မိုရာတာ
၂၀၁၄ခုနှစ် ဂျူဗင်တပ်အသင်းရှိ မိုရာတာ | |||
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | အလ်ဗာရို ဘော်ဂျာ မိုရာတာ မာတင် | ||
မွေးသက္ကရာဇ် | ၂၃ အောက်တိုဘာ၊ ၁၉၉၂ | ||
မွေးရပ်ဇာတိ | မဒရစ်, စပိန် | ||
အရပ်အမြင့် | ၁.၈၉ m (၆ ft ၂ in)[၁] | ||
ကစားသည့်နေရာ | တိုက်စစ်မှူး | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ချဲလ်ဆီး | ||
အင်္ကျီနံပါတ် | 9 | ||
လူငယ်ဘဝကလပ်များ | |||
2005–2007 | Atlético Madrid | ||
2007–2008 | Getafe | ||
2008–2010 | Real Madrid | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
2010–2013 | Real Madrid B | 83 | (45) |
2010–2014 | Real Madrid | 37 | (10) |
2014–2016 | Juventus | 63 | (15) |
2016–2017 | Real Madrid | 26 | (15) |
2017– | Chelsea | 0 | (0) |
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
2009 | Spain U17 | 6 | (2) |
2010 | Spain U18 | 2 | (3) |
2010–2012 | Spain U19 | 13 | (11) |
2013–2014 | Spain U21 | 13 | (13) |
2014– | Spain | 20 | (9) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
အလ်ဘာရို ဘို(ရ်)ခ မိုရာတာ မာတင် (စပိန်: Álvaro Borja Morata Martín; ၂၃ အောက်တိုဘာ ၁၉၉၂ခုနှစ်တွင် ဖွားမြင်) သည် စပိန် ကြေးစားဘောလုံးသမားဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့တွင် တိုက်စစ်မှူးအဖြစ် ကစားလျက်ရှိသည်။
သူ၏ဘောလုံးသမားဘဝကို ရီးယဲလ် မဒရစ်အသင်းတွင် စတင်ခဲ့ပြီး ၂၀၁၀နှစ်ကုန်ပိုင်းတွင် ရီးရယ်အသင်းကြီးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ၂၀၁၄ ဥရောပ ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့သည်။ ဂျူဗင်တပ်အသင်းသို့ ယူရို သန်း၂၀ဖြင့် ၂၀၁၄ခုနှစ်တွင် ပြောင်းရွေ့ခဲ့ပြီး အီတလီစီးရီအေနှင့် အီတလီဖလား နှစ်ခုလုံးကို နှစ်နှစ်ဆက်တိုက် ရယူပေးခဲ့ပြီး ရီးရယ်အသင်းသို့ ယူရို သန်း၃၀ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ ၂၀၁၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် အင်္ဂလန် အဆင့်မြင့်တန်းအသင်း ချဲလ်ဆီးအသင်းမှ မိုရာတာ၏အပြောင်းအရွေ့ကို ရီးရယ်အသင်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၁ရက်နေ့တွင် ဆေးစစ်မှု အောင်မြင်ပြီးနောက် ချဲလ်ဆီးအသင်းသားအဖြစ် တရားဝင်ဖြစ်လာသည်။
မိုရာတာသည် စပိန်လက်ရွေးစင် လူငယ်အသင်းတွင် ၃၄ ပွဲကစားခဲ့ပြီး ၂၀၁၃ အသက်၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ်ဖလားရအောင် ကူညီပေးခဲ့သည်။ စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုကာ ယူရို၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Álvaro Morata"၊ UEFA။ 11 June 2017 တွင် ပြန်စစ်ပြီး။