပျို့ပျို့၊ ရွှေစို့အညှောက်၊ရွှေတောင်ပေါက်သို့၊ဆု*၁၆၃။
- အနောက်ဘက်တွင်ပေါ်ပေါက်သောသက်တံ။စို့တံကိုင်း။
- သက်တင်စို့လား၊နဖူးဖျားဝယ်၊ရွှေပြားသင်းကျစ်။ဘူပေါင်း*၇၆
ရင်းမြစ် ၅
[ပြင်ဆင်ရန်]နာမ်
[ပြင်ဆင်ရန်]စို့ (cui.)
- သတ္တုဖြတ်ရာ၊ကျောက်ဆစ်ရာတွင်သုံးသည့်ဆောက်တစ်မျိုး။
- ဒိုင်ခွက်ကြီးကို...တစ်ပတ်သားလောက်စို့နှင့်ဖြတ်၍။စကားစည်း၊ပ-၆၇
- သစ်သားစသည်နှစ်ခုစပ်ရာတွင်ရိုက်သွင်းသည့်အချောင်းအတံ။
- နံဘေးမှရိုက်သွင်းသောအချွန်ကိုစို့ဟူ၍လည်းကောင်း။ဂျင်နီ၊၁၃၇
ရင်းမြစ် ၆
[ပြင်ဆင်ရန်]နာမ်
[ပြင်ဆင်ရန်]စို့ (cui.)
- ဂျင်ပေါက်ကစားရာတွင်ဂျင်ကိုကြိုးဖြင့်ရစ်ပတ်မြှောက်ယူ၍ ဂျန်လက်ဖြင့်ဖမ်းကိုင်စဉ်အော်ဆိုသောစကား။
- ကျော်ကျော်သည် ဂျင်ကိုလက်နှစ်ဖက်ဖြင့်ဖမ်းရင်း ပါးစပ်မှစို့ဟု အော်လိုက်သည်။
ဝိဘတ်
[ပြင်ဆင်ရန်]စို့ (cui.)
- ညှိနှိုင်းခြင်းအနက်ဖြင့် ထောက်ပံ့သောစကားလုံး။
- ကျော်ကျော်သည်ဂျင်ကိုလက်နှစ်ဖက်ဖြင့်ဖမ်းရင်းပါးစပ်မှစို့ဟုအော် လိုက်သည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (မြန်မာစာအဖွဲ့၊ ၂၀၀၃ ခုနှစ်) ရှိ “စို့”။ dmnl.moe.edu.mm တွင် ရှာဖွေနိုင်ပါသည်။