ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ် | |
---|---|
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
ပုဇွန်တောင်မြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°Eကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E | |
Country | မြန်မာ |
တိုင်း | ရန်ကုန် |
ခရိုင် | ဗိုလ်တထောင် |
စာပို့သင်္ကေတ | ၁၁၁၇၁ |
ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။
တည်နေရာ
[ပြင်ဆင်ရန်]ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို မဟာဗန္ဓုလတံတားဖြင့် ဆက်သွယ်ထားသည်။
ခေါ်တွင်ပုံ
[ပြင်ဆင်ရန်]ပုဇွန်တောင်ဟု အမည်ခေါ်တွင်ပုံမှာ မွန်ဘာသာ (ပသုန်ဒဵု - မဇုန်ဒေး) = ကုန်းငါးကုန်း (ညောင်ကုန်း၊ ပေတောကုန်း၊ မလွှကုန်း၊ မအူကုန်း၊ ပိန္နဲကုန်း) ရှိသော အရပ်ဟု အဓိပ္ပာယ်ရသည်။ [၁] ပုဇွန်တောင် - ပသုန် - ငါး၊ ဒဵု - တောင်ကုန်းငယ် (တောင်ငါးလုံး)[၂] ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းနှင့် ပြည်သူ့ဆေးရုံ (၁) ရုံရှိသည်။ ပုစွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့မှာ ပုဇွန်တောင်မြို့နယ်ရှိ အဓိကကျသော ဈေးကြီးများဖြစ်သည်။
ထင်ရှားသော အဆောက်အဦးများ
[ပြင်ဆင်ရန်]ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပုဇွန်တောင်မြို့နယ်သည် အရှေ့ဘက်အကျဆုံးအပိုင်း ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဇွန်တောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
မဟာဗိသျှနုဟိန္ဒူဘုရားကျောင်း | ဟိန္ဒူဘုရားကျောင်း | ၁၃၇-၁၃၉၊ ၅၁လမ်း | |
လွတ်လပ်သောမက်သဒစ်အသင်းတော်(ရန်ကုန်) | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၂၅၆၊ ဗိုလ်မြတ်ထွန်းလမ်း | |
ရွှေဘုန်းပွင့်ဘုရား | ဘုရား | ဦးရွှေဂုံလမ်း | |
ရန်ကုန်အရှေ့ ဆန်းနီဗလီ | ဗလီ | ၇၃၊ အနော်ရထာလမ်း | |
အ.ထ.က(၁)ပုဇွန်တောင်[၃] | စာသင်ကျောင်း | ၄၅လမ်းနှင့်လမ်း၅၀ကြား အနော်ရထာလမ်း |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်
- ↑ မြန်မာသမိုင်း နိဒါန်း - ဒေါက်တာ သန်းထွန်း
- ↑ ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်း နှင့် အ.ထ.က (၁) ပုဇွန်တောင် တို့၌ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်။ ဆင်ဟွာသတင်း (၂၀ ဒီဇင်ဘာ ၂၀၁၈)။ ၂၄ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။