မာတိကာသို့ ခုန်သွားရန်

၁၉၃၁ မြစ်ကြီးနားငလျင်

ဝီကီပီးဒီးယား မှ
၁၉၃၁ မြစ်ကြီးနားငလျင်
၁၉၃၁ မြစ်ကြီးနားငလျင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
၁၉၃၁ မြစ်ကြီးနားငလျင်
UTC အချိန်1931-01-27 20:09:19
ISC ဖြစ်ရပ်906595
USGS-ANSSComCat
ဒေသ ရက်စွဲJanuary 28, 1931 (1931-01-28)
ဒေသ အချိန်02:35
အတိုင်းအတာMw 7.6 []
အနက်၃၅ km (၂၂ mi) []
ငလျင်ဗဟို25°40′N 96°09′E / 25.67°N 96.15°E / 25.67; 96.15ကိုဩဒိနိတ်: 25°40′N 96°09′E / 25.67°N 96.15°E / 25.67; 96.15 []

၁၉၃၁ မြစ်ကြီးနားငလျင် ("၁၉၃၁ ကာမိုင်းငလျင်" ဟုလည်း သိကြ) သည် ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် ၂ နာရီ ၃၅ မိနစ် (20:9 January 27 UTC) တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ [][]ထိုအချိန်က မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံနိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ငလျင်၏ ပမာဏသည် Mw 7.6 ရှိသည်။ အချို့သော အရင်းအမြစ်များအရ အနက်သည် ၃၅ ကီလိုမီတာရှိသည်ဟု ဆိုသည်။ Phyo M. M. ၏ လေ့လာမှုအရ အနက်သည် ၅ ကီလိုမီတာမှ ၃၀ ကီလိုမီတာအထိ ရှိသည်ဟု ဆိုသည်။[][]

ငလျင်လှုပ်ခတ်မှုသည် အလွန်ပြင်းထန်ခဲ့ကာ အနည်းဆုံး စက္ကန့် ၃၀ ကြာမြင့်ခဲ့သည်။[] ပြင်းအားသည် MMI IX အထိ ရှိခဲ့သည်။ ငလျင်ကြောင့် ပွတ်တိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ []သဲများသည်လည်း ပေါ်ထွက်လာခဲ့သည်။ ဤငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောတွင် တည်ရှိနေသည့် ရွေ့လျားမှုတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သည်။[] ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ပိုင်းတစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့သည်။[] စစ်ကိုင်းပြတ်ရွေ့ကြောသည် 22° N ကျဉ်းမြောင်းကာ၊ ၁၀ ကီလိုမီတာခန့် ကျယ်သည်။ 25°30' နှင့် 26° အကြားရှိ စစ်ကိုင်းပြတ်ရွေ့ကြောအစိတ်အပိုင်းသည် ၇၀ ကီလိုမီတာခန့် ကျယ်သည့် shear zone တစ်ခုပါဝင်ကာ ပိုမိုကျယ်သည်။ ၎င်းတွင် အခွဲလေးခုလည်း ပါဝင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Engdahl၊ E. R.; Vallaseñor၊ A. (2002)။ "Global seismicity: 1900–1999" (PDF)International Handbook of Earthquake & Engineering Seismology။ Part A, Volume 81A (First ed.)။ Academic Press။ p. 675။ ISBN 978-0124406520။ 20 August 2017 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး12 July 2021 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ Chhibber၊ H. L. (1933)။ The Physiography of Burma။ Longmans, Green & Company, Limited။
  3. Phyo, M.M. & Shibazaki, B & Hurukawa, Nobuo. (2010). Relocation of earthquakes in Myanmar by MJHD method: Aftershocks of large earthquakes and seismicity along the Sagaing fault. Bulletin of the International Institute of Seismology and Earthquake Engineering. 44. 25–30.
  4. MacRae, G. A., U. T. Myint, and Sudhir Kumar Jain. "Steps in Earthquake Proofing a Country—A Case Study of Myanmar." Bulletin of the New Zealand Society for Earthquake Engineering 44.2 (2011): 87.
  5. Molnar၊ Peter; Qidong၊ Denq (1984)၊ "Faulting associated with large earthquakes and the average rate of deformation in central and eastern Asia"၊ Journal of Geophysical Research: Solid Earth89 (B7): 6203–6227၊ Bibcode:1984JGR....89.6203Mdoi:10.1029/JB089iB07p06203
  6. Tsutsumi၊ H.; Sato၊ T. (2009)၊ "Tectonic geomorphology of the southernmost Sagaing Fault and surface rupture associated with the May 1930 Pegu (Bago) earthquake, Myanmar" (PDF)Bulletin of the Seismological Society of AmericaSeismological Society of America99 (4): 2155–2168၊ Bibcode:2009BuSSA..99.2155Tdoi:10.1785/0120080113၊ 2014-12-25 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2012-04-04 တွင် ပြန်စစ်ပြီး
  7. Maurin၊ T; Masson၊ F; Rangin၊ C; Min၊ U. T; Collard၊ P (2010)၊ "First global positioning system results in northern Myanmar: Constant and localized slip rate along the Sagaing fault"၊ Geology38 (7): 591၊ Bibcode:2010Geo....38..591Mdoi:10.1130/G30872.1