ကင်းမရွာ၊ ပေါက်မြို့နယ်
ကင်းမရွာ (အင်္ဂလိပ်: Kinma)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကင်းမကျေးရွာအုပ်စုတွင် ကျား ၉၉၁ ဦး၊ မ ၁၀၃၆ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၂၇ ဦးနေထိုင်သည်။ [၁]
ရွာလုံးကျွတ်မီးလောင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခု၊ ဇွန်လ ၁၅ ရက်၌ တပ်မတော်မှ နယ်မြေရှင်းလင်းရေးဟု အမည်တပ်ကာ ရွာအား မီးရှို့ခြင်းကြောင့် အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့်ကို မီးသင့်ခဲ့ကာ ရွာတွင်းကျန် သက်ကြီးရွယ်အို ၂ ဦးပါ မီးခသေဆုံးခဲ့သည်။ တပ်မတော်ဘက်မှမူ တပ်မတော့်အသရေညှိုးစေရန် ရွယ်ရိုးရည်သန်ကာ ရွာသားများက ကိုယ်တိုင်ရှို့ကြောင်း သတင်းထုတ်သည်။[၂] အလားတူထုတ်ပြန်ချက်မျိုးကို ရိုဟင်ဂျာအရေး၌လည်း သုံးဖူးသည်။[၃] ရွာခံတဦး၏ပြောကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြောက်ကျားစစ်ဆင်ပြီးနောက် ပြန်ဆုတ်သွားရာ အနီးရှိရွာသို့ ရောက်လာ၍ ရွာတောင်ပိုင်းမှစကာ တပ်မတော်သားတို့က မီးရှို့ကြောင်း ဆိုသည်။ မီးမှာ အားကြီးသည့်အတွက် နာဆာ၏ မီးလောင်မှုခြေရာကောက်စနစ်မှ ယင်းနေ့ ညနေ ၃ နာရီ ၂၂ မိနစ်ခန့်တွင် မှတ်တမ်းတင်ထားကြောင်း ရိုက်တာသတင်းအရ သိရသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ https://www.bbc.com/news/world-asia-57506196
- ↑ https://www.hrw.org/news/2017/12/18/burma-40-rohingya-villages-burned-october
- ↑ https://www.reuters.com/world/asia-pacific/myanmar-village-burned-after-fighting-residents-blame-security-forces-2021-06-16/
ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |