အတ္တရံတံတား
ပုံပန်းသွင်ပြင်
အတ္တရံတံတား | |
---|---|
ကိုဩဒိနိတ် | 16°28′25″N 97°40′16″E / 16.473613°N 97.67113°Eကိုဩဒိနိတ်: 16°28′25″N 97°40′16″E / 16.473613°N 97.67113°E |
သယ်ဆောင်မှု | နှစ်လမ်းသွား၊ လူသွားလမ်းနှစ်လမ်းပါ |
ဖြတ်သန်းမှု | အတ္တရံမြစ် |
တည်နေရာ | မော်လမြိုင်မြို့နှင့် Zartapyin |
အမည် | အတ္တရံတံတား |
ပြုပြင်ထိန်းသိမ်းသူ | ပို့ဆောင်ရေးဝန်ကြီးဌာန |
အချက်အလက်များ | |
တံတားဒီဇိုင်း | သံမဏိကြိုးတံတား(ပန်ကာဒီဇိုင်း) |
စုစုပေါင်းအရှည် | ၁,၄၂၀ ft (၄၃၀ m) |
အကျယ် | ကားလမ်း ၂ ခု၊ လူသွားလမ်း ၂ ခု |
အကျယ်ဆုံး တံတားအခန်း | ၅၉၀ ft (၁၈၀ m) |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၁၉၉၅ |
လုပ်ငန်းပြီးဆုံးချိန် | ၁၉၉၈ |
ဖွင့်လှစ်သည့်နေ့ | ၁၉၉၈ မတ်လ |
စာရင်းအင်း | |
နေ့စဉ်ယာဉ်အသုံးပြုမှု | unknown |
အတ္တရံတံတားသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် တည်ရှိသော တံတားတစ်စင်းဖြစ်သည်။ ကွန်ကရစ်ထောက်တိုင်များဖြင့် မထားကာ သံမဏိဆိုင်းကြိုးများဖြင့် ဆိုင်းထားသော တံတားတစ်စင်း ဖြစ်သည်။ တံတားသည် ၁၄၂၀ ပေရှည်လျားပြီး ၂၄ ပေကျယ်ကာ သတင်းထုတ်ပြန်ချက်များအရ ၅၈၀.၆ မီလီယံကျပ်ငွေ ကုန်ကျသည်။[၁] ထိုတံတားကို မွန်ပြည်နယ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦစီမံကိန်းများထဲမှ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁][၂]
တံတားကို ၁၉၉၈ မတ်လတွင် ၅၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဖွင့်လှစ်ပေးခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ New Light of Myanmar Archived October 6, 2008, at the Wayback Machine.
- ↑ Myanmargeneva Archived July 27, 2011, at the Wayback Machine.
ဤ မြန်မာနိုင်ငံရှိ တံတားများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |