အီရီထရီးယားနိုင်ငံ
ပုံပန်းသွင်ပြင်
အီရီထရီးယားနိုင်ငံသည် အာဖရိက ဦးချို ဒေသ တွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြို့တော်မှာ အက်စ်မာရာမြို့ ဖြစ်သည်။ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂျီဘူတီနိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တွင် ပင်လယ်နီနှင့် ထိစပ်နေသော ရှည်လျားသည့် ကမ်းရိုးတန်း ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံ ၊ ယီမင်နိုင်ငံတို့နှင့် မျက်နှာချင်းဆိုင် ကမ်းရိုးတန်းဒေသဖြစ်သည်။ ဒါလက် ကျွန်းစုများနှင့် ဟန်နစ်ရှ် ကျွန်း အချို့တို့မှာ အီရီထရီးယား နိုင်ငံပိုင်ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၁၇,၆၀၀ စတုရန်းကီလိုမီတာ (၄၅,၄၀၆ စတုရန်းမိုင်) ခန့် ဖြစ်ပြီး လူဦးရေ ၅ သန်းမျှ ရှိသည်။