မာတိကာသို့ ခုန်သွားရန်

LulzRaft

ဝီကီပီးဒီးယား မှ
LulzSec နှင့် မရောထွေးပါနှင့်။

LulzSec သည် ကွန်ပျူတာ ဟက်ကာအဖွဲ့ဖြစ်ပြီး ကနေဒါဝဘ်ဆိုဒ်များအား ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ၏ ဂရုပြုခြင်းကို ခံရသည်။ သူတို့၏ ပစ်မှတ်များတွင် Conservative Party of Canada နှင့် Husky Energy တို့ပါဝင်သည်။ ၂၀၁၁ ဇွန် ၇ တွင် LulzRaft မှ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟာပါ၏ ဇာတ်ကြောင်းအမှားအား မှားယွင်းစွာ ရေးသားကာ Conservative Party of Canada ဝဘ်ဆိုဒ်အား ဟက်ခဲ့သည်။ ယင်းကဲ့သို့ မဟုတ်မမှန် သတင်းအမှားသည် တွယ်တာမှတဆင့် ပျံ့နှံ့ခဲ့သည်။ ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းဇာတ်လမ်းအား ငြင်းဆိုခဲ့သည်။[]

LulzRaft အဖွဲ့သည် ဇွန် ၈ တွင် ပါတီအလှူရှင်များ၏ အချက်အလက်များပါဝင်သည့် database တစ်ခုအား ထပ်မံတိုက်ခိုက်ခဲ့သည်။ ယင်းတွင် အလှူရှင်များ၏ အီးမေးလ်များ အိမ်လိပ်စာများ ပါဝင်သည်။ အဖွဲ့သည် Husky Energy အားလည်း တိုက်ခိုက်ခဲ့ပြီး ဤကဲ့သို့ တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုမှ အကျိုးဆက်ဖြစ်ပြီး ပြည်သူများအား ဓာတ်ငွေ့အား အလကားပေးသုံးကြောင်း ကတိပြုသည့်စာစောင်အား တင်ထားခဲ့သည်။[]

မှတ်ချက်ပေးသူအချို့က အဖွဲ့အား Conservative ပါတီအား မနှစ်သက်ကြသူများဟု ထင်ကြေးပေးကြသော်လည်း[][] LulzRaft မှ ကြေညာချက် ထုတ်ပြန်သည်မှာ သူတို့သည် နိုင်ငံရေးသမားများအား မနှစ်သက်ကြသူများဟု ဆိုသည်။[] အချို့က Copycat effect ကြောင့် တိုက်ခိုက်ရန် စိတ်ကူး ရလာသည်ဟုဆိုကြသော်လည်းယင်းအဖွဲ့သည် LulzSec နှင့် ဆက်နွယ်မှု ရှိလေသလား မသိရပေ။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ Beltrame၊ Julian။ "Hacker without a cause scores with Harper 'breakfast incident' hoax"၊ 8 June 2011။ 8 March 2012 တွင် ပြန်စစ်ပြီး 
  2. "Online donors' data breached: Conservatives"၊ 8 June 2011။ 10 June 2011 တွင် ပြန်စစ်ပြီး 
  3. Proussalidis၊ Daniel။ "Anti-Tory hackers strike again"၊ 8 June 2011။ 9 June 2011 တွင် ပြန်စစ်ပြီး 
  4. Chase၊ Steven။ "Hackers take another jab at Tories on heels of Harper choking hoax"၊ 8 June 2011။ 10 June 2011 တွင် ပြန်စစ်ပြီး