ဆီးရီးယား HTS အဖွဲ့ခေါင်းဆောင် နဲ့ ဘီဘီစီ သီးသန့်မေးမြန်း

ဗီဒီယို ပုံစာ, ဆီးရီးယား HTS အဖွဲ့ခေါင်းဆောင် နဲ့ ဘီဘီစီ သီးသန့်မေးမြန်း
ဆီးရီးယား HTS အဖွဲ့ခေါင်းဆောင် နဲ့ ဘီဘီစီ သီးသန့်မေးမြန်း

ဆီးရီးယား က HTS အဖွဲ့ခေါင်းဆောင်ဟာ သူ့နိုင်ငံဟာ စစ်ပွဲကြောင့် ပင်ပန်းနေပြီ ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ပြောကြားပါတယ်။ HTS အဖွဲ့ခေါင်းဆောင် အာမက် အယ်လ် ရှာရာ ဟာ ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အာဆတ်ကို ဖြုတ်ချ ခဲ့သူလည်း ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရသစ် အနေနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကန့်သတ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ပါးသွားဖို့ ကြိုးစားနေသလို၊ အယ်လ်ကိုင်ဒါ အဖွဲ့နဲ့လည်း ဆက်နွှယ်မှု မရှိတော့ဘူးလို့ ပြောဆိုနေပါတယ်။ ဒါပေမဲ့ ဆီးရီးယား နိုင်ငံသား အများအပြားကတော့ ဒီအပေါ်မှာ သံသယတွေနဲ့ စောင့်ကြည့်နေပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်းအယ်ဒီတာ ဂျရမီ ဘိုဝင် က အာမက် အယ်လ်ရှာရာ နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။