စုတ်တံ
စုတ်တံသည် ပန်းချီကားများ ရေးဆွဲရန်၊ တိုက်တာအဆောက်အဦများ ဆေးရောင်ချယ်ရန်၊ မျက်နှာအလှပြုပြင်ချယ်သရန် အတွက် အသုံးပြုကြသည်။
စုတ်တံ(paint brushes) များ၏ စုတ်တံ အမွှေး/မျှဉ် တို့ကို အခြေခံပုံစံ နှစ်မျိုးဖြင့် ပြုလုပ်ထားကြသည်။
- သဘာဝသားမွှေးများ( Natural hairs)
ခေါ် တိရစ္ဆာန် များ၏ သားမွှေးများ။
- လူတို့ပြုလုပ်ထားသည့် Synthetic Fiber မျဉ်များဖြစ်ကြသည်။
သဘာဝသားမွှေးများ (Natural hairs)
ရရှိသည့် တိရစ္ဆာန်များမှာ....
- Badger Hair (ခွေးတူဝက်တူ) အမွှေး
- Hog (ဝက်ထီး အမွှေး)
- Camel Hair (ကုလားအုတ် မွှေး)
- Kevrin/ Mongoose Hair (မြွေပါ မွှေး)
- Ox hair (နွားထီး၏ အမွှေး)
- Pony hair ( မြင်းပု )
- Goat hair (ဆိတ် မွှေး)
- Squirrel hair (ရှဉ့်မွှေး)
- Sabeline ( နွားထီး၏ အမွေးအရောင် ဖျော့ကို အနီဖြစ်အောင် ဆေးဆိုးထားခြင်း။)
- Kolinsky Sable ( အနီဖျော့ )
မြွေပါ မျိုးစိတ်(weasel)တိရ စ္ဆာန်၏အမြီး မှရသည့်အမွှေး)
- Red sable ( Red hair )အနီရောင်ရှိသောမြွေပါ မျိုးစိတ် (Weasel) တိရ စ္ဆာန်၏ အမွှေး)
မှတ်ချက်။ ...kolinsky sable ကို Red sable သို့မဟုတ် Sable hair အဖြစ်သိထားကြသည်။
Watercolor အတွက် အရည်အသွေး
အကောင်းဆုံးနှင့် ဈေးကြီးသည့် စုတ်တံများမှာ
Sable hair brushes များဖြစ်သည်။ ထို့ပြင် soft synthetic brushes များသည်လည်း Sable hairs brushes ကဲ့သို့ watercolor ရေးရန် ကောင်းမွန်ပေသည်။
လူတို့ပြုလုပ်ထားသည့် (Synthetic fiber) မျဉ်များ
Nylon (နိုင်လွန်)၊ polyester (ပိုလီစတား) တို့ဖြစ်သည်။ ထို့ကြောင့် Synthetic brushes များကို Nylon သို့မဟုတ် polyester သို့မဟုတ် ၎င်း နှစ်မျိုးတို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားကြသည်။
- Acrylic အတွက်အကောင်းဆုံး စုတ်တံများမှာ Synthetic brushes များဖြစ်ကြသည်။ ၎င်း synthetic brushes များသည် ဈေးနှုန်းလည်း သက်သာသည်။
- ဆီဆေး(oil) အတွက် အကောင်းဆုံးစုတ်တံများမှာ ...
- Natural Hog hairs စုတ်တံများနှင့်
- Sable hairs brushes များဖြစ်သည်။
watercolor brushes Types ခေါ် Shape များ
အဓိက (4) မျိုးသာရှိသည်။
- Round
- Flat
- Wash
- Detail တို့ဖြစ်ပြီး
Flat Shape သည် အောက်ပါ(3)မျိုး ထပ်မံ ကွဲပြားသွားသည်။
- Bright
- Filbert
- Angular တို့ဖြစ်သည်။
Wash Brushes နှစ်မျိုးမှာ
- Hake (flat)
- Mop (Round) တို့ဖြစ်သည်။
Detail (အသေးစိတ်) brushes များမှာ
- Spotters နှင့်
- Riggers တို့ဖြစ်သည်။
ရေဆေးစုတ်တံ အကောင်းစား တံဆိပ် (Brands) များ
- Winsor & Newton Series 7 Kolinsky Sable brushes.
- Raphael ,Kolinsky sable brushes Fine point round brush.
- Da Vinci Maestro ,series 35, Kolinsky sable brush for Watercolor.
- Silver Brush black, Velvet watercolor brush set.
- Robert Simmons , White sable brush pack
တို့ဖြစ်ကြသည်။
ထို့ပြင် acrylic painting ရေးဘို့ စုတ်တံရွေးချယ်ရာတွင် ဆီဆေးသမားများသုံးသည့် တောင့်တင်းခိုင်မာပြီး ထိုးထိုးထောင်ထောင်အမွှေးရှိ သော စုတ်တံများ( Stiff bristles) ကို အသုံးပြုနိုင်သလို ရေဆေးပန်းချီကားရေးဆွဲရန် ထုတ်လုပ်ထားသည့် Synthetic brushes များကို သုံးနိုင်သည်။
သို့သော်လည်း acrylic paint ဆေးသားသည် ဆီဆေးထက် ပိုမို ပျော့ပျောင်းပြီးရေဆေး (paint)ထက် ဆေးသားထူပြစ်သည်။ ထို့ကြောင့် Acrylic စုတ်တံသည် ဆိီဆေးစုတ်တံလောက် မာကြောနေစရာ မလိုပဲ၊ ရေဆေးစုတ်တံထက် တော့ အမွှေး ပိုမို တောင့် တင်းသင့်ပေသည်။ တနည်းအားဖြင့် ရေဆေးစုတ်နှင့် ဆီဆေးစုတ်တံ တို့အနေအထား၏ အကြား (အလယ်အလတ်)မှာရှိရပေမည်။
အရည်အသွေးမှီသော ၊ကောင်းမွန်သော စုတ်တံများသည် ပန်းချီကားကောင်းများဖြစ်ပေါ် စေနိုင်သဖြင့် စုတ်တံများသည် ပန်းချီရေးဆွဲရာတွင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများထဲ၌ အရေးကြီးဆုံးအပိုင်းမှ ပါဝင်နေသည်။ ထို့ပြင် မည်မျှပင် ကျွမ်းကျင်သော ပန်းချီဆရာ ဖြစ်ပါစေ အသုံးပြုသော စုတ်တံ မကောင်းမွန်ပါက ပန်းချီကားရေးဆွဲရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရပါလိမ့်မည်။
ကောင်းမွန်သော ဆီဆေးစုတ်တံ တစ်ချောင်းသည် စုတ်မွေးတွင် ဆေးကိုသယ်ဆောင်ထားစဉ်နှင့် စုတ်ချက် ရေးဆွဲပြီးတိုင်း ပြန်လည်ရုန်းကန်၍ သူ၏ နဂိုမူလ စုတ်မွေး (shape) ပုံစံအတိုင်း ပြန်လည်တည်ရှိနေပေမည်။ ဆိုလိုသည်မှာ စုတ်တံတွင်ဆေးရှိစဉ်နှင့် ရေးဆွဲပြီးတိုင်း စုတ်တံ အမွှေးပုံစံ မပြောင်းလဲပေ။
ညံ့သည့်စုတ်တံမှာတော့ ဆေးသယ်ဆောင်ထားစဉ်နှင့် ရေးပြီးတိုင်း သူ၏ နဂို စုတ်တံမွှေးပုံစံကို မရရှိနိုင်ပေ။