ပရီးမီးယားလိဂ်
ပုံပန်းသွင်ပြင်
Founded | ၂၀ ဖေဖော်ဝါရီ ၁၉၉၂ |
---|---|
Country | အင်္ဂလန် |
Confederation | UEFA |
Number of teams | ၂၀ (၁၉၉၅–၉၆ မှ စ၍) |
Level on pyramid | ၁ |
Relegation to | EFL Championship |
Domestic cup(s) | |
League cup(s) | EFL Cup |
International cup(s) | |
Current champions | မန်ချက်စတာ စီးတီး (သတ္တမအကြိမ်) (၂၀၂၂–၂၃) |
Most championships | မန်ချက်စတာ ယူနိုက်တက် (၁၃ ကြိမ်) |
Most appearances | Gareth Barry (၆၅၃ ပွဲ) |
Top goalscorer | အလန် ရှီးရားယား (၂၆၀ ဂိုး) |
TV partners |
|
Website | premierleague.com |
Current: ၂၀၂၂-၂၃ ပရီးမီးယားလိဂ် |
ပရီးမီးယားလိဂ်သည် အင်္ဂလိပ် ကြေးစားဘောလုံး ကလပ်အသင်းများ၏ အမြင့်ဆုံး လိဂ်တစ်ခု ဖြစ်သည်။ ၎င်းသည်လည်း ယူကေ၏ အဓိကကျသော ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး ကလပ်အသင်း ၂၀ ပါဝင်ယှဉ်ပြိုင်သည်။ ရာသီပွဲများတွင် စုစုပေါင်း ၃၈ ပွဲ ကန်ပြီး ဩဂုတ်လမှ နောက်တစ်နှစ် မေလအထိ ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲ အများစုကို စနေနှင့် တနင်္ဂနွေနေ့များတွင် ကန်လေ့ရှိပြီး ရံဖန်ရံခါ ကြားနေ့ ညနေပိုင်းတွင်လည်း ကျင်းပတတ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားရှစ်ပ်ဟု လူသိများပြီး လက်ရှိတွင် ဘာကလေစ်ဘဏ်မှ စပွန်ဆာပြုလုပ်သောကြောင့် ဘာကလေစ် ပရီးမီးယားလိဂ်ဟု ခေါ်သည်။ ၂၀၂၁-၂၀၂၂ ရာသီ၏ လက်ရှိ ချန်ပီယံမှာ မန်ချက်စတာ စီးတီးအသင်း ဖြစ်သည်။