မာတိကာသို့ ခုန်သွားရန်

AH - 64 Apache

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

AH-64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်သည်။ ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

AH - 64 Apache
အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်
ထုတ်လုပ်သည့် နိုင်ငံ အမေရိကန်
ပထမဆုံး ပျံသန်းမှု ၁၉၇၅ ၊ စက်တင်ဘာ (၃၀)
ထုတ်လုပ်ပြီးသည့် စီးရေ ၂၀၀၀ ခန့်
တစ်စီးတန်ဖိုး ကန်ဒေါ်လာ (၁၈) သန်း (၁၉၉၆ တန်ဖိုး)

အသုံးပြုလျက်ရှိသော နိုင်ငံများ


အခြေခံ အချက်အလက်များ

  • လေသူရဲ = ၂ ဦး
  • ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
  • ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
  • အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
  • အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
  • လက်နက်
    • ၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
    • Hydra 70 FFAR ဒုံးကျည်များ
    • AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ