လီဒိုလမ်းမကြီး
ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ အရေးကြီးသည့် စစ်ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်နိုင်ရန် ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီးသည် အလွန်ထူးခြားသည့် အင်ဂျင်နီယာလက်ရာများတွင် တခုအပါအဝင် ဖြစ်လေသည်။ ၁၉၄၂-ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအားလုံးကို ဂျပန်တပ်မတော်က သိမ်းပိုက်လိုက်သဖြင့် အမေရိကန်တို့သည် တရုတ်နိုင်ငံနှင့် အဆက်ပြတ်သွားပြီး မည်သည့်ပစ္စည်းမှ မတင်ပို့နိုင်သောကြောင့် ထိုလီဒိုလမ်းမကြီးကို ၁၉၄၂-ခုနှစ် ဒီဇင်ဘာလမှာပင် အရေးတကြီး စတင်ဖောက်လုပ်ရလေသည်။
လီဒိုလမ်းမကြီးကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒိုအမည်ရှိသောနေရာမှ စတင်ဖောက်လုပ်သောကြောင့် လီဒိုလမ်းဟုခေါ်သည်။ ယင်းလမ်းသည် မြန်မာနိုင်ငံအတွင်းသို့ ပတ်ကွိုင်တောင်တန်းကို ဖြတ်၍ ဝင်လာပြီးလှျင် တောင်ဘက် မိုးကောင်း၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များအထိ ရောက်လာလေသည်။ ထိုမှတဆင့် အရှေ့ဘက်တရုတ်နိုင်ငံသို့ ဆက်သွားလေသည်။ လီဒိုလမ်းမကြီးကို ၁၉၄၃-ခု အောက်တိုဘာလမှစ၍ အမေရိကန်ပြည်ထောင်စု အင်ဂျင်နီယာတပ်များမှ ဗိုလ်မှူးချုပ် လူးဝစ်အေပစ် ကွပ်ကဲ၍ ဖောက်လုပ်ခဲ့သည်။ ထိုလမ်းမကြီးကို ဖောက်လုပ်ရာတွင် တပ်မတော်သားများနှင့်တကွ လီဒိုလမ်းကျရာ ပတ်ဝန်းကျင်မှ တိုင်းရင်းသား အလုပ်သမားတို့၏ လုံ့လကြောင့် လမ်းကို တောတောင်အထပ်ထပ်၊ မြစ်အသွယ်သွယ်တို့အား ဖြတ်ကျော်ကာ မြန်မာနိုင်ငံ ဗန်းမော်မြို့ထိအောင် ဖောက်လုပ်နိုင်ခဲ့လေသည်။ လမ်းမကြီး၏ နောက်ဆုံးအပိုင်းဖြစ်သောအစိတ်အပိုင်းကို နှစ်ရာပေါင်းများစွာက ရှိခဲ့သော မာကိုပိုလိုလမ်း အမည်ရှိ တရုတ်-မြန်မာလမ်းမကြီးနှင့် ဆက်ပေးလိုက်သည်။ လီဒိုလမ်းမကြီးသည် မိုင်ပေါင်း ၁၀၇၉-မိုင် ရှည်လျား၍ တံတားပေါင်း ရ၀၀-ကျော်ရှိလေသည်။ လမ်းသည် မြေကြီးလမ်းသက်သက်ဖြစ်ရာ အမာခံဆို၍ ကျောက်ခဲ ကျောက်တုံးမရှိသလောက်ပင် ဖြစ်သည်။
လီဒိုလမ်းမကြီးကို ဖောက်လုပ်ရာတွင် အမေရိကန်ဒေါ်လာ ၃၇-သန်းကုန်ကျ၍ ၁၉၄၅-ခု ဇန်နဝါရီလတွင် ပြီးစီးသည်။ မြန်မာနိုင်ငံကို ဂျပန်တပ်မတော်က သိမ်းယူပြီးသည်မှစ၍ အဆက်ပြတ်ခဲ့သော တရုတ်နိုင်ငံသို့ လီဒိုလမ်းမကြီး ဖောက်လုပ်ပြီးသည်နှင့် တပြိုင်နက် အမေရိကန်တို့၏ စစ်လက်နက်ပစ္စည်းများကို ရာပေါင်းများစွာသော ကုန်တင်ကားကြီးများဖြင့် ပထမဆုံးအကြိမ် သယ်ယူပို့ဆောင်ခဲ့လေသည်။ လမ်းမကြီးကို ဖောက်လုပ်ရာ၌ ငှက်ဖျားရောဂါဘေး၊ ရေဘေးနှင့် ဂျပန်တို့၏ ဗုံးဒဏ်များကြောင့် အလုပ်သမားပေါင်း တထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
ပထမတွင် လီဒိုလမ်းဟုခေါ်သော်လည်း ၁၉၄၅-ခုနှစ် ဇန်နဝါရီလတွင် စစ်သူကြီး ချန်ကေရှိတ်က လီဒိုလမ်းမကို ဖောက်လုပ်ရန် ပထမဆုံးကြံစည်စိတ်ကူးခဲ့သော အမေရိကန်ပြည်ထောင်စု တပ်များ၏ ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် စတီးဝဲလ်လမ်း-ဟု မှည့်ခေါ်စေခဲ့သည်။ သို့ရာတွင် စစ်ပြေငြိမ်းပြီးသည့်နောက် စီးပွားရေးအရ ဤလမ်းကို ဆက်လက်ထိန်းသိမ်းမထားနိုင်တော့သဖြင့် ၁၉၄၅-ခု နိုဝင်ဘာလမှစ၍ စွန့်လွတ်လိုက်ရလေသည်။
လီဒိုလမ်းမကြီးကို စတင်ဖောက်လုပ်ရန် မြန်မာတိုင်းရင်းသား ၃၅၀၀၀-အပါအဝင် အိန္ဒိယ၊ ဗြိတိသှျနှင့် တရုတ်တပ်မတော်သားများ လီဒိုနှင့် ဝမ်လင်းကြား မြစ်ကြီး ၁၀-ခု၊ စမ်းချောင်း ၁၅၅-ခုတို့ကိုဖြတ်၍ တံတားများဆောက်လုပ်ခဲ့ကြသည်။ လီဒိုဘက်မှ ၄၆၅-မိုင်နှင့် မြန်မာဘက်မှ ၆၁၄-မိုင်၊ စုစုပေါင်း ၁၀၇၉-မိုင်ကို ဖောက်လုပ်ခဲ့သည်။ လမ်းနှင့် ပြိုင်၍ ကာလကတ္တားအထိ ရေနံပိုက်လိုင်းတခုကိုလည်း အမေရိကန်တို့က တည်ဆောက်ခဲ့ကြလေသည်။ [၁]
ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယနိုင်ငံမှ တရုတ် နိုင်ငံသို့ အရေးကြီးသည့် စစ်ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင် နိုင်ရန်ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီးသည် အလွန်ထူးခြားသည့် အင်ဂျင်နီယာလက်ရာများတွင် တစ်ခုအပါအဝင် ဖြစ်လေသ်ည။ ခရစ် ၁၉၄၂ ခုနှစ်လောက်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် ်အာရှနိုင်ငံများအားလုံးကိုဂျပန်တပ်မတော်က သိမ်းပိုက်လိုက်ပြီးဖြစ် ရကား အမေရိကန်တို့သည်တရုတ်နိုင်ငံနှင့် အဆက်ပြတ်သွားပြီးလျှင် ဘာမျှတင်မပို့နိုင်သဖြင့် ထိုလီဒိုလမ်းမကြီးကို ၁၉၄၂ ခုနှစ်၊ ဒီဇင် ်ဘာလမှာပင် အရေးတကြီး စတင်ဖောက်လုပ်ရလေသည်။ ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ အမေရိကန်ပြည် ်ထောင်စု အင်ဂျင်နီယာတပ်များမှ ဗိုလ်မှူးချုပ် လူးဝစ် အေပစ်က လီဒိုလမ်းကိုကွပ်ကဲ၍ ဖောက်လုပ်ရသည်။ တပ်မတော်သားများ နှင့်တကွ လီဒိုလမ်းကျရာ ပတ်ဝန်းကျင်မှ တိုင်းရင်းသားအလုပ်သ မားတို့၏လုံ့လကြောင့် လမ်းကို တောတောင်အထပ်ထပ်၊ မြစ် အသွယ်သွယ်တို့အား ဖြတ်ကျော်ကာမြန်မာနိုင်ငံဗန်းမော်မြို့ထိအောင် ဖောက်လုပ်နိုင်ခဲ့လေသည်။ ထိုမှတစ်ဆင့် တရုတ်-မြန်မာ လမ်းမ ကြီးနှင့် ဆက်ပေးလိုက်လေသည်။ လီဒိုလမ်းမကြီးကို အမေရိကန် ်ဒေါ်လာ ၃၇ သန်း အကုန်အကျခံ၍ ဖောက် လုပ်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးသည်။ မြန်မာနိုင်ငံကိုဂျပန်တပ်မတော် က သိမ်းယူပြီးသည်မှစ၍ အဆက်ပြတ်ခဲ့သော တရုတ်နိုင်ငံသို့ လီဒိုုလမ်းမကြီး ဖောက်လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန်တို့ ၏စစ်လက်နက်ပစ္စည်းများကို ရာပေါင်းများစွာသော ကုန်တင်ကား ကြီးများဖြင့် ပထမဆုံးအကြိမ် သယ်ယူပို့ဆောင်ခဲ့လေသည်။ လီဒိုလမ်းမကြီးကို ဖောက်လုပ်ရာ၌အလုပ်သမားပေါင်းတစ်ထောင် ကျော်မှာ ငှက်ဖျာရောဂါ၊ ရေ ဘေးနှင့် ဂျပန်တို့၏ ကျည်ဆံများ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရ လေသည်။
လီဒိုလမ်းကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒို အမည်ရှိသော နေရာမှ စတင်ဖောက်လုပ်သောကြောင့် လီဒိုလမ်းဟုခေါ်သည်။ ယင်းလမ်း သည် မြန်မာနိုင်ငံအတွင်းသို့ ပတ်ကွိုင်တောင်တန်းကို ဖြတ်၍ ဝင်လာပြီးလျှင် တောင်ဘက် မိုးကောင်း၊ မြစ်ကြီးနားနှင် ့် ဗန်းမော်မြို့များအထိ ရောက်လာ လေသည်။ထိုမှတစ်ဆင့်အရှေ့ ဘက် တရုတ်နိုင်ငံသို့ ဆက်သွားလေသည်။လမ်းမကြီး၏ နောက် ဆုံးအပိုင်းဖြစ်သော အစိတ်အပိုင်းသည် နှစ်ရာပေါင်းများစွာကရှိခဲ့ သော မာကိုပိုလိုလမ်း အတိုင်းပင်ဖြစ်လေသည်။ လီဒိုလမ်းမ သည် မိုင်ပေါင်း ၁ဝ၃ဝ ရှည်၍ တံတားပေါင်း ၇ဝဝကျော်ကိုဖြတ ်ခဲ့သည်။လမ်းသည် မြေကြီးလမ်းသက်သက်ဖြစ်ရာ အမာခံဆို၍ ကျောက်ခဲ ကျောက်တုံး မရှိသလောက်ပင်ဖြစ်သည်။
ပထမတွင် လီဒိုလမ်းဟု ခေါ်ခဲ့သော်လည်း ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်သူကြီး ချန်ကေရှိတ်က လီဒိုလမ်းကို ဖောက ်လုပ်ရန် ပထမဆုံး ကြံစည်စိတ်ကူးခဲ့သော အမေရိကန်ပြည်ထောင်စု တပ်များ၏ဗိုလ်ချုပ်ကြီးဖြစ်သော ဂျိုးဇက် စတီဝဲ၏အမည်ကို ဂုဏ်ပြုသောအားဖြင့် စတီးဝဲလမ်းဟုမှည့်ခေါ်စေခဲ့သည်။ သို့ရာတွင် စစ်ပြေငြိမ်းပြီးသည်နောက် စီးပွားရေးအရ ဤလမ်းကို ဆက်လက် ်ထိန်းသိမ်း မထားနိုင်တော့သဖြင့် ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် စွန့်လွှတ်လိုက်ရလေသည်။
ဆိုဗီယက် ရှရှ နိုင်ငံ၏ဖခင်ကြီး ကားလမတ် ဟောပြောခဲ့သော ကွန်မြူနစ် သဘောတရားကို ရုရှနိုင်ငံတွင် ရုရှလူမျိုးတို့ ကျင့်သုံး လာအောင် ဇွဲသတ္တိရှိရှိဖြင့် ဆောင်ရွက်ခဲ့သူဖြစ်သည်။ မိမိမယုံကြည် သော ဝါဒနှင့် စပ်လျဉ်း၍ စာပေအမြောက်အမြားလည်းပြုစုခဲ့သည်။[၂]