ဒမတ်စကပ်စ် ဆေးရုံမှာ နှိပ်စက်ခံရပြီး သေဆုံးနေသူ ၄၀ ကျော်တွေ့
ဒမတ်စကပ်စ် ဆေးရုံမှာ နှိပ်စက်ခံရပြီး သေဆုံးနေသူ ၄၀ ကျော်တွေ့
ဆီးရီးယားမှာ အာဆတ်အစိုးရကို ဖြုတ်ချပြီး ရက်ပိုင်း အတွင်းမှာပဲ ဒမတ်စကပ်စ် အနီးက ဆေးရုံတခုမှာ နှိပ်စက်ခံထားရပြီးသေဆုံးနေတဲ့ လူသေအလောင်း ၄၀ ကျော်ကို တွေ့ခဲ့ရတယ်လို့ သူပုန်တပ်ဖွဲ့တွေက ပြောပါတယ်။ အစ္စလာမ်မစ် သူပုန်ခေါင်းဆောင် အဘူ မိုဟာမက် အဲလ် ဂျိုလာနီကလည်း ဆီးရီးယား ပြည်သူတွေကို နှိပ်စက်ညှင်းပမ်းခဲ့တဲ့ အရင်အစိုးရထဲက အကြီးတန်း အရာရှိတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အဲဒီ အကျဉ်းထောင်တွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ မြို့တော်အနီးက ဆာ့နေယာ ကနေ ဘီဘီစီ သတင်းထောက် ဘာဘရာပလပ်အာရှာ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။