မာတိကာသို့ ခုန်သွားရန်

တဏှင်္ကရာဘုရား

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

တဏှင်္ကရာမြတ်စွာဘုရားသည်-နှစ်ကျိပ်ရှစ်ဆူ သောဘုရားရှင်တို့တွင် ပထမဦးဆုံး ဘုရားဖြစ်တော်မူ၏။ , မေ, , ဒီ-ဟူသောဘုရားလေးဆူပွင့်ရာ သာရမဏ္ဍကမ္ဘာတွင်လည်းပထမဦးဆုံး သစ္စာလေးပါး တရားသိမြင် ဘုရားရှင် ဖြစ်တော်မူ၏။

ဖြစ်တော်စဉ်

တဏှင်္ကရာဘုရားလောင်းတော်မြတ်သည် လူတို့သက်တမ်း အသင်္ချေယျတမ်းမှ ဆုတ်ယုတ် လာသောအနှစ် (၉၀, ဝဝဝ) တမ်းတွင်ပုပ္ဖဝတီပြည်-ပုပ္ဖဝတီမြို့တော်၌ ဘုရင် သုနန္ဒမင်းကြီးနှင့် သုနန္ဒိသာမိဖုရားကြီးတို့၏သားတော်ဖြစ်တော်မူ၏။ အချို့ကျမ်းစာမူများ၌-မြို့တော်မှာ မောရဝတီမြို့၊ ခမည်းတော် နရိန္ဒမင်းကြီး၊ မယ်တော် သီရိစန္ဒီ မိဖုရားကြီး ဟုပြဆိုမူကွဲရှိသည်။ တဏှင်္ကရာဘုရားလောင်းလျာမင်းသားသည် ဆောင်း နွေ မိုး ဥတုသုံးပါးစံပျော်ရာ နန်းပြာဿာဒ် သုံးဆောင်၌ ကြင်ရာတော်မိဖုရားနှင့် မောင်းမမိဿံ အခြွေအရံများဖြင့် စံပျော်နေရာသားတော် တစ်ယောက် ဖွားမြင်ပြီးလျင် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကိုတွေ့မြင်ရာမှ သံဝေဂဖြစ်ကာ တောထွက်တော်မူခဲ့သည်။

တောထွက်တော်မူလာပြီးနောက် ပင်ပန်းဆင်းရဲစွာကျင့် ရသော လူသာမန်တို ကျင့်နိုင်ခဲပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ခုနှစ်ရက်တိုင်တိုင် ကျင့်ကြံအားထုတ် (အချို့ကျမ်းစာ၌ (၁၀) လ ကျင့်ကြံအားထုတ်၍) သဗ္ဗညုတဉာဏ်တော်ကိုရကာ သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဖြစ်တော်မူသည်။ တဏှင်္ကရာမြတ်စွာဘုရားပွင့်တော်မူသော ကာလမှာ ဤကမ္ဘာမှပြန်၍ရေတွက်သော် ကပ်ကမ္ဘာအရေအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်ကာလ၌ဖြစ်သည်။

ထိုအခါကာလက လူတို့သက်တမ်းမှာ အနှစ် တစ်သိန်းဖြစ်သည်။ သက်တမ်း ရှည်လျားသောကာလတွင် လူတို့သည် ဇာတိဇရာ ဗျာဓိဘေး မရဏဘေးတို့ကိုမြင်နိုင်ခဲသောကြောင့် မြတ်စွာဘုရားသည် တရားတော်ကို များစွာဟောကြားတော်မမူကြပါ၊ တက်ကပ်ကမ္ဘာကာလနှင့် ဆုတ်ကပ်ကမ္ဘာနှစ်သက်တမ်း (၁၀၀, ဝဝဝ) တစ်သိန်းအထက်တွင် ဘုရားပွင့်ရိုးမရှိပေ။

တဏှင်္ကရာမြတ်စွာဘုရား မှီ၍ပွင့်ရာ ဗောဓိပင်ကား သတ္တပဏ္ဏဗောဓိရုက္ခ-စရည်းပင်ဖြစ်သည်။

ကျမ်းစာအချို့မူ၌-နာဂရုက္ခ-ကံ့ကော်ပင်ဟုဆိုသည်။ အဂ္ဂသာဝကထေရ-ထေရီများ ဥပဋ္ဌာကအလုပ်အကြွေးရဟန်းတော်များ၏ဘွဲ့အမည်များကို ဗုဒ္ဓဝင်တို့တွင် ဖော်ပြမထားကြပါ။ မြတ်စွာဘုရား၏ဉာဏ်တော်မှာ အတောင်(၈၀) အရပ်ဖြစ်တော်မူသည်။ ရောင်ခြည်တော်ကား သုံးယူဇနာအရပ်တိုင်အောင် ပျံ့နှံ့သည်။ ဘုရားရှင်သည် အနှစ်ရှစ်သောင်း (၈၀, ဝဝဝ) ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေးတိုက်ကြွေးတော်မူပြီးနောက် ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . .

၁။ တဏှင်္ကရာ ဘုရားရှိခိုး+ဆုတောင်းဂါထာ

  • တဏှင်္ကရော မဟာတေဇော၊ သတ္တာနံ ဟိကမာဝဟော။
  • တမဟံ သိရသာ ဝန္ဒေ၊ သော မေ ဒေတု ဇယံ ဇိနော ။ []

ကျမ်းကိုး

  1. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)