မင်းရာဇာကြီး
မင်းရာဇာကြီး သတိုးဓမ္မရာဇာ ဆောလိမ်သျှာ | |||||
---|---|---|---|---|---|
ရခိုင်ဘုရင် | |||||
နန်းသက် | ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ | ||||
ရှေ့မင်းဆက် | မင်းဖလောင်း | ||||
ဆက်ခံသူ | မင်းခမောင်း | ||||
ဝန်ကြီးချုပ် | မဟာပညာကျော် | ||||
မွေးဖွား | ၁၆ စတင်ဘာ ၁၅၅၇ (တနင်္လာနေ့ဖွား)[note ၁] စစ်တံတင် | ||||
ကွယ်လွန် | ၄ ဇူလိုင် ၁၆၁၂ (အသက် ၅၄) မြန်မာသက္ကရာဇ် ၉၇၄၊ ဝါဆိုလဆန်း ၈ ရက် (ဗုဒ္ဓဟူးနေ့)[၁] မြောက်ဦးမြို့ | ||||
ကြင်ရာတော် | ဝိဇလ (မိဖုရားခေါင်) နှင့် မိဖုရားကြီး ၈ ဦး မိဖုရားငယ် ၁၁ ဦး[၁] | ||||
သားသမီးများ | မင်းခမောင်း အပါအဝင် သားသမီးတော် ၁၅ ဦးကျော်[၁] | ||||
| |||||
ခမည်းတော် | မင်းဖလောင်း | ||||
မယ်တော် | စောမိတော် | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မင်းရာဇာကြီး (ရခိုင် အသံထွက်: [máɴ ɹàzà ɡɹí]; (၁၅၅၇–၁၆၁၂)) သည် ဆောလိမ်သျှာ (Salim Shah) ဟုလည်း သိကြခဲ့သော မြောက်ဦးနေပြည်တော်ကို ၁၅၉၃ ခုနှစ်မှ ၁၆၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်ပါသည်။ သူ၏ အစောပိုင်း ဘုရင်ဘဝမှာ အဆိုပါနေပြည်တော်၏ ဆက်လက်တိုးတက်လာမှုကို အပ်စိုးခဲ့ပြီး ၁၅၉၉ ခုနှစ်တွင် ရခိုင်ပြည်၏အဆိုးဆုံးပြိုင်ဘက် တောင်ငူမင်းဆက်အား အနိုင်ရရှိခြင်းနှင့် ခရိုင်ပြည်မြင့်မြတ်လာပြီးနောက် ၁၆၀၃ခုနှစ်အထိ ရွှန်တာဘန်တော (Sundarbans) မှ မုတ္တမပင်လယ်ကွေ့အထိ ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းတစ်လျှောက်လုံး ထိန်းချုပ်နိုင်ခဲ့သည်။[၂][၃] သို့သော် ဘုရင်ဘဝနောက်ပိုင်းမှာ ပေါ်တူဂီစစ်သားများ၏ ပုန်ကန်မှုကြောင့် ၁၆၀၃ ခုနှစ်တွင် အောက်မြန်မာပြည်ကမ်းရိုးတန်းနှင့် ၁၆၀၉ ခုနှစ်တွင် ဘင်္ဂလားကမ်းရိုးတန်း နှစ်နေရာ၏ အစိတ်အပိုင်းအများအပြားကို ဆုံးရှုံးခဲ့ရသည်။ ဤပုန်ကန်မှုများကိုရပ်ဆိုင်းရန် ကျိုးစားလျက် ၁၆၁၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။[၄]
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]မင်းရာဇာကြီးကို ၁၅၅၇ ခုနှစ် စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့တွင် အဖမင်းဖလောင်း နှင့် အမိစောမိတော်တိုမှ မွေးဖွားခဲ့သည်။ မိဘများမှာ ဘုရင်မင်းဗာကြီး၏ သားသမီးများဖြစ်ကြပြီး ဝမ်းကွဲမောင်နှမ တော်စပ်သည်။ မင်းရာဇာကြီးအား ဖခင်မင်းဖလောင်းမြို့စား အဖြစ် ၁၅၅၀ ဆယ်စုနှစ်မှ ၁၅၇၂ အထိ အုပ်ချုပ်ခဲ့သော စစ်တံတင်မြို့ တွင် မွေးဖွားခဲ့ခြင်းဖြစ်သည် ဟုယူဆကြသည်။[note ၂] ၁၅၇၂ ခုနှစ်တွင် မင်းဖလောင်းသည် ဘုရင် မင်းစကြာကွယ်လွန်ပြီးနောက် ထီးနန်းကို ဆက်ခံခဲ့ပြီး သားတော်အကြီးဆုံး ဖြစ်သူ မင်းရာဇာကြီးအား သတိုးဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့သည်။ ထိုအချိန်တွင် မင်းရာဇာကြီးသည် မင်းစကြာ၏ သမီးတော် နန်းထက်ဖွား မင်းသမီးအား လက်ထပ်ခဲ့သည်။[၅]
အိမ်ရှေ့စံ
[ပြင်ဆင်ရန်]ရာဇာကြီးသည် ခမည်းတော်ထီးနန်း ၂၁ နှစ်ကြာအုပ်ချုပ်သည့်ကာလအတွင်း ဖခင်ကို သစ္စာရှိရှိ အမှုထမ်းခဲ့သည်။ ဤကာလအတွင်း ရခိုင်သမိုင်းကျမ်းများတွင် အထင်ရှားဆုံးမှတ်တမ်းတင်ထားသော လုပ်ရန်ခဲ့မှုမှာ ၁၅၇၅ ခုနှစ်တွင် တြိပူရသို့ သိမ်းပိုက်ရန် လက်နက်ကိုင်ကောင်းများဖြင့် ရေတပ်နှင့် ကုန်းတပ်များကို အောင်မြင်စွာ ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ပေါ်တူဂီကြေးစားများနှင့် သေနတ်များကို အသုံးပြု၍ ရခိုင်တပ်များ တြိပူရီမြို့တော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တြိပူရနိုင်ငံက ရခိုင်ပြည်သို့ ဂုဏ်ပြုရန် သဘောတူခဲ့ပါသည်။[၆][၇] သို့သော်လည်း မင်းဖလောင်းဘုရင်ဘဝနောက်ပိုင်မှာ ရခိုင်တပ်တော်ဦးစီးချုပ်ဖြစ်သော သားလတ်သတိုမင်းဆောကို ပိုမိုအားကိုးအားကိုးလာခဲ့ပြီး သတိုမင်းဆောကို ဘင်္ဂလားဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ စစ်တကောင်းမြို့သို အခြေစိုက်ပြောင်ပြီး သတိုမင်းဆောသည် ထီးနန်းဆက်ခံရန် ရာဇာကြီး၏ အဓိကပြိုင်ဘက် ဖြစ်လာခဲ့သည်။[၈]
ဘုရင်ဘဝ
[ပြင်ဆင်ရန်]စုစည်းမှု
[ပြင်ဆင်ရန်]မင်းရာဇာကြီး သည် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ အထိ မြောက်ဦးနေပြည်တော်ကို အုပ်ချုပ်ခဲ့သည်။ မင်းရာဇာကြီ လက်ထက် တွင် မြောက်ဦးနေပြည်တော်သည် စီးပွားရေး နိုင်ငံရေး စစ်ရေး ကောင်းမွန်ခဲ့သည်။ ၁၅၉၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မင်းဖလောင် ကွယ်လွန်ခဲ့ပြီးနောက် ရာဇာကြီးသည် အတိုက်အခံမရှိဘဲ ထီးနန်းဆက်ခံခဲ့သည်။ အသက် ၃၅ နှစ်ရှိ ဘုရင်သစ်သည် သူ့၏အဘိုး ၁၅၀၂ – ၁၅၁၃အပ်ချုပ်ခဲ့သော မင်းရာဇာ ကို ဂုဏ်ပြုရန် ရာဇာ ဘွဲ့အမည်ကို ခံယူပြီး ဘင်္ဂလားစူလတန်အဖြစ် ဆောလိမ်သျှာ (Salim Shah) ပါရှန်ဘွဲ့ကို ရယူခဲ့သည်။ သတိုမင်းဆောအပါအဝင် တိုင်းသူပြည်သားအားလုံး နန်းတွင်းသို့လာရောက်၍ ဘုရင်သစ်အား သစ္စာဆိုခံယူကြခဲ့သည်။ မင်းရာဇာကြီးလည်း ညီတော် သတိုမင်းဆောအား ဘင်္ဂလားမင်းအဖြစ် စစ်တကောင်း၊ နိုအာခါလီ (noakhali) နှင့် တြိပူရအပါဝင် မြောက်ပိုင်းနယ်မြေများအပ်ချုပ်ရန် ပြန်လည်ခန့်အပ်ခဲ့သည်။[၇]
ညီအစ်ကိုတော်များကြား ငြိမ်းချမ်းရေးက ကြာရှည်မတည်မြဲခဲ့ပါ။ ၁၅၉၅ ခုနှစ်တွင် စစ်တကောင်းမြို့မှ တြိပူရအပါဝင် မြောက်ပိုင်းဒေသ အကြီးအကဲများတို့ပံပိုးမှုနှင့် သတိုမင်းဆောသည် ပုန်ကန်ခဲ့သည်။ သို့သော် တိုင်းပြည်အများစုနှင့် ပေါ်တူဂီကြေးစားစစ်သားအများစုသည် ရာဇာကြီးကို သစ္စာစောင့်သိကြသည်။ ၁၅၃၀ ခုနှစ်ကအစ ရခိုင်ပြည်၏ အင်အားကြီးမားသော တပ်မတော်၏ အဓိကအစိတ်အပိုင်းမှာ ဤပေါ်တူဂီကြေးစားစစ်သားများနှင့် ၎င်းတို့၏ သေနတ်များဖြစ်ခဲ့သည်။ မိုးရာသီကုန်ပြီးနောက် စစ်တကောင်းသို့ အင်အားကြီးမားသော တပ်ရင်းများဖြင့် ချီတက်လာသောအခါ သတိုမင်းဆော သတ္တိပျောက်၍ တိုက်ပွဲမစခင် အရှုံးပေးခဲ့သည်။ ၁၅၉၆ ခုနှစ် ဖေဖော်ဝါရီလ မြန်မာသက္ကရာဇ် ၉၅၇ တပို့တွဲလမှာ ရာဇာကြီး၏တပ်ရင်းများသည် မြောက်ပိုင်းဒေသများကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။[၉]
တောင်ငူအား အောင်နိုင်ရခြင်း
[ပြင်ဆင်ရန်]မြောက်ပိုင်းဒေသကို ပြန်ထိန်းချုပ်ပြီးနောက် ရာဇာကြီးသည် အနောက်မြောက်ဘက်ရှိ ရွှန်တာဘန်တော မှ တောင်ဘက်ရှိ မော်တင်စွန်းအငူအထိ သာယာကြီးမား အင်အားကြီးသောနိုင်ငံတစ်ခု၏ အငြင်းပွားဖွယ်မရှိနိုင်သည့် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၅၉၇ခုနှစ်မှာ ၁၅၄၅ နှင့် ၁၅၈၀ခုနှစ်များမှာ ရခိုင်ပြည်ကို ကျူးကျော်ရန်ကျိုးစားထားသည့် အဆိုးဆုံးပြိုင်ဘက် တောင်ငူနိုင်ငံတော်ကြီးအား ပြိုကျရန်နည်းနေဆဲဖြစ်သောကြောင့် ရခိုင်နိုင်ငံတော်၏ သြဇာအာဏာ သိသိသာသာ တိုးတက်လာခဲ့သည်။ တောင်ငူမင်း နန္ဒဘုရင်သည် ပဲခူးမြို့နှင့် အောက်မြန်မာပြည်၏ အချို့ပိုင်းဒေသများသာ ချုပ်ကိုင်လျက်ရှိ၍ မင်းဆက်တို့ဇာတိဖြစ် တောင်ငူမြို့အပါအဝင် သခြားဒေသများစွာ ပုန်ကန်မှုများနှင့် ရင်ဆိုင်ခဲ့နေရသည်။[၁၀]
၎င်းအားနည်းချက်ကို သိမြင်သဖြင့် ၁၅၉၇ ခုနှစ်မှာ တောင်ငူမြို့စား မင်းရဲသီဟသူနှင့် မင်းရာဇာကြီး မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့သည်။ တောင်ငူနိုင်ငံတော်ကြီး၏ ကျန်ရှိနေသလောက် အားလုံးကို ပူးပေါင်းတိုက်ခိုက်ရန် သဘောတူခဲ့ကြသည်။[၁၁] ဤတို့တူညီချက်များသည် ၁၅၅၀ ခုနှစ်များကတည်းက ပြည်မကြီးအရေးကို ဂရုတစိုက်ဝင်မရောက်စွက်ရန် ရှေးယခင် ရခိုင်ဘုရင်များ၏မူဝါဒနှင့် ထွက်ခွာသွားခြင်း ဖြစ်သည်။ မြောက်ဘက် ဂင်္ဂါမြစ်ဝကျွန်းပေါ်နှင့် တြိပူရတို့မှ တောင်ဘက် သံတွဲမြို့အထိ စစ်မှုထမ်းရန် ကြီးမားစည်းရုံးလှုံ့ဆော်ရန်ဟု ညွှန်ကြားခဲ့သည်။ ၁၅၉၈ ခုနှစ် နှောင်းပိုင်းလများတွင် မင်းရာဇာကြီး ကြီးမားသော ကုန်တပ်ရင်များ၊ ရေတပ်ရင်းများ၊ တောင်ငူမြို့စား၏စစ်တပ် အားလုံးပေါင်းစပ်အင်အားမှာ တပ်ဖွဲ့ဝင် ၃၀၀၀၀ ခန့် စုစည်းနိုင်ခဲ့သည်။[note ၃]
၁၅၉၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ (မြန်မာသက္ကရာဇ် ၉၆၀ တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့ အင်္ဂါနေ့) မှာ မြောက်ဦးမြို့မှ ဤစစ်တပ်ရင်းများ ထွက်ခွာသွားပါသည်။ မင်းရာဇာကြီးသည် ကုန်တပ်များကိုး ဦးဆောင်၍ သူ့သားတော်ကြီး မင်းခမောင်းကို စစ်လှေအစီး ၃၀၀ ခန့်ရှိသော ရေတပ်ရင်းကို ဦဆောင်းရန်ပေးအပ်ခဲ့သည်။[၁၁] မင်းခမောင်းလက်အောက်မှာ ပေါ်တူဂီကြေးစားများအား ငဇင်ကာ ခေါ် ဒီဘရီတို (Filipe de Brito e Nicote) ဦးဆောင်လျက်ပေးအပ်ခဲ့သည်။[၄] သံတွဲရောက်တော့ ကျူးကျော်တပ်ရင်းများတွေ ကွဲခွာ၍ထွက်ခဲ့သည်။ ကုန်းတပ်တော်သည် ပဲခူးမြို့သို့ ရခိုင်ရိုးမကို ဖြတ်ကူးစဉ် ရေတပ်တော်သည် မော်တင်စွန်းအငူကို ပတ်သွား၍ သံလျင်မြို့သို့ ၁၅၉၉ခုနှစ် မတ်လ မြန်မာသက္ကရာဇ် ၉၆၀ တပေါင်းလဆန်း ၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။ ရခိုင်တွေ သံလျင်မြို့ကို အပ်ချုပ်ရန်အချို့ထားခဲ့လိုက်ပြီး ရေတပ်တော် ပဲခူးမြို့သို့ ဆက်လက်ရွေ့ခွားသွားသည်။ ပေါင်းစပ်ထားသော တပ်ရင်များအား ဧပြီလမှစပြီး ဒီဇင်ဘာလအထိ ပဲခူးမြို့ကို ဝိုင်းထားတိုက်ခိုက်ပြီး နန္ဒဘုရင်သည် နောက်ဆုံးမှာ အရှုံးပေးလိုက်ရသည်။[၁၂]
မြို့တော်ကြီးကို သိမ်းပိုက်ပြီး လွန်ခဲ့သည့် နှစ် ၆၀ ကျော်က စုဆောင်းထားသော တေင်ငူနိုင်ငံတော်ကြီးမြို့တော်၏ ကြီးမားလှပသော စည်းစိမ်ဥစ္စာများကို အောင်နိုင်သူများ ပိုင်းခြားခွဲခဲ့သည်။ ရွှေ၊ ငွေ နှင့် အဖိုးတန်ကျောက်မြတ်များကို အညီအမျှ ပိုင်းခြားထား၍ ရခိုင်ပြည်ဝေစုတွင် ကြေးဝါအမြောက်များစွာ၊ ခမာကြေးရုပ်ထု ၃၀ နှင့် ဆင်ဖြူတော် ၁ကောင် ပါ၀င်သည်။[၁၃][၁၄] မင်းရာဇာကြီးသည် နန္ဒဘုရင်၏သမီးတော် ခင်မနှောင်းကို မိဖုရားအဖြစ်လဲ ယူခဲ့သည်။[၁၅] ပုန်ကန်ခဲ့သော တောင်ငူမြို့စား၏တပ်ရင်းများ ၁၆၀၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ တောင်ငူမြို့သို့ စည်းစိန်းဥစ္စာအဝေစုနှင့် ပြန်ခဲ့ပြီး ရခိုင်ပြည်ကို ပဲခူးမြို့တော် ထိန်းချုပ်ရန် ပေးအပ်ခဲ့သည်။[၁၆]
ရခိုင်တပ်တွေ ပဲခူးမှာ နောက်ထပ် တစ်လလောက်နေခဲ့တယ်။ မြန်မာပြည်အောက်ပိုင်းအားလုံးကို ထိန်းချုပ်ရန် လူအင်အားမရှိသော်လည်း မင်းရာဇာကြီးသည် အချိန်အတော်ကြာအောင် မြန်မာပြည် အားနည်းနေအောင် သေချာလုပ်ကြံချင်ခဲ့သောကြောင့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန်၊ အောက်မြန်မာပြည်ရှိ လူအင်အားကို တတ်နိုင်သမျှ လျှော့ချရန်၊ အောက်မြန်မာပြည်၏ အဓိကကျသော ဆိပ်ကမ်းများကို ထိန်းသိမ်းထားရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်သို့ အိမ်ထောင်စု ၃၀၀၀ ခန့်ပြန်ခေါ်သွားပြီး ဘုရင့်နောင်၏ကမ္ဘောဇသာဒီနန်းတော်အပါအဝင် ပဲခူးမြို့ကြီးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ပြီးနောက် ဆိပ်ကမ်းမြို့စောင့်တပ်ဖြင့် ထိန်းချုပ်ရန် မင်းရာဇာကြီးသည် တပ်ရင်များကို သံလျင်သို့ ပြောင်းရွှေ့ခဲ့သည်။[၁၃]
ယိုးဒယားကျူးကျော်မှု
[ပြင်ဆင်ရန်]မတ်လတွင် သံလျင်မြို့ရှိ ရခိုင်တပ်များ၏ အများပိုင်း နေရပ်ဇာတိသို့ ပြန်ခါနီးအချိန်မှာ ဘုရင်နရဲစွမ် ဦးဆောင်သော ယိုးဒယားတပ်များ ပဲခူးမြို့သို့ ရောက်ရှိလာပြီး မြို့ကို လုယက် မီးရှို့ခံရခဲ့ပြီးခြင်း တွေ့ရှိရသည်။ ၁၆၀၀ ခုနှစ် ဧပြီလတွင် တောင်ငူမြို့ကို မြန်မြန်ဝိုင်းထားရန် ဆက်လက်တပ်ကြွခဲ့သည်။ တောင်ငူမြို့၏ မဟာမိတ်အဖြစ် ရာဇာကြီးသည် သူ၏တပ်များကို ကုန်းကြောင်းရေကြောင်းနှစ်မျိုးဖြင့် ယိုးဒယားထောက်ပံ့ရေးလမ်းကြောင်းများအား တိုက်ခိုက်ရန် ထောက်ပံ့ရေးသင်္ဘောများကို ကြားဖြတ်တားဆီးခဲ့ရန် အမိန့်ပေးခဲ့သည်။ ၁၆၀၀ ခုနှစ် မေလ ၆ ရက်နေ့မှာ နရဲစွမ်မင်း အလောတကြီး ပြန်လည်ဆု်ခွားသည့်အခါမှာ ရခိုင်တပ်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ယိုဒယားတပ်ရင်းများ အကြီးအကျယ် ကျရှုံးခဲ့သည်။ နောက်ဆုံးမှာ နရဲစွမ်၏စစ်သည်အနည်းငယ်မျှသာ မုတ္တမသို့ ရောက်ရှိပြေခွာနိုင်ခဲ့သည်။[၁၃][၁၇] ဤကျုးကျော်မှုသည် အယုဒ္ဓယနိုင်ငံ၏ မြန်မာပြည်ကို နောက်ဆုံးကျူးကျော်မှုဖြစ်လာခဲ့သည်။
သံလျင်မြို့မှာ မင်းရာဇာကြီးက ရခိုင်ရေတပ်ရှိ ပေါ်တူဂီကြေးစားစစ်သားများ၏ ခေါင်းဆောင် ငဇင်ကာ အား မြို့စောင့်တပ် ဦးဆောင်ရန် တာဝန်ပေးအပ်ပြီး မြောက်ဦးသို့ပြန်လာရန် ပင်လယ်ဖြင့် တပ်ကြွခဲ့သည်။[၁၃] ဘုရင်မင်းကြီး၏ ယုံကြည်စိတ်ချရသော ဝန်ကြီးချုပ် မဟာပညာကျော် မြောက်ဦးသို့အပြန်ခရီးတွင် ကွယ်လွန်သွားသဖြင့် မော်တင်စွန်းစေတီတော်မှာ မီးသဂြိုလ်မြေမြှုပ်ခဲ့သည်။ ပဲခူးမှ ယူဆောင်လာသည့် အိမ်ထောင်စု ၃၀၀၀ တို့အား ဦးရစ်တောင်နှင့် မယူမြစ်ကမ်းတလျှောက်နှင့် သံတွဲမြို့မှာ အခြေချနေထိုင်ခဲ့ကြသည်။[၄]
မြောက်ဦးနိုင်ငံတော်ကြီးမာလာခြင်းနှင့် ပေါ်တူဂီတို့ပုန်ကန်မှုများ
[ပြင်ဆင်ရန်]၁၆၀၀ နှင့် ၁၆၀၃ ခုနှစ်အတွင်း အင်အားကြီးမားသောရေတပ်သုံးပြ၍ အနောက်ဘင်္ဂလားရှိ ရွှေးတာဘန်တောမှ အရှေ့ကပ္ပလီပင်လယ်အော်ရှိ မတ္တမပင်လယ်ကွေ့အထိ ဘင်္ဂလားပင်လယ်အော်ကြီး၏ မိုင် ၁၀၀၀ (ကီလိုမီတာ ၁၆၀၀) ကျော်အကွာအဝေး မြောက်ဦးနိုင်ငံ ထိန်းချုပ်ခဲ့သည်။ သို့သော်လည်း ဤရေတပ်သည် ပေါ်တူဂီကြေးစားစစ်သားများနှင့် ၎င်းတို့၏သေနတ်များအား မှီခိုနေရခဲ့ပါသည်။
ကြေးစားစစ်သားများ၏ သစ္စာစောင့်သိမှုကို အမြဲသံသယရှိသော်လည်း မင်းရာဇာကြီးသည် သူထိန်းချုပ်ထားသော ကမ်းရိုးတန်းနိုင်ငံတော်ကို ချုပ်ကိုင်ထားရန် လိုအပ်လျက်ရှိသောကြောင့် ၁၅၀၀ခုနှစ် ဇွန်လ မှာ ငဇင်ကာ အား သံလျင်မြို့စားဟု ခန့်အပ်ခဲ့သည်။[၁၈] အပ်ခဲါသော်လည်းကောင်း ငဇင်ကာသည် ၁၆၀၃ ခုနှစ် မတ်လတွင် ဂေါအာပြည်နယ်၏ ပေါ်တူဂီဘုရင်ခံ ပံ့ပိုးမှုဖြင့် ပုန်ကန်ခဲ့သည်။[note ၄]
၁၆၀၃ ခုနှစ်နောက်ပိုင်းတွင် အိမ်ရှေ့မင်းသား ခမောင်း ဦးဆောင်သောရေတပ်ကို မင်းရာဇာကြီး သံလျင်သို့ တပ်ကြွစေလွှတ်ခဲ့သော်လည်း ရေတပ်ကို ဟိုင်းကြီးကျွန်းအနည်းမှာ စောင့်နေသော ပေါ်တူဂီသင်္ဘော ၄ စင်းများဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခံရသည်။ မင်းသားခမောင်း ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတယ်။ မင်းရာဇာကြီး ကိုယ်တိုင်နောက်ထပ် လှေ ၃၀၀ ပြည့်ရေတပ်နှင့် တောင်ငူတပ်များနှင့်ပူးပေါင်း၍ သံလျင်မြို့ကို ဝိုင်းထားလာသည်။ သို့သော်လည်း သံလျင်မြို့၏ ကာကွယ်ရေးတိုက်များကို အနိုင်မရနိုင်ဆဲဖြစ်သည်။ နောက်ဆွေးနွေးချက်များအလိုက် မင်းရာဇာကြီး သံလျင်မြို့အား ပေါ်တူဂီကိုလိုနီဖြစ်ကြောင်း လက်ခံပြီး ဖမ်းဆီးထားသောမင်းသားကို ပြန်ရွေးဒဏ်ငွေ ဒူကတ် (ducat) ရွှေပြား ၅၀ ၀၀၀ ပေးရန် သဘောတူခဲ့သည်။[၁၉][၂၀]
ဤအနှောင့်အယှက်ပြီးနောက် မင်းရာဇာကြီး ဘုရင်မင်းမြတါလက်အောက်မှာ အခြားပေါ်ပေါ်တူဂီစစ်သည်များတို့၏ သစ္စာစောင့်သိမှုကို ကြောက်ရွံ့လာခဲ့သည်။ ငဇင်ကာ စစ်တကောင်းမြို့နယ်ဘက်အနည်းအနားရှိ ပေါ်တူဂီလူမျိုးများသော ဒိုင်ယာငါ (Dianga) ကျွန်းကို သိမ်းပိုက်မည် စိုရိမ်သဖြင်း ဤကျွန်းမှာပေါ်တူဂီအခြေချနေထိုင်သူ ၆၀၀ ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့သည်။ ပေါ်တူဂီလူမျိုး အနည်းငယ်သာ ပြေးထွက်လွတ်ခဲ့သည်။ ၁၆၀၈ ခုနှစ်တွင် ဘုရင်မင်းကြီး ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီအား ကုန်သွယ်ကူးခွင့်ပေးခြင်းနှင့် ခံတပ်တိုက်များတည်ဆောက်ခွင်းပေးရန် ပေါ်တူဂီတွေမောင်းထုတ်ရန် အကူအညီ ကမ်းလှမ်းချက်တင်ပြခဲ့သော်လည်း အခြားနေရာများတွင် ကတိကဝတ်များနေသောကြောင့် ဒတ်ခ်ျတို့က လက်မခံခဲ့ပေ။ ၁၆၀၉ ခုနှစ်တွင် သံဝစ် (Sandwip) ကျွန်းကို သိမ်းပိုက်ရန် ဒိုင်ယာငါကျွန်းမှလွတ်မြောက်လာသူတစ်ဦး ဆေဘက်သျှန် ဂွန်ဇာလက်စ် တီဘောင် (Sebastian Gonzales Tibao) ဦးဆောင်၍ ပေါ်တူဂီစစ်သည် ၄၀၀ ခန့် တိုက်ခိုက်လာသည်။ ဤကျွန်းမှာ နေတိုင်နေသည့် အာဖဂန်ပင်လယ်ဓားပြ အယောက် ၃၀၀၀ ကျော်ကို သတ်ပြီး သံဝစ်ကျွန်းကို သိမ်းပိုက်ခဲ့သည်။ ဗြဟ္မပုတ္တရနှင့် ဂင်္ဂါမြစ်တို့၏ ရေကြောင်းများကို ထိန်းချုပ်နိုင်သော မဟာဗျူဟာကျကုန်သွယ်ဆိပ်ကမ်းဖြစ်သဖြင့် သံဝစ်ရှုံးသွားခြင်းသည် ရခိုင်ပြည်အတွက် ကြီးမားသော နစ်နာမှု တစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် မင်းရာဇာကြီးနှင့်စကားများရန်ဖြစ်ပြီး ဘုရင့်ညီတော် စစ်တကောင်းမြို့စား ထွက်ပြေး၍ တီဘောင်နှင့်ပူးပေါင်းရန် သူ၏သမီးတော်ကို တီဘောင်နှင့် လက်ထပ်လိုက်သည်။ တီဘောင်က မင်းသမိးကို ချက်ချင်း ခရစ်ယာန်ဘာသာပြောင်းရန် ရေနှစ်ခြင်းပေးခဲ့သည်။[၄] ဒုက္ခသည်ဖြစ် မြို့စားအား မကြာခဏ ရုတ်တရက် သေဆုံးသွားခဲ့သည်။ အဆိပ်ကြောင့် သေဆုံးခဲ့ကြောင်းဖြစ်နိုင်သည်။ တီဘောင်ကသူ၏ ဘဏ္ဍာအားလုံးကို သိမ်းဆည်းခဲ့သည်။[၂၁]
မင်းရာဇာကြီး ဒေါသထွက်သော်လည်း ပို၍ပင် အရေးတကြီး ပြဿနာတစ်ခုပေါ်လာ၍ ရင်ဆိုင်နေရသည်။ မဂိုနိုင်ငံတော်ကြီး၏ ဘင်္ဂလားပြည်နယ်ဘုရင်ခံသည် ဂင်္ဂါမြစ်အဝမှ နိုအာခါလီမြို့ကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရလာသဖြင့် တီဘောင် နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့လိုက်ရသည်။ နောက်တန်းကိုလည်း လုံခြုံစေရန် ၁၆၀၉ ခုနှစ် ဒီဇင်ဘာလမှာ အနောက်ဖက်လွန်မင်း၏ နန်းတွင်းသို့ သံရုံးတစ်ခု စေလွှတ်ခဲ့သည်။[၂၂] ၁၆၁၀ ခုနှစ်မှာ မဂို လွန်ကျုးမှုများကို တိုက်ဖျက်ရန် ရေတပ်ကြွရန် အမိန့်ပေးအပ်ခဲ့သည်။ သံဝစ်ကျွန်းမှာ တီဘောင် မဟာမိတ်တူညီချက်ကို ပြောင်ပြောင်တင်းတင်း ဖြိုခွင်းခဲ့ပြီး "တိုင်ပင်ခံတွေ့ဆုံးနေဆဲ ရေတပ်ဗိုလ်များကို သတ်ပစ်ရန် ရိုးရိုးရှင်းရှင်း သင့်သင့်တော်တော်နည်းလမ်း" အဖြင့် ရေတပ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် တီဘောင်နှင့် သူအောက်စစ်သည်များ ရခိုင်ကမ်းရိုးတန်းတလျှောက်လုံးကို စတင်ဝင်ရောက်စီးနင်းပြီး လေးမြို့မြစ်ပေါ်တချက်တက်လာပြီး ဘုရင့်ရွှေနှင့်ဆင်စွယ်သင်္ဘောတော်ကိုလည်း လုယက်သယ်ဆောင်သွားကြသည်။[၄]
ဘာသာရေးအကျိုးများ
[ပြင်ဆင်ရန်]၁၅၉၆ သို့မဟုတ် ၁၆၀၆-၁၆၀၇ ခုနှစ်တွင် သီဟိုဠ်ကျွန်းမှ ပြန်လည်ပင့်လာတော်မှုသည့် ဗုဒ္ဓ၏ စွယ်တော်ဓာတ်တော်အား မြောက်ဦး၌ ပူဇော်ရန် နာမည်ရှိ အံတော်သိမ်အား မင်းရာဇာကြီး ချဲ့တိုး၍ပြန်ဆောက်ခဲ့သည်။[note ၅] ၁၆၀၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့နှာ မဟာမုနိစေတီတော်၌ သိမ်အသစ်လည်း ထပ်လှူခဲ့ပါသည်။[note ၆]
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]မင်းရာဇာကြီးသည် ပေါ်တူဂီများ ကျူးကျော်ခြင်းကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ၁၆၁၂ ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး အကြီးဆုံးသားဖြစ်သူ မင်းခမောင်းက ထီးနန်းဆက်ခံခဲ့သည်။[၁]
ကောင်းမှုများ
[ပြင်ဆင်ရန်]၁၅၉၆ခုနှစ်တွင် မင်းရာဇာကြီးက အံတော်သိမ် အား ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ သူ၏ နန်းတက်ရက်နှင့် ကွယ်လွန်ရက်ရှိ သူ၏အသက်ကို ဖော်ပြထားသော ရာဇဝင်ကျမ်းများအရ သူသည် ၇ ဇွန် ၁၅၅၇ နှင့် ၂၀ ဇွန် ၁၅၅၈ အကြားတွင် မွေးဖွားခဲ့သည်။ စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉။ စာ ၅၄၊ ၈၇ အရ သူသည် မြန်မာသက္ကရာဇ် ၉၅၅ ဝါဆိုလဆန်း ၆ ရက်၊ အသက် ၃၅ တွင် ထီးနန်းရခဲ့ပြီး အသက် ၅၄၊ မြန်မာသက္ကရာဇ် ၉၇၄ ဝါဆိုလန်း ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ထို့်ကြောင့် သူသည် မြန်မာသက္ကရာဇ် ၉၁၉၊ ဝါဆိုလဆန်း ၈ ရက် (၄ ဇွန် ၁၅၅၇) နောက်ပိုင်းနှင့် မြန်မာသက္ကရာဇ် ၉၂၀ ဝါဆိုလဆန်း ၆ ရက် (၂၁ ဇွန် ၁၅၅၈) အကြားတွင် မွေးဖွားခဲ့သည်။ တနင်္လာနေ့ဖွားဖြစ်သောကြောင့် ၇ ဇွန် ၁၅၅၇ မှ ၂၀ ဇွန် ၁၅၅၈ အကြား ဖြစ်သည်။
- ↑ ရခိုင်ရာဇဝင်သစ်ကျမ်း (စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၃၄-၃၅) တွင် ဖခင် မင်းဖလောင်းအား ဘုရင် မင်းဗာက စစ်တံတင် အား စားစေသည်ဟု ဆိုသည်။ မင်းဖလောင်းသည် ၁၅၇၂ ခုနှစ်အထိ စစ်တံတင်မြို့စား ဖြစ်ခဲ့သည်။
- ↑ (စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၇၇-၇၈)အရ စစ်သည်အင်အား ၃၀၀ ၀၀၀ ထက် ပိုများကြောင်းအယူရသည်။ သို့သော် (ဟာဗေး ၁၉၂၅၊ ၃၃၃-၃၃၆)အရ မြန်မာ့သမိုင်းကျမ်းစာများတွင် ဖော်ပြထားသော တပ်အင်အားအရေအတွက်သည် ပိုနည်းငယ်ခြင်းကို ပေါင်းထွက်၍ လျှော့ချသင့်ကြောင်း အယူရသည်။ နန္ဒဘုရင်လက်ထက်တွင် ပိုကြီးသော တောင်ငူနိုင်ငံတော်ကြီး ၁၅၈၆ခုနှစ် ယိုးဒယားကို ကျူးကျော်တိုက်ခိုက်ရန် စစ်သည် ၂၅ ၀၀၀ ခန့်သာ စုစည်းနိုင်သောကြောင့် အရှေ့ဘင်္ဂလားကို ထိန်းချုပ်ထားသော်လည်း ရခိုင်ကမ်းရိုးတန်းနိုင်ငံအတွက် ၃၀ ၀၀၀ ထက်ပိုမို စုစည်းနိုင်ရန်မဖြစ်ကြောင်းအယူရသည်။ ဘုရင့်နောင်မင်းကြီးတောင်စစ်သည် စစ်သည် ၂၅ ,၀၀၀ မှ ၃၇ ၀၀၀ ကြားသာ စုစည်းနိုင်၍ ယိုးဒယားစစ်ဆင်ရေး နှစ်ခုတွင် ၆၀ ၀၀၀ - ၇၀ ၀၀၀ ခန့်စုစည်းလေ့ရှိသည်။.
- ↑ ၁၆၀၃ ခုနှစ် မတ်လမှာ ဂေါအာပြည်ဘုရင်ခံက ငဇင်ကာအား သံလျင်မြို့ဝန်ဘွဲပေးပြီး ငဇင်ကာ ဂေါအာမြို့မှ ထွက်ခွာလာခဲ့သည်။ ထို့ကြောင့် မတ်လ သို့အဟုတ် ဧပြီလမှ သံလျင်သို့ပြန်ရောက်ခြင်း ယူဆနို်င်ရသည်။
- ↑ (Gutman ၂၀၀၁၊ ၁၁၂)အရ အံတော်ငိမ်အား သီဟိုဠ်ကျွန်းသို့သွားခဲ့သော ခရီးတော်မှ ပြန်လည်ရောက်ရှိသည့်အချိန်မှာ ပြန်ဆောက်ချဲ့ခဲ့သည်ဟု ရေးထားသည်။ သို့သော်လည်း (စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉: ၈၄)အရ သီဟိုဠ်ကျွန်းသို ခရီးတော် တစ်ခါသာ သွာခြင်းမှတ်တမ်းရှိ၍ ဤခရီး မြန်မာသက္ကရာဇ် ၉၆၈ ခုနှစ် တန်ဆောင်မုန်းလတါင် သီဟိုဠ်မှ ထွက်ခွာကြောင်းမှတ်တမ်းထားသောကြောင့် ၁၆၀၇ ခုနှစ်အတွင်းမှား တိုချဲ့ပြန်ဆောက်ခဲ့သည်ဟု အယူဆနိုင်ပါသည်။
- ↑ (စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၊ ၄၉)အရ ၉၃၉ ခုနှစ် သောတလင်းလဆုတ် ၁ ရက်နေ့ တနင်္ဂနွေနေ့ဟုရေးထားသဖြင့်း ဤရက်က ကြာသပတေးနေ့ဖြစ်ခဲ့သည်။ သောတလင်းလ လဆုတ် ၁၁ ရက်နေ့သာ တနင်္ဂနွေနေ့ဖြစ်သောကြောင့် စာရိုက်အမှားဖြစ်ရန်များသည်ဟု ယူဆရနိုင်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၈၇
- ↑ မြင့်ဦး ၂၀၀၆၊ ၇၇
- ↑ Topich, Leitich ၂၀၁၃၊ ၂၁
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ဟာဗေး ၁၉၂၅၊ ၁၄၁-၁၄၂
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ စာ ၄၈
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၄၉
- ↑ ၇.၀ ၇.၁ ဖယ်ယာ ၁၉၆၇၊ ၁၇၃
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၁-၅၂
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၇၆-၇၇
- ↑ ဟာဗေး ၁၉၂၅၊ ၁၈၁-၁၈၂
- ↑ ၁၁.၀ ၁၁.၁ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၇၇-၇၈
- ↑ မှန်နန်းရာဇဝင် အတွဲ ၃ ၂၀၀၃၊ ၁၀၁
- ↑ ၁၃.၀ ၁၃.၁ ၁၃.၂ ၁၃.၃ ဟာဗေး ၁၉၂၅၊ ၁၈၂-၁၈၃
- ↑ မောင်ထင်အောင် ၁၉၆၇၊ ၁၃၃-၁၃၄
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၈၀-၈၁
- ↑ မှန်နန်းရာဇဝင် အတွဲ ၃ ၂၀၀၃၊ ၁၀၃
- ↑ မောင်ထင်အောင် ၁၉၆၇။ ၁၃၄
- ↑ ဒေါက်တာသန်းထွန်း ၂၀၁၁၊ ၁၃၅
- ↑ မဟာရာဇဝင် အတွဲ ၃ ၂၀၀၆၊ ၁၀၇
- ↑ ဟာဗေး ၁၉၂၅၊ ၁၈၅
- ↑ Hall 1960: 4
- ↑ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၈၄
ကျမ်းပြုစာစုစာရင်း
[ပြင်ဆင်ရန်]- Gutman၊ Pamela (၂၀၀၁)။ Burma's Lost Kingdoms: Splendours of Arakan။ ဘန်ကောက်: Orchid Press။ ISBN 974-8304-98-1။
- Hall၊ D.G.E. (၁၉၆၀)။ The Rise and Fall of the Kingdom of Mrohaung in Arakan။
- ဟာဗေး၊ ဂျီအီး (၁၉၂၅)။ History of Burma: From the Earliest Times to 10 March 1824။ လန်ဒန်: Frank Cass & Co. Ltd။
- မောင်ထင်အောင် (၁၉၆၇)။ A History of Burma။ နယူးယောက် နှင့် လန်ဒန်: Cambridge University Press။
- မြင့်ဦး၊ သန့် (၂၀၀၆)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6။
- ဖယ်ယာ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆာအာသာ (၁၈၈၃)။ History of Burma (၁၉၆၇ ed.)။ လန်ဒန်: Susil Gupta။
- တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင် (မြန်မာဘာသာစကားဖြင့်)။ ၁-၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁–၂ (၁၉၉၇ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- ဒေါက်တာသန်းထွန်း (၂၀၁၁)။ "23. ငဇင်ကာ နှင့် သီဒါ"။ Myanmar History Briefs (မြန်မာဘာသာစကားဖြင့်)။ ရန်ကုန်: ကန့်ကော်မြိုင်။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Topich၊ William J.; Keith A. Leitich (၂၀၁၃)။ The History of Myanmar။ ABC-CLIO။ ISBN 9780313357244။
မင်းရာဇာကြီး မွေးဖွား ၁၅၅၇/၅၈ ကွယ်လွန် ၄ ဇူလိုင် ၁၆၁၂
| ||
Regnal titles | ||
---|---|---|
ယခင်က မင်းဖလောင်း |
မြောက်ဦးဘုရင် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ |
ဆက်ခံသူ မင်းခမောင်း |
ယခင်က မင်းစောလှ |
အိမ်ရှေ့မင်း ၇ ဖေဖော်ဝါရီ ၁၅၇၂ – ၄ ဇူလိုင် ၁၅၉၃ |
ဆက်ခံသူ မင်းခမောင်း |
ဤ မြန်မာမင်းမျိုးမင်းနွယ် အတ္ထုပ္ပတ္တိမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |