မာတိကာသို့ ခုန်သွားရန်

အင်တာနက် ကိုယ်ပိုင်အခွင့်အရေး

ဝီကီပီးဒီးယား မှ
ဖိုင်:Privacy.JPG
မိမိ၏ ကွန်ပျူတာဘရောက်ဆာမှ တစ်ဆင့် အခြားအသုံးပြုသူများ မဝင်ရောက်စေလိုသည့် ဝဘ်ဆိုဒ်များကို အထက်ပါအတိုင်း ပိတ်ပင်ထားနိုင်သည်။

အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေး ဆိုသည်မှာ အင်တာနက် ပေါ်တွင် သတင်းအချက် အလက်များပေးပို့ခြင်း သို့မဟုတ် ဖြန့်ဖြူးကူးယူခြင်းတို့နှင့် စပ်လျဉ်း၍ မိမိပိုင် လွတ်လပ်မှုကို လုပ်ပိုင်ခွင့် သို့မဟုတ် လိုအင်ဆန္ဒ ဖြစ်သည်။ ၎င်းတွင် လူတစ်ယောက်အနေနှင့် သူ၏ သတင်းအချက်အလက်များကို အင်တာနက်ပေါ်တွင် မည်သည့်ပုံစံ သို့မဟုတ် မည်မျှသော ပမာဏ အထိဖော်ပြလိုခြင်းနှင့် ထိုအချက်အလက်များကို မည်သူတို့ကို သိခွင့်ရစေလိုခြင်း စသည်တို့ ပါဝင်သည်။ ထိုဝေါဟာရကို ကမ္ဘာလုံးဆိုင်ရာ အခြေခံသော အင်တာနက်ဆိုင်ရာကိုယ်ပိုင်အခွင့်အရေး ဟုလည်း နားလည်သတ်မှတ်ပြီး အနက်ရှင်းရသော် အင်တာနက် အသုံးပြုသူ တိုင်း ပိုင်ဆိုင်သော အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေး ဖြစ်သည်။

အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေးမှာ ကွန်ပျူတာ ကိုယ်ပိုင်အခွင့်အရေး၏ ကဏ္ဍခွဲတစ်ခု ဖြစ်လာသည်။ အင်တာနက်လုံခြုံရေးနှင့် ကိုယ်ပိုင်အခွင့်အရေး ဆိုင်ရာ နယ်ပယ်တွင်းမှ ကျွမ်းကျင်သူပညာရှင် အချို့က ကိုယ်ပိုင်အခွင့်အရေးဆိုသည်မှာ မရှိကြောင်း ယုံကြည်ကြသည်။ အင်တာနက် ကိုယ်ပိုင်အခွင့်အရေး ကိစ္စရပ်များကို သီးသန့်စူးစမ်းရှာဖွေသူ Steve Rambam (စတိဗ် ရမ်ဘမ်) ၏ အဆိုအရဆိုလျှင် "ကိုယ်ပိုင်အခွင့် အရေးဆိုတာ ဆုံးသွားပြီ– အဲဒါကို လက်ခံလိုက်စမ်းပါ" ဟူ၍ဖြစ်သည်။ လုံခြုံရေး ကျွမ်းကျင်ပညာရှင် Bruce Schneier (ဘရုစ် စန်နီယာ) က သူ၏ စာတမ်းဖြစ်သော ကိုယ်ပိုင်အခွင့်အရေး၏ တန်ဖိုး တွင် ဆိုထားသည်မှာ "ကိုယ်ပိုင်အခွင့်အရေးဆိုတာ ကျွနု်ပ်တို့အနေနဲ့ စောင့်ကြပ်ကြည့်ရှု စဉ်ကာလမှာ ဘာမှ အမှားအယွင်း မလုပ်မိတာတောင်မှ ကျွနု်ပ်တို့ကို စွမ်းအားရှိသူတွေရဲ့ နှိပ်ကွပ်မှုကနေ ကာကွယ်ပေးပါတယ်" ဟူ၍ဖြစ်သည်။

ကိုယ်ပိုင်အခွင့်အရေး ၏ အဆင့်များ

အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေးတွင် သာမန်စိတ်ဝင်စားမှုသာရှိသော သူတို့အတွက် လုံးဝ အမည်လျှို့ဝှက်ခြင်း ကိုရရှိရန် မလိုအပ်ပေ။ အင်တာနက် အသုံးပြုသူတို့ အနေနှင့် ကိုယ်ပိုင် သတင်းအချက်အလက်များ ထိန်းချုပ်ဖော်ပြခြင်းဖြင့် လုံလောက်သော လျှို့ဝှက်မှု အဆင့်ကို ရရှိပါသည်။ အိုင်ပီလိပ်စာများ ဖော်ပြခြင်း၊ မိမိဖြစ်ကြောင်းအသိအမှတ်မပြုနိုင်သော ဖော်ပြမှုနှင့် အလားတူ သတင်းအချက်အလက်များသည် အသုံးပြုသူတို့ အနေနှင့် ထိုအသေးစိတ်တို့ကို သေချာထိန်းသိမ်းရန် အမှောင့်ဆော့(ဖ်)ဝဲ(လ်)တို့ကို မပြင်ဆင်ဘဲ သုံးခြင်းတို့ဖြင့် အလွယ်တကူ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်သည်။ အခြားတစ်ဘက်မှကြည့်လျှင် အချို့သူများသည် ပိုမိုသာလွန်သော ကိုယ်ပိုင် အခွင့်အရေးကို လိုချင်ကြသည်။ ထိုကိစ္စရပ်မျိုးတွင် သူတို့သည် ကိုယ်ပိုင်လုံခြုံမှုကို သေချာစေရန် အင်တာနက်ဆိုင်ရာ အမည်လျှို့ဝှက်ခြင်း ကို ကြိုးပမ်းကြလိမ့်မည်။ ၎င်းမှာ အင်တာနက်ကို အသုံးပြုရာတွင် အခြားမည်သည့် ပြင်ပသူကိုမှ မိမိမှန်း လက်ခံ သတ်မှတ်နိုင်စေသော သတင်းအချက်အလက်များ နှင့် အင်တာနက် ဆောင်ရွက်မှုများကို ချိတ်ဆက်နိုင်ခွင့်မရစေရန် ပြုလုပ်သည်။

မိမိ၏ သတင်းအချက်အလက်များ လျှို့ဝှက်ထားရန်အတွက်မှာ မိမိတို့အနေနှင့် အွန်လိုင်းတွင် မည်သည်တို့ကို ဖြည့်သွင်းသည်၊ မည်သည်တို့ကို ကြည့်ရှုသည် ကို သတိထားကြရန် လိုအပ်သည်။ ဖောင်များကို ဖြည့်သွင်းခြင်း နှင့်ကုန်ပစ္စည်းများကို ဝယ်ယူ ခြင်းတို့ ပြုသောအခါတွင် ထိုသတင်းအချက်အလက်များမှာ လျှို့ဝှက်ခြင်းမရှိတော့သဖြင့် မိမိ တို့ကို ခြေရာခံမှု ပြုလုပ်၍ ကုမ္မဏီများအနေနှင့် အမှောင့် ဆော့(ဖ်)ဝဲ(လ်)များ၊ ဆင်တူသော ထုတ်ကုန်တို့အတွက် ကြော်ငြာများ ပို့ခြင်းတို့ ပြုလုပ်နိုင်သည်။ ကိုယ်ပိုင် သတင်းအချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံဥပဒေတွင်- Nevada (နီဗာဒါ) နှင့် Minnesota (မင်နီဆိုတာ) တို့၌ အင်တာနက် ဝန်ဆောင်မှုပေးသူများအား သူတို့၏ သုံးစွဲသူတို့ နှင့်ပတ်သက်၍ ကိုယ်ပိုင် သတင်းအချက်အလက်များကို ထိန်းသိမ်းထားစေသည်။ သုံးစွဲသူမှ သူ၏ သတင်း အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းကို ခွင့်မပြုမှသာ ၎င်းမှာ ဖြစ်နိုင်ပါသည်။ နိုင်ငံလုံးဆိုင်ရာ ပြည်နယ် ဥပဒေပြုသူများ ညီလာခံအရ၊ အောက်ပါ ပြည်နယ်များတွင် သူတို့၏ နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေး့နှင့် ပတ်သက်၍ ဥပဒေများ ထုတ်ပြန်ထားရှိသည်။

Minnesota (မင်နီဆိုတာ) ဥပဒေပြုအာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေ §§ ၃၂၅M.၀၁ မှ .၀၉ အထိတွင် သုံးစွဲသူ၏ နေရပ်လိပ်စာ သို့မဟုတ် အီးမေး(လ်)လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ် အပါအဝင် အင်တာနက် သို့မဟုတ် အွန်လိုင်း ကြည့်ရှှုမှု ဖြစ်စေ၊ အသုံးပြုသူ၏ အချက်အလက်များ သိမ်းဆည်းထားသော ပစ္စည်းတို့မှ ပါဝင်သောအချက်အလက်များဖြစ်စေ သို့မဟုတ် မိမိမည်သူဟု သက်သေပြု ဖော်ထုတ်နိုင်သော သတင်းအချက်အလက်များ ကို အင်တာနက် ဝန်ဆောင်မှုပေးသူတို့မှ ထုတ်ဖော်ခြင်း မပြုရဟု တားမြစ်ထားသည်။ သတင်း အချက်အလက်များကို ဖော်ကိုဖော်ပြရမည် ဟူသော ထိုထိုသော အခြေအနေများဖြစ်သည့် ဂျူရီလူကြီးများမှ ဖြစ်စေ၊ ပြည်နယ် သို့မဟုတ် ဗဟိုအစိုးရနှင့်ဆိုင်သော ပြဋ္ဌာန်းထားသည့် ဥပဒေ ဆိုင်ရာ ဥပဒေဝန်ထမ်းတို့မှ ဥပဒေဖိအားပြုမှု ဖြစ်စေ၊ တရားရုံး သို့မဟုတ် တရားရုံး၏ အမိန့် သို့မဟုတ် တရားရုံး၏ သက်ရောက်မှု ဖြစ်စေ တောင်းဆိုလာလျှင် ဖော်ပြရမည်ဟု သတ်မှတ်ထားသည်။ ဥပဒေကို ဖောက်ဖျက်မှုအတွက် နစ်နာကြေး ဒေါ်လာ ၅၀၀ သို့မဟုတ် အမှန်တကယ် နစ်နာကြေးငွေ နှင့် ရှေ့နေအကျိုးဆောင်ခ ပေးဆောင်ရန် သတ်မှတ် ထားရှိ သည်။

Nevada (နီဗာဒါ) ၏ ပြင်ဆင်ထားသည့် ဥပဒေပြု အာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေ § ၂၀၅.၄၉၈ - ထပ်ပေါင်း၍၊ California (ကယ်လီဖိုးနီးယား) နှင့် Utah (ယူးတား) ဥပဒေများ အရ၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းများကို အတိအကျ ရည်ညွှန်းမထားသော်လည်း၊ ငွေရေး ကြေးရေး အရ မဟုတ်သော စီးပွားရေး လုပ်ငန်းများ အားလုံးတွင် လုပ်ငန်းမှ မျှဝေမည် ဖြစ် သော သို့မဟုတ် အခြားသူတစ်ဦးအား တိုက်ရိုက်ရောင်းချမည် ရည်ရွယ်၍လည်းကောင်း သို့မဟုတ် ပေးလျော်ရန် အတွက်လည်းကောင်း သုံးစွဲမည့် မိမိ၏ ကိုယ်ရေးကိုယ်တာ ပုံစံတို့ကို အသုံးပြုသူများအား စာရေးသား၍ သို့မဟုတ် အီးမေး(လ်)နှင့်ဖြစ်စေ ဖော်ပြရမည် ဟုဆို သည်။ California (ကယ်လီဖိုးနီးယား)၏ ဥပဒေတွင် အသုံးပြုသူများအား မိမိ၏ သတင်း အချက်အလက်များ နှင့်ပတ်သက်၍ မည်သည့် အကြောင်းကြောင်းကြောင့်မှ မျှဝေခွင့် မပြု သည့် အခွင့်အရေးကို ရွေးချယ်ခွင့်ပေးသော ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်သည့် ဖော်ပြချက်မျိုးကို စီးပွားရေးလုပ်ငန်းတို့မှ ဖော်ပြပေးရသည်။ထို့ပြင် ဝက်(ဘ်)ဆိုဒ်များ၏ ကိုယ်ရေးကိုယ်တာ မူဝါဒတို့နှင့် ပတ်သက်သော အလုပ်သမားများ နှင့် စီးပွားရေးလုပ်ငန်းများ အတွက် ဥပဒေပြဋ္ဌာန်းချက်များလည်း ရှိသည်။

အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေး၏ အန္တရာယ်များ

ယနေ့ နည်းပညာကမ္ဘာထဲတွင် သန်းချီသော လူအများမှာ ကိုယ်ပိုင်အခွင့်အရေး ဆိုင်ရာ ခြိမ်း ခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ မိမိအနေနှင့် အွန်လိုင်းတွင် မည်သည်ကို ကြည့်ရှုသည် ကို စောင့်ကြည့်ရန်တင်မကဘဲ မိမိ၏သတင်းအချက်အလက်များကို ခိုးယူရန်နှင့် မိမိကြည့်ရှု ခဲ့သည့် မှတ်တမ်းပေါ်တွင် မူတည်၍ ကြော်ငြာများပို့ရန် အတွက်ပါ ကုမ္မဏီများကို ငှားရမ်းလာ ကြသည်။ လူများသည် ဖေ့(စ်)ဘွခ် တွင် သုံးစွဲခွင့်အကောင့်များဖွင့်လှစ်၍ ဝက်(ဘ်)ဆိုဒ် အများအပြားထံသို့ ဘဏ်နှင့် အကြွေးဝယ်ခွင့်ကဒ် သတင်းအချက်အလက်များကိုု ရိုက်သွင်းကြသည်။

အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေးကို စဉ်းစားသူများအနေနှင့် ကိုယ်ပိုင်အခွင့်အရေး အန္တရာယ်များ ဖြစ်သည့် အင်တာနက် အသုံးပြုခြင်းမှ ရရှိနိုင်သော အခွင့်အရေး အထိခိုက်ခံ ရနိုင်သော အချက်များကို သတိပြုကြသည်။ ထိခိုက်ခံရနိုင်သော နည်းလမ်းများမှာ အသုံးပြု သူ၏ သတင်းအချက်အလက်များကို စုစည်းခြင်းမှနေ၍ စပိုင်ဝဲ(လ်)များ ဖြန့်ဖြူးခြင်း ဟူသည့် ပိုမိုနှောင့်ယှက် ဒုက္ခပေးသော လုပ်ဆောင်မှုများနှင့် ဆော့(ဖ်)ဝဲ(လ်) အမှားတက်သည့် (ဆော့ (ဖ်)ဝဲ(လ်) အမှားများ) ပုံစံမျိုးစုံနှင့် ဖျက်စီးခြင်းတို့အထိ နည်းလမ်းမျိုးစုံရှိသည်။ ကိုယ်ပိုင်လွတ်လပ်မှု အခွင့်အရေးများကို လူမှုကွန်ယက်ဆိုဒ် အများအပြားတွင် ဖော်ပြထား လေ့ ရှိပြီး အသုံးပြုသူတို့၏ သတင်းအချက်အလက် လုံခြုံမှုများကို အကာအကွယ်ပေးရန် ကြိုးစား ဆောင်ရွက်နေကြသည်။ ဥပမာအားဖြင့် ဖေ့စ်ဘွတ်ခ်တွင် ဝင်ရောက်သုံးစွဲသူတိုင်း အတွက် ကိုယ်ပိုင်လွတ်လပ်မှု အခွင့်အရေးဆိုင်ရာ ဆက်တင်များ ရရှိနိုင်သည်။ ၎င်းတို့တွင် သင်၏ ဖော်ပြမှုတို့ကို သင်မကြည့်စေလိုသော သူအချို့တို့ ကြည့်ရှုခြင်းမှ တားမြစ်ခြင်း၊သင်၏ " မိတ်ဆွေများ" အားရွေးချယ်နိုင်ခြင်း၊သင်၏ဓါတ်ပုံနှင့်ဗွီဒီယိုများအားကြည့်ရှုခွင့်ရနိုင်သူတို့အား ကန့်သတနိုင်ခြင်း တို့ ပါရှိသည်။ ကိုယ်ပိုင်အခွင့်အရေးဆိုင်ရာ ဆက်တင်များသည် အခြားလူမှု ဆက်သွယ်ရေး ကွန်ယက် ဆိုဒ်များဖြစ်သော E-harmony (အီး-ဟာမိုနီ) နှင့် MySpace (မိုင် စပေ့) တို့တွင်လည်း ရရှိနိုင်သည်။ ၎င်းကဲ့သို့ မိမိကိုယ်ရေးအချက်အလက်များ အင်တာနက်ပေါ်တွင် ထားရှိသည့်အခါ ထိုသို့ဆက်တင်များ ထားရှိခြင်းသည် အသုံးပြုသူ၏ အခွင့်အာဏာ ပင်ဖြစ်သည်။

အိတ်(ချ်)တီတီပီ ကွတ်ကီးများ

အိတ်(ချ်)တီတီပီဆိုင်ရာ အင်တာနက်အတွင်း ကျန်ရှိနိုင်သော ဖိုင်ငယ်များဖြစ်သည့် အိတ်(ချ်)တီတီပီ ကွတ်ကီး ဆိုသည်မှာ အသုံးပြုသူ၏ ကွန်ပျူတာပေါ်တွင် ဝက်(ဘ်)ဆိုဒ်နှင့် ဝက်(ဘ်)ဆိုဒ်ဆိုင်ရာ အချက်အလက်များ သို့မဟုတ် ရှုပ်ထွေးသော ဝက်(ဘ်)ဆိုဒ် များတွင် လိုအပ်သည့်အခြား ဖော်ပြထားသော သတင်းအချက်အလက်များ အလိုအလျောက် သုံးစွဲခွင့်ကို ကူညီပေးသည့် အချက်အလက်စုဆောင်းပေးမှု ဖြစ်သည်။ ၎င်း ကွတ်ကီးတစ်ခု အတွင်းတွင် သုံးစွဲခဲ့မှု မှတ်တမ်း အချက်အလက်ကို အထူးသိမ်းဆည်းခြင်းဖြင့် သုံးစွဲသူအား ခြေရာခံရာတွင်လည်း သုံးနိုင်သည်။ ကွတ်ကီးများသည် ကိုယ်ပိုင် အခွင့်အရေး နယ်ပယ်တွင် အထူး သတိပြုရမည့် အရာများဖြစ်သည်။

အကျိုးဆက်အနေနှင့် အချို့သော ကွတ်ကီးပုံစံများကို ခြေရာခံသည့် ကွတ်ကီး ဟု အဆင့်သတ်မှတ်ထားသည်။ ဝက်(ဘ်)ဆိုဒ် တည်ဆောက်ရေးသားသူများမှ ကွတ်ကီးကို တရားဝင်သော နည်းပညာဆိုင်ရာ ရည်ရွယ်ချက်များနှင့် အများဆုံး အသုုံး ပြုသော်လည်း အလွဲသုံးမှုကိစ္စများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၀၉ တွင် လေ့လာရှာဖွေသူ နှစ်ဦး မှသတိပြုမိသည်မှာ လူမှုဆက်သွယ်မှု ကွန်ရက်များတွင်သုံးသော ဖော်ပြချက်များသည် ကြည့်ရှုလေ့ရှိသော အလေ့အထများနှင့် ချိတ်ဆက်ခွင့်ကို ပြုထားခြင်းဖြင့် ထိုလူမှုဆက်သွယ်မှု ဖော်ပြချက်များသည် ကွတ်ကီးများနှင့် ချိတ်ဆက်မှုပြုထားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။စနစ်များမှာ ယေဘုယျအားဖြင့် အသုံးပြုသူအား ကွတ်ကီးသိမ်းဆည်းမှုကို ရှင်းရှင်းလင်းလင်း သတိထားမိအောင် ပြုလုပ်ခြင်းမရှိပေ။ (အချို့သော အသုံးပြုသူများမှ ၎င်းကို ကန့်ကွက်သော်လည်း အင်တာနက်ဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေးနှင့် မှန်ကန်စွာ ဆက်နွယ်ခြင်းမရှိပေ။) သို့သော်လည်း သွယ်ဝိုက်သောအားဖြင့် ကွန်ပျူတာ ကိုယ်ပိုင်အခွင့်အရေးနှင့် ကွန်ပျူတာ မှုခင်းပညာတွင် သီးသန့် ပါဝင်နေသည်။

ကွတ်ကီးကို မူရင်းရေးသားသူတို့မှ စိတ်ကူးသည်မှာ ဝက်(ဘ်)ဆိုဒ်များမှ သိမ်းထားသော ကွတ်ကီးကို အသုံးပြု၍ အသုံးပြုသူများအနေနှင့် ထိုဝက်(ဘ်)ဆိုဒ်များကို ပြန်လည် ခေါ်ယူနိုင် ရန်ဖြစ်သည်။ ထိုနည်းဖြင့် ဝက်(ဘ်)ဆိုဒ်မှ ရှိပြီးဖြစ်သောမိမိတို့၏ သတင်းအချက်အလက်များ ကိုသာ ရယူနိုင်သည်။ သို့သော်လည်း လက်တွေ့တွင် ပရိုဂရမ်ရေးသူများက ထိုထိန်းချုပ်ကန့် သတ်မှုတို့ကို ရှောင်ကြဉ်နိုင်ခဲ့သည်။ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်တို့မှာ-

  • မိမိ မည်သူမည်ဝါဖြစ်သည်ကို သက်သေခံမှုကို ဘရောက်ဆာတွင်း ထားရှိ၍ ဝက်(ဘ်) ပေါ်တွင် ဖော်ပြခြင်းကိုပြုလုပ်ရန် (အောက်တွင် ကြည့်ရှုရန်)၊ သို့မဟုတ်၊
  • ဆန့်ကျင်ဘက် နေရာယူရေးသားခြင်း ကိုသုံးစွဲ၍ သို့မဟုတ် အခြားသော နည်းလမ်း များကို သုံးစွဲ၍ အသုံးပြုသူ၏ ကွတ်ကီးမှ သတင်းအချက်အလက်များကို ခိုးယူရန်။

အချို့သုံးစွဲသူများက သူတို့၏ ဝက်(ဘ်) ဘရောက်ဆာများတွင် ကွတ်ကီး အသုံးမပြုရန် ရွေး ချယ်ထားကြောင်း - ၂၀၀၀ Pew (ပီး) ဆန်းစစ်လေ့လာချက် ခန့်မှန်းတွက်ချက်မှုများမှ ၄% သော အသုံးပြုသူများရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ထားလျှင် အလားအလာရှိသော ကိုယ်ပိုင် အခွင့်အရေးဆိုင်ရာ အန္တရာယ်များကို ဖယ်ရှားပြီးသားဖြစ်သော်လည်း ဝက်(ဘ်) ဆိုဒ်များ၏ လုပ်ဆောင်ချက်များကို ဆိုးရွားစွာ ကန့်သတ်ခြင်းမျိုး ဖြစ်နိုင်သည်။ အားလုံးသော ဝက်(ဘ်) ဘရောက်ဆာများတွင် နဂိုကတည်းက ထိုသို့ ပြုလုပ်နိုင်မှု စွမ်းရည်ပါရှိပြီး အခြား ပြင်ပ ပရိုဂရမ်တစ်ခု မလိုအပ်ချေ။ အခြားတစ်နည်းအနေနှင့် အသုံးပြုသူသည် သိမ်းဆည်း ထားသော ကွတ်ကီးများကို မကြာခဏဖျက်ပစ်ခြင်း ပြုနိုင်သည်။ အချို့သော ဘရောက်ဆာများ ( Mozilla Firefox (မော်ဇီလာ ဖိုင်းရားဖော့(ဇ်)) နှင့် Opera (အော်ပရာ) ကဲ့သို့သော) မှာ ကွတ်ကီးများကို ရှင်းလင်းပစ်ရန် ဘရောက်ဆာကို ပိတ်သည့်အခါတိုင်း အလိုအလျောက် မေးမြန်း တောင်းဆိုပါသည်။ တတိယအချက်မှာ ပုံမှန်အားဖြင့် ကွတ်ကီးများကို ခွင့်ပြု၍ ၎င်းတို့၏ ဖျက်ဆီးမှုကို ကာကွယ်ခြင်း ဖြစ်သည်။ ကွတ်ကီးများကို လမ်းကြောင်းလွဲ၍ သိမ်းဆည်းထား သော အချက်အလက်များကို အခြားတစ်နေရာတွင် ထားရှိသည့် လုပ်ဆောင်ချက်ပြုသည့် သိမ်းဆည်းလက်ခံရာ နေရာမျိုးလည်း ရှိပါသည်။

ဖော်ပြခြင်း ဖြစ်စဉ် ("ခြေရာခံခြင်း" ဟုလည်းသိကြ) သည် များစွာသော အဖြစ်အပျက်များကို အတူစုပေါင်း၍ သေချာစွာစစ်ဆေးပြီး (ဖြစ်နိုင်ခြေရှိသော အရာတစ်ခုခြင်းမှ တစ်ခုခု ထင်ထင် ရှားရှားဖြစ်ပေါ်လာစေခြင်း) တစ်စုံတစ်ရာ ဖြစ်ပေါ်လာမှုနှင့် ပတ်သက်သော သတင်းအချက် အလက် ရရှိရန် (အထူးသဖြင့် ဖြစ်ပေါ်ပုံ ဖြစ်စဉ်များ) ဖြစ်သည်။ အချို့သော အဖွဲ့အစည်းများမှ သူတစ်ပါး၏ ဝက်(ဘ်) ကြည့်ရှုမှုကို ကြည့်ရှုခဲ့သော ဆိုဒ်များ၏ လိပ်စာ ယူအာအယ်(လ်)များ ကို စုစည်းခြင်းဖြင့် ခြေရာခံ ဆောင်ရွက်ကြသည်။ ရရှိလာသော ခြေရာခံမှုသည် ဝက်(ဘ်) ကြည့်ရှုသူ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်သော သတင်းအချက်အလက်များ နှင့် ချိတ်ဆက်မှုပြုနိုင်သည့် အလားအလာဖြစ်သည်။အချို့ဝက်(ဘ်)ကို မှီခိုသော ဈေးကွက်ရှာဖွေမှု အဖွဲ့အစည်းများသည် ထိုပြုလုပ်ချက်များကို တရားဝင်ပြုနေကြသည်။

ဥပမာ 'ပုံမှန်အင်တာနက်သုံးစွဲသ'ူ ၏ ပုံစံကိုတည်ဆောက်ရန် အတွက်၊ ထိုပုံစံသည် လက်တွေ့သုံးစွဲသူ တစ်ဦးချင်းစီထက် အင်တာနက်သုံးစွဲသူအများစု၏ ပျမ်းမျှ အမျိုးအစားဖြစ်သဖြင့် ဈေးကွက် စစ်တမ်း များအတွက် အသုံးတည့်ကြောင်း ဖော်ပြ သည်။ ထိုစုဆောင်းထားသောအချက်များမှာ ကိုယ်ပိုင်အခွင့်အရေး ချိုးဖောက်မှုတွင် မပါဝင် သော်လည်း၊ အချို့သော သူများမှာ တစ်ဦးခြင်းစီအတွက် ပုံစံဖော်ပြခြင်းသည် ချိုးဖောက်မှု ပါဝင်ကြောင်း ယုံကြည်ကြသည်။ပုံစံပြုဖော်ပြခြင်းသည် အချက်အလက်များသည် လူတစ်ဦးချင်းစီနှင့် တိုက်ဆိုင်၍ မည်သူမည် ဝါဖြစ်သည်ဟု ဖော်ပြနိုင်သော သတင်းအချက်များ ပါဝင်လာသောအခါ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်လာသည်။အစိုးရနှင့် အဖွဲ့အစည်းများအနေနှင့် honeypot (ဟန်နီပို့(တ်)) ကဲ့သို့သော ထောင်ဖမ်းနိုင်သည့် ဝက်(ဘ်)ဆိုဒ်များကို အငြင်းပွားစဖွယ် အကြောင်းအရာများ ထည့်သွင်း၍ တည်ထောင်လာ ကြသည်။ ယင်းမှာ ဂရုမထားသောသူများကို စွဲဆောင်ခြင်းနှင့် ခြေရာခံခြင်းတို့အတွက် ရည်ရွယ်သည်။ ၎င်းသည် တစ်ဦးချင်းစီအတွက် အန္တရာယ်ရှိနိုင်သော အချက်များ ပါဝင်သည်။

ရုတ်တရက်ရရှိသော အင်တာနက်အတွင်း ကျန်ရှိနိုင်သော ဖိုင်ငယ်များ

ရုတ်တရက်ရရှိသော အင်တာနက်အတွင်းကျန်ရှိနိုင်သည့် ဖိုင်ငယ်များ (ဖလက်(ရှ်)ကွတ်ကီး) သည် တစ်နေရာတွင်း မျှဝေသော အရာများ ဟုလည်း ခေါ်ဆို၍ ပုံမှန် ကွတ်ကီးများ နှင့် အလုပ်လုပ်ပုံ ပုံစံခြင်း အတူတူပင်ဖြစ်ပြီး Adobe Flash Player (အက်ဒိုဘီ ဖလက်(ရှ်) ပလေယာ) ကိုသုံး၍ အသုံးပြုသူ၏ ကွန်ပျူတာတွင် သတင်းအချက်အလက်များကို ထားသိုသည်။ ၎င်းတို့မှလည်း အလားတူ ကိုယ်ပိုင်အခွင့်အရေး ပျက်စီးမှုအန္တရာယ်များ ရရှိနိုင်သော်လည်း လွယ်ကူ စွာ ပိတ်ဆို့၍မရပေ။ အကြောင်းမှှာ ဘရောက်ဆာအများစုတွင် ပါဝင်သော ကွတ်ကီး လက်မခံ ရန်ရွေးချယ်နိုင်သည့်အချက်မှာ ထို ဖလက်(ရှ်) ကွတ်ကီးများကုုိ အကျိုးသက်ရောက်မှု မရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့ကို ကြည့်ရှှုထိန်းချုပ်နိုင်သော နည်းတစ်မျိုးမှာ Mozilla Fire fox (မော်ဇီလာ ဖိုင်းရားဖော့(ဇ်)) အသုံးပြုသူတို့အတွက် ကိုုယ်ပိုင်အခွင့်အရေး ပိုမိုကောင်းမွန် စေရန် ထပ်မံ ထည့်သွင်းအသုံးပြုရသော ဆော့(ဖ်)ဝဲ(လ်) များပင်ဖြစ်သည်။

အင်တာနက်ပေါ်ရှိပုံများ

Wikimania (ဝီကီမနီယား) တွင် တင်ထားသော 'ဓါတ်ပုံကန့်ကွက်မှု' ကြော်ငြာ

ယနေ့ခေတ်တွင် လူအတော်များများ၌ ဒစ်ဂျစ်တယ် ဓါတ်ပုံကင်မရာများ ရှိပြီး သူတို့၏ ဓါတ်ပုံများကို အွန်လိုင်းတွင် တင်လေ့ရှိကြသည်။ ထိုဓါတ်ပုံများတွင် ဖော်ပြခံရသောသူတို့မှာ အင်တာနက် ပေါ်တွင် အတင်ခံရခြင်းကို မလိုလားသူတို့လည်း ပါဝင်သည်။ အချို့သော အဖွဲ့အစည်းများမှာ ကိုယ်ပိုင်အခွင့်အရေးနှင့် ပတ်သက်ဆက်နွယ်ပြီး တုံ့ပြန်မှု များဆောင်ရွက်ရန် ကြိုးပမ်းလာကြသည်။ ဥပမာ ၂၀၀၅ Wikimania (ဝီကီမနီယား) အစည်း အဝေးတွင် ဓါတ်ပုံဆရာများသည် ၎င်းတို့၏ပုံများတွင် ပါဝင်သောသူများ၏ ခွင့်ပြုချက်ကို ဦးစွာတောင်းခံမှု လိုအပ်သည်ဟူသော အချက်များ ပါဝင်လာသည်။ အချို့သော သူများမှာ ဓါတ်ပုံကို ကန့်ကွက်သည့် ကြော်ငြာများတင်၍ သူတို့၏ပုံများရိုက်ကူးခံရခြင်းကို လက်မခံ နိုင်ကြောင်း ပြသကြသည်။

အင်တာနက် ဝန်ဆောင်မှုပေးသူများ

အင်တာနက်အသုံးပြုသူများသည် အင်တာနက် ဝန်ဆောင်မှုပေးသူများ (အိုင်အက်(စ်)ပီ) ဆီမှ အင်တာနက် သုံးစွဲခွင့်ကို ရရှိကြသည်။ အသုံးပြုနေကြသူများအကြား သတင်းအချက်အလက် များစီးဆင်းမှုမှာ ထိုအိုင်အက်(စ်)ပီ များကို ဖြတ်သန်းလာကြသည်။ သို့ဖြစ်ရာ အိုင်အက်(စ်)ပီတို့ အနေနှင့် အသုံးပြုသူတို့၏ အင်တာနက်ပေါ်တွင် လုပ်ဆောင်မှုများကို စောင့်ကြည့်ရှုနေ သည့် ဖြစ်နိုင်ခြေများ ရှိပါသည်။သို့သော်လည်း၊ အိုင်အက်(စ်)ပီတို့မှာ ထိုသို့သော လုပ်ငန်းဆောင်တာများတွင် ပါဝင်ပတ် သက်နေခြင်းမှ တရားဥပဒေအရ၊ ကျင့်ဝတ်စည်းကမ်းများအရ၊ စီးပွားရေးရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အကြောင်းပြချက်တို့နှင့် ကာကွယ်ထားပါသည်။

ထိုတရားဥပဒေ နှင့် လူ့ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်များ ရှိသော်လည်း အချို့သော အိုင် အက်(စ်)ပီ ဖြစ်သည့် ဗြိတိသျှ တယ်လီကွန်း (ဘီတီ) မှ Phorm (ဖွန်) ကဲ့သို့သော ကုမ္ပဏီမှ ပေးသည့် သတင်းအချက်အလက်များ အတွင်းကျကျ စူးစမ်းဖော်ထုတ်ခြင်း နည်းပညာကို အသုံးပြု၍ သုံးစွဲသူများ ကြည့်ရှုသွားသည့် စာမျက်နှာများ၏ ပါဝင်မှုတို့ကို စစ်ဆေးရန် စီစဉ် နေကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတစ်ယောက်၏ ဝက်(ဘ်) ကြည့်ရှုမှု အလေ့အထ မှတ် တမ်းကိုတည်ဆောက်၍ ကြော်ငြာသူများကို ထိရောက်သော ကြော်ငြာဦးတည်မှု ပြုလုပ်ရန် ရောင်းချခြင်း တို့ကို ပြုလုပ်နိုင်သည်။ ဘီတီ၏ ထိုကြိုးပမ်းချက်မှာ အကျိုးရှိသော 'ဝက်(ဘ်) လုပ်ငန်း' ဟူ သောအမည်အောက်တွင် ရောင်းချခြင်းပြုပါသည်။

ပုံမှန်အားဖြင့် အိုင်အက်(စ်)ပီတို့သည် သူတို့၏ ဝန်ဆောင်မှုကို သုံးစွဲသော စားသုံးသူတို့၏ အချို့သော သတင်းအချက်အလက်များကို စုစည်းထားလေ့ရှိပါသည်။ ကိုယ်ပိုင် အခွင့်အရေး ဆိုင်ရာ ရှုထောင့်မှကြည့်လျှင် အိုင်အက်(စ်)ပီတို့မှာ သတင်းအချက်အလက်များကို ၎င်းတို့ အင်တာနက် ဆက်သွယ်မှု ပေးဆောင်ရန်အတွက် လိုအပ်သမျှ နည်းနိုင်သမျှ အနည်းဆုံး ပမာဏခန့်သာ စုဆောင်းလေ့ရှိသည်။ (အိုင်ပီ လိပ်စာ၊ သက်ဆိုင်သော ပြေစာတောင်းရန် သတင်းအချက်အလက် စသည်)။

အိုင်အက်(စ်)ပီမှ မည်သည့် သတင်းအချက်အလက်ကို စုဆောင်းသည်၊ ထိုအချက်အလက် နှင့် ဘာလုပ်သည်နှင့် သူ၏စားသုံးသူများကို အသိပေးမှုပြုသည်၊ မပြုသည်တို့သည် ကိုယ်ပိုင် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေးပါသော မေးခွန်း ထုတ်ဖွယ်ရာများ ဖြစ်လာ သည်။ ထိုစုဆောင်းထားသော မိမိတို့၏ သတင်းအချက်အလက်များကို သုံးစွဲခြင်းအပြင် အိုင် အက်(စ်)ပီ မှဖော်ပြထားသည်မှာ အစိုးရဆိုင်ရာ အာဏာပိုင်တို့မှ တောင်းဆိုလာခဲ့လျှင်လည်း ထိုစုဆောင်းထားသော သတင်းအချက်အလက်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုပါ သည်။ အမေရိကန်ပြည်ထောင်စု နှင့် အခြားသောနိုင်ငံများတွင် ထိုတောင်းဆိုမှုမျိုး အတွက် ၀ရမ်း မလိုအပ်ပါချေ။

အိုင်အက်(စ်)ပီ တစ်ခုအနေနှင့် ကောင်းမွန်စွာ ကုတ်ထည့်သွင်းထားသော သတင်းအချက်အ လက်များ ၎င်း၏ စားသုံးသူများနှင့် အင်တာနက်အကြား ဖြတ်သန်းနေမှုကို မသိနိုင်ပေ။ ဝက် (ဘ်) လမ်းကြောင်းများကို ကုတ်ထည့်သွင်းသုံးစွဲခြင်းအတွက် အိတ်(ချ်)တီတီပီ လုံခြုံမှု သည် လူသိအများဆုံးနှင့် ထောက်ပ့ံမှုအပေးနိုင်ဆုံး စံနှုန်းတစ်ခုဖြစ်လာသည်။ အသုံးပြုသူမှ အချက် အလက်များကို ကုတ်ထည့်သွင်းလျှင်ပင် အိုင်အက်(စ်)ပီမှ ပေးပို့သူနှင့် လက်ခံသူတို့၏ အိုင်ပီ လိပ်စာများကို သိနေနိုင်သေးသည်။ (သို့သော်လည်း ပြဿနာများကို ပြင်ဆင်မှု မပြု လုပ်ဘဲ ကျော်လွှားခြင်းကို အိုင်ပီ လိပ်စာများ အပိုင်းကိုကြည့်ပါ)

မိမိ မည်သူမှန်းမသိအောင် ပြုလုပ်ပေးသည့် ဆော့(ဖ်)ဝဲ(လ်) ဖြစ်သော အိုင်၂ ပီ-အမည်မသိ ကွန်ရက် သို့မဟုတ် Tor (တော်) တို့ကိုသုံးစွဲ၍ မိမိ၏ အိုင်ပီ လိပ်စာနှင့် မိမိ မည်သည့် ဝန်ဆောင်မှုများ သုံးစွဲရရှိနေသည်ကို အိုင်အက်(စ်)ပီများ မသိစေဘဲ ဝက်(ဘ်) ဝန်ဆောင်မှု များ ရရှိအောင်ပြုလုပ်နိုင်သည်။ အင်တာနက်အသုံးပြုသူ ကိုယ်ပိုင်အခွင့်အရေးနှင့် ပတ်သက်သော ယေဘုယျ အရေးကိစ္စများသည် ကုလသမဂ္ဂ အေဂျင်စီတစ်ခုအတွက် မိမိမည်သူဖြစ်သည်ဟုလိမ်လည်မှု အန္တရာယ်များများအကြောင်း အစီရင်ခံစာတစ်ခု ထုတ်ပြန်ရန် လုံလောက်သော အကြောင်းတစ်ခု ဖြစ်လာသည်။

သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်း

ပရိုဂရမ်များနှင့် လည်ပတ်မှုစနစ်များမှာ သုံးစွဲမှုတို့၏ သတင်း အချက်အလက် မှတ်တမ်းတင် ခြင်း များဆောင်ရွက်ရန် ပြုလုပ်ထားသည်။ ၎င်းတွင် ကွန်ပျူတာသုံးစွဲမှု ပြုနေစဉ် အချိန်ကို မှတ်သားထားခြင်း သို့မဟုတ် မည်သည့် ဝက်(ဘ်)ဆိုဒ်များ ကြည့်ရှုသည်ကို မှတ်သားထားခြင်းများ ပါဝင်နိုင်သည်။ အခြားပြင်ပမှ တစ်စုံတစ်ယောက်မှာ ကွန်ပျူတာကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ထိန်းချုပ်ခွင့် ရရှိသည်ဆိုလျှင် သုံးစွဲသူ၏ ကိုယ်ပိုင်အခွင့်အရေးကို ဖောက်ဖျက်စေ နိုင်သည်။ ၎င်းကို မှတ်တမ်းကူးယူခြင်း မပြုလုပ်စေခြင်းဖြင့် သို့မဟုတ် မှတ်တမ်းများကို မှန်မှန် ရှင်းပစ်ခြင်းဖြင့် ရှောင်ရှားနိုင်သည်။

ဥပဒေဘက်မှ ခြိမ်းခြောက်မှု အန္တရာယ်များ

အင်တာနက်သုံးသူတို့၏ သတင်းအချက်အလက်များကို ခြေရာခံရန်နှင့် စုစည်းရန် ပြုလုပ်တည်ဆောက်ထားသော အစိုးရအေဂျင်စီတို့၏ နည်းပညာကို အသုံးချသုံးစွဲမှုတို့သည် ကိုယ်ပိုင် အ ခွင့်အရေးဆိုင်ရာ ထောက်ခံအားပေးသူများ၊ အရပ်သား လွတ်လပ်ခွင့်လိုလားသူများ နှင့် လျင်မြန်စွာ ပြောင်းလဲနေသော ဆက်သွယ်မှုဆိုင်ရာ နည်းပညာများတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အတွက် ထိုအချက်များကို ဥပဒေအရ ဖိအားပေးရန်လိုအပ်သည်ဟု ယုံကြည်ကြသူများ အကြား တွင် အငြင်းပွားစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

  • တိကျသော ဥပမာများ၂၀၀၉ ဇန်နဝါရီတွင် Brussels (ဘရပ်(စ်) ဆယ်(စ်)) ရှိ ဥရောပသမဂ္ဂ ကောင်စီ ၏ ဝန်ကြီးများ ဆုံးဖြတ်ချက်အရ ယူကေ၏ ပြည်ထဲရေးရုံးမှ ရဲသားတို့ အနေနှင့် လူတစ်ဦးချင်းစီ၏ ကွန်ပျူတာတွင် ပါရှိသည့်အရာများကို ၀ရမ်းမပါဘဲ ရယူရန် ခွင့်ပြုသည့် အစီအစဉ်ကို လက်ခံကျင့်သုံးခဲ့သည်။ ထိုဖြစ်စဉ်ကို "အဝေးမှ ရှာဖွေခြင်း" ဟုခေါ်ပြီး အဝေးတစ်နေရာရှိ တစ်စုံတစ်ယောက်အား အခြားတစ်ယောက်၏ ဟာဒ့်ဒစ် နှင့် အီးမေး(လ်)၊ သွားလာကြည့်ရှုခဲ့သော မှတ်တမ်းနှင့် ဝက်(ဘ်) ဆိုဒ်များ အပါအဝင် အင်တာနက်သုံးစွဲမှုများကို စစ်ဆေးကြည့်ရှုခွင့် ပြုခြင်းဖြစ်သည်။

အီးယူတွင် ရှိသော ရဲသားများမှာ ယခုအခါ ဗြိတိသျှ ရဲသားတို့ကိုယ်စား အဝေးမှရှာဖွေ ခြင်း ဆောင်ရွက်မှုကို တောင်းဆိုရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ အထက်အရာရှိတစ်ဦးသည် ဆိုးရွားသော ဒုစရိုက်မှုတစ်ခုကို ကာကွယ်ရန် လိုအပ်သည်ဟု ယုံကြည်ပါက ရှာဖွေမှုကို ခွင့်ပြုနိုင်ပြီး ကောက်ယူ ရရှိသော ပစ္စည်းများကို သိမ်းဆည်း၍ သက်သေအထောက်အထားအဖြစ် အသုံးပြုသည်။ အတိုက်အခံ လွှတ်တော်အမတ်များနှင့် အရပ်သား လွတ်လပ်ခွင့် လိုလားသူများက ဤသို့ပြုလုပ်ခြင်းသည် ကျယ်ပြန့်သော စောင့်ကြပ်ကြည့်ရှုမှုနှင့် ကိုယ်ပိုင် အခွင့်အရေး ပေါ်တွင် ထိခိုက်မှု ဖြစ်နိုင်ခြေများဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း သတိပြုလာကြသည်။ လူ့အခွင့်အရေးဆိုင်ရာလွတ်လပ်မှု ဒါရိုက်တာ Shami Chakrabarti (ဆဟာမီ ချကရာ ဘာတီ) မှဆိုသည်မှာ “ပြည်သူလူထုအနေနှင့် ၎င်းကို ဥပဒေအသစ် တစ်ရပ် ပြုလုပ်ခြင်း နှင့် တရားရေး ခွင့်ပြုမိန့် ပြုလုပ်ခြင်းတို့ဖြင့် ထိန်းချုပ်မှုပြုရန် လိုလားနေကြသည်။ ထိုကာကွယ်မှုများ မရှိဘဲနှင့် ပြုလုပ်ခြင်းမှာ ကိုယ်ပိုင်အခွင့်အရေးကို ချိုးဖောက် ဖျက်ဆီး ခြင်း သင်္ကေတပင် ဖြစ်သည်” ဟုဆိုသည်။

  • အက်(ဖ်)ဘီအိုင်၏ မှော်မီးအိမ် အမည်ရ ဆော့(ဖ်)ဝဲ(လ်)မှာ ၂၀၀၁ နိုဝင်ဘာလ တွင် လူထုအတွင်းသိရှိခဲ့ရာမှ အငြင်းပွားစရာ အကြောင်းအရာဖြစ်လာသည်။ မှော်မီးအိမ်သည် လျှို့ဝှက်ကုတ်အသုံးပြုမှုကို အကျိုးမဲ့ စေလျှက် သုံးစွဲသူ ရိုက်နှိပ်သော စာများကို မှတ်တမ်းကူးသော ထရိုဂျန်မြင်း ပရိုဂရမ် တစ်မျိုးဖြစ်သည်။

အခြားဖြစ်နိုင်ခြေရှိသော အင်တာနက် ကိုယ်ပိုင်အခွင့်အရေး၏ အန္တရာယ်များ

  1. အနှောင့်အယှက်ပေးသော စပိုင်ဝဲ(လ်) မော(လ်)ဝဲ(လ်)
  2. ဝက်(ဘ်) ပေါ်မှ ထည့်သွင်းနှောင့်ယှက်မှု (အိတ်(ချ်)တီအမ်အယ်(လ်) ရရှိထားသော အီးမေး(လ်))
  3. လူမှု ဆက်သွယ်မှု တည်ဆောက်ရေးများ
  4. လိမ်လည်လှည့်ဖျား၍ ကိုယ်ပို်င်အချက်အလက်များယူခြင်း
  5. အန္တရာယ်ပေးနိုင်သော ကြားခံဆာဗာ (သို့မဟုတ် "မိမိကိုယ်ဖုံးကွယ်ပေးသော" အခြားဝန်ဆောင်မှုများ)

တိကျသော အထောက်အထားများ

Jason Fortuny (ဂျေဆန် ဖောကျူနီ) နှင့် ဗဟိုချုပ်ကိုင်သော အွန်လိုင်း အစုအဖွဲ့ ကွန်ရက်

၂၀၀၆ စက်တင်ဘာလ အစောပိုင်းတွင် Seattle (ဆီရပ်တယ်) ဒေသ အလွတ် ဂရပ်ဖစ် ရေးဆွဲ သူနှင့် ကွန်ရက်စီမံခန့်ခွဲသူဖြစ်သော ဂျေဆန် ဖောကျူနီသည် ဗဟိုချုပ်ကိုင်သော အွန်လိုင်း အစုအဖွဲ့ ကွန်ရက်ဟူသည့် Seattle (ဆီရပ်တယ်) ရှိ ထိုဒေသတွင်း အမျိုး သားများနှင့် အပျော်အပါးကိစ္စ ဆောင်ရွက်လိုကြောင်း အမျိုးသမီးအဖြစ် ဟန်ဆောင်၍ ကြော်ငြာ ပေးပို့ခဲ့သည်။ စက်တင်ဘာလ ၄ တွင် သူက ဝီကီ ဝက်(ဘ်)ဆိုဒ် ဖြစ်သော Encyclopædia Dramatica (အင်ဆိုက်ကလိုပီဒီယား ဒရာမာ တီကာ) တွင် တုံ့ပြန်မှု ၁၇၈ခုလုံးကို တင်ပြခဲ့သည်။ ၎င်းတို့တွင် ဓါတ်ပုံနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် အသေး စိတ်များ အပြည့်အစုံပါဝင်ပြီး ယင်းမှာ ဗဟိုချုပ်ကိုင်သော အွန်လိုင်း အစုအဖွဲ့ ကွန်ရက်၏ စမ်း သပ်မှုဟုဖော်ပြပြီး ထိုတုန့်ပြန်မှုပြုသူများကို မည်သူဖြစ်ကြောင်း ပိုမ်ိုဖော် ထုတ်ရန် အခြားသူ များကို တိုက်တွန်းခြင်းပြုနိုင်ခဲ့သည်။

အချို့သော အွန်လိုင်း ကိုယ်ရေးကိုယ်တာအချက်များ ဖော်ပြမှုမှာ မဟုတ်မမှန်ပြုလုပ်ခြင်းကို ဖော်ပြခြင်းအတွက် တရားမျှတသည်ဟု မြင်ရသော်လည်း ဖောကျူနီ၏ ကိစ္စနှင့် ပတ်သက်၍ သတင်းထောက်အများမှ မည်သို့သော တရားမျှတမှုမျိုးကိုမှ မမြင်ပါဟုဆိုသည်။ Wired (ဝီရဒ်) မဂ္ဂဇင်း၏ စာရေးဆရာ Ryan Singel (ရိုင်ယန် စင်ဂယ်)က ဖောကျူနီ ကို "လူမှုရေးကိစ္စများကို မုန်းတီးသော စိတ်ရောဂါသည်”ဟု သရုပ်ဖော်ပြီး ဥပဒေ ပါမောက္ခ Jonathan Zittrain (ဂျိုနသန် ဇစ်ထရာအင်)က "ဖောကျူနီ ကို ပြန်လည်ဖြေကြားသော သူများသည် မည်သည့် တရားမဝင်မှုကိုမှ ပြုလုပ်ခြင်း မရှိပါ၊ သို့ဖြစ်ရာ မိမိနှစ်သက်ရာအပျော်အပါးကိစ္စကို ဖော်ထုတ်ပြသခြင်းသည် အွန်လိုင်းနှင့် လူ တို့၏ဘဝများကို အနှောင့်အယှက်ပြုနိုင်သည်ဟူသောအချက်မှလွဲ၍ လူ့အသိုင်းအဝိုင်းကို ပျက် စီးစေသည်ဟူသော အချက်ကို မတွေ့ရပါ" ဟုဆိုသည်။

အီလက်ထရွန်းနစ် နယ်ပယ်သစ် အဖွဲ့အစည်းမှ ဖော်ပြသည်မှာ ဖောကျူနီသည် ဝါရှင်တန် ပြည်နယ်ဥပဒေအရ တာဝန်ရှိသူ ဖြစ်သည်ဟု ထင်ကြောင်းဆိုပြီး ၎င်းမှာ သူဖော်ပြ လိုက်သော သတင်းသည် အများပြည်သူနှင့်သက်ဆိုင်သည်ဟု တရားဝင် သတ်မှတ်ခြင်းခံရ၊ မရပေါ်တွင် မူတည်ကြောင်းဆိုသည်။ ၎င်းးအဖွဲ့၏ အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ Kurt Opsahl (ကတ့် အော့ဆာ(လ်)) မှ ဆိုသည်မှာ " ကျွနု်ပ်သိရသလောက်ဆိုလျှင် တုံ့ပြန်သူများ သည် အများပြည်သူအကြားထင်ရှားသည့် သူများမဟုတ်သဖြင့် အများပြည်သူနှင့် သက်ဆိုင် သော ကိစ္စဟူ၍ သတ်မှတ်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ဆိုပါသည်။"

ဖောကျူနီ၏အဆိုအရ သူ၏ ဗဟိုချုပ်ကိုင်သော အွန်လိုင်း အစုအဖွဲ့ ကွန်ရက် စမ်းသပ်ချက်၏ အကျိုးဆက်အဖြစ် လူနှစ်ယောက်မှာ အလုပ်ပြုတ်သွားပြီး "ကိုယ်ရေးကိုယ် တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း အဖြစ် ဖောကျူနီ အား Illinois (အီလီနွီုက်) တရားရုံးတွင် တရားစွဲဆိုမှု ပြုခဲ့သည်။" အီလီနွီုက်ကဲ့သို့သော ခိုင်မာသည့်တရားရုံးချုပ်ရှေ့နေ ရှေ့မှောက်သို့ ဖောကျူနီသည် ရောက်ရှိလာခြင်းလည်းမရှိ၊ ရှေးဦး ပြင်ဆင်ဖြည့်စွက်ချက်များ ပြုလုပ်ပြီး သော်လည်း ပြန်လည်ဖြေဆိုခြင်းမပြုခဲ့ပေ။ မစ္စတာ ဖောကျူနီအား ဆင့်ခေါ် ခြင်းကို ရှောင်ရှားသူအဖြစ် အမှုဖွင့်ခံရသော်လည်း အီလီနွီုက်၏ ကွတ်ကောင်တီ ရှိ Circuit (ဆားကစ်) တရားရုံးတွင် သူကအမှု ဖွင့်ခဲ့သည်။ ရလဒ်အနေနှင့် တရားရုံးမှ Mr.Fortuny (မစ္စတာ ဖောကျူနီ) အား ပြုထားပြီးသောပြစ်ဒဏ် ချမှတ်၍ ၂၀၀၉ ဇန်နဝါရီလ ရ အတွက် နစ်နာမှုလျော်ကြေးပေးစေရန် တရားရုံးတွင် နာကြားစေသည်။ကြိမ်ဖန်များစွာ တရားရုံးတွင် ကြားနာရန် ပျက်ကွက်ခြင်း ကြောင့် လျော်ကြေးငွေများအဖြစ် ဖောကျူနီ သည် ရ၄ ၂၅၂.၅၆ ဒေါ်လာ အား မူပိုင်ခွင့် ချိုးဖောက်မှုအတွက်၊ ကိုယ်ရေး ကိုယ် တာ အချက်အလက်များအား အများ ရှေ့မှောက်ဖော်ထုတ်ခြင်းအတွက် လျော်ကြေးအဖြစ်၊ ပိုင်နက်ကျူးလွန်ခြင်းနှင့် ရှေ့နေဝန်ဆောင်ခနှင့် ကျသင့်ငွေတို့အတွက် ပေးဆောင်စေရန် အမိန့်ချလိုက်သည်။

ရှာဖွေဝန်ဆောင်မှု ပေးသူတို့၏ သတင်းအချက်အလက်များနှင့် ဥပဒေ ပြဋ္ဌာန်းချက်

Yahoo! (ရာဟူး!) နှင့် MSN (အမ်အက်(စ်)အန်) (မိုက် ခရိုဆော့(ဖ်))အပါအဝင် အင်တာနက်ကုမ္ပဏီကြီးများထံမှ အချက်အလက်များသည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည် တို့တွင် တရားရုံးမှဆင့်စာအဖြစ် ခေါ်ဆိုခြင်းပြုနိုင်ကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။ AOL (အေအိုအယ်(လ်)) သည် သူ၏ အွန်လိုင်း ရှာဖွေဝန်ဆောင်မှုမှ အချက်အလက်အတော် များများကို သတင်းထောက်များအား အွန်လိုင်း လွတ်လပ်ခွင့်ဆိုင်ရာ အပြုအမူများကို ခြေရာကောက်ရန် ပေးသုံးထားခဲ့သည်။

၂၀၀၆ တွင် ကြိုးမဲ့မှုကိုနှောင့်ယှက်သူ ဟက်ကာမှ သူ၏ Google (ဂူးဂဲ(လ်)) ရှာဖွေမှုများသည် သူ ့အား ခြေရာခံရန်လမ်းစများ ဖြစ်ခဲ့ကြောင်းဝန်ခံသည်။ ထိုတရားခံသည် Google (ဂူးဂဲ(လ်)) မှ ကွန်ရက်ပေါ်တွင် "ဝိုင်ဖိုင် ၂.၄ ဂစ်ဂါဟာဒ်စ်ကို မည်သို့ နှောင့်ယှက်လွှင့်ထုတ်ခြင်း ပြုရမည် နည်း၊" "ဝိုင်ဖိုင်၂.၄ ဂစ်ဂါဟာဒ်စ်ကိုနှောင့်ယှက်ခြင်း"နှင့် "ကြိုးမဲ့ကွန်ရက်ကို အနှောင့်အယှက် ပြုနိုင်သော စက်ပစ္စည်းပြုလုပ်ခြင်း" စသည့် ရှာဖွေမှုများကို ထည့်သွင်းရှာဖွေခဲ့သည်။ တရားရုံး မှ စာရွက်စာတမ်းများတွင် အက်(ဖ်)ဘီအိုင် အနေနှင့် သူတို့၏ရှာဖွေမှုကို မည်သို့ရရှိသည်ကို ဖော်ပြ မထားသော်လည်း (ဥပမာ- သိမ်းဆည်းရမိသော ဟာဒ့်ဒစ်မှ သို့မဟုတ် ရှာဖွေရေး ဝန် ဆောင်မှုမှ တိုက်ရိုက်) Google (ဂူးဂဲ(လ်)) က ဖော်ပြထားသည်မှာ ၎င်းအား အင်တာနက် လိပ်စာ သို့မဟုတ် ဝက်(ဘ်)ကွတ်ကီးကို ပေးပါက ဥပဒေ အကျိုးပြုရန်အတွက် အကြောင်း အရာများကို ရှာဖွေပေးပို့နိုင်သည် ဖြစ်ကြောင်းဆိုသည်။

အမေရိကန်ပြည်ထောင်စု နှင့် Zeigler (ဇယ်ဂျလာ)

အမေရိကန်ပြည်ထောင်စုတွင် ှ အပြစ်ရှိကြောင်း သဘောသက်ရောက်စေသည့် သက်သေအထောက်အထားများကို အလုပ်ခွင်ရှိ ကွန်ပျူတာများတွင် သိမ်းဆည်းထားသူ ပုဂ္ဂလိကဝန်ထမ်း (အစိုးရဝန်ထမ်းမဟုတ်သူ) တစ်ဦးသည် ဥပဒေ စတုတ္ထပြင်ဆင်ချက်တွင်ပါသော ပြစ်မှုဆိုင်ရာ တရားစွဲဆိုရာတွင် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ဆိုင်ရာ စံနှုန်းများ၏ ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက်အားဖြင့် အကာအကွယ်ရလျှက် ရှိမရှိကို ဆွေးနွေးမှုများ များစွာရှိသည်။ဥပဒေ ဆုံးဖြတ်ချက် အများစုက ထိုဝန်ထမ်းတွင် သူ၏ အလုပ်နှင့် ပတ်သက်သည့် အီလက်ထရွန်နစ် ဆက်သွယ်ရေးများကို သုံးစွဲလာခဲ့လျှင် ကိုယ်ပိုင်အခွင့်အရေးဆိုင်ရာ ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက် မရှိဟုဆိုသည်။ ဥပမာ - အမေရိကန်ပြည်ထောင်စု နှင့် ဆိုင်မွန်(စ်)၊ ၂၀၆ အက်(ဖ်).၃ဒီ ၃၉၂၊၃၉၈ (စတုတ္ထ စောင်ရေ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈)။

မည်သို့ပင်ဆိုစေကာမူ၊ ဖယ်ဒရယ် တရားရုံးတစ်ခုမှ ဆွေးနွေးပြောဆိုသည်မှာ ကုမ္ပဏီ လက်(ပ်)တော့(ပ်)များ၏ ဆက်သွယ်မှုများနှင့် ပတ်သက်ပြီး ရှေ့နေနှင့်အမှုသည် ဆက်ဆံရေး အခွင့်အရေးအရ အလုပ်သမားများသည် ရဲရဲတင်းတင်း ပြောဆိုရဲလာသည်ဟုဆိုသည်။ Curto (ကာတို) နှင့် ဆေးဝါးဆိုင်ရာ ကမ္ဘာ့ ကုန်သွယ်မှု နံပါတ် ၀၃စီဗွီ၆၃၂၇၊ ၂၀၀၆ အမေရိကန် ပြည်ထောင်စု လက်ဆစ် ဒိစတြိတ် ၂၉၃၈၇ (အီး.ဒီ.အန်.ဝုိင်. မေလ ၁၅၊၂၀၀၆)။

ထိုအကြောင်းအရာနှင့် ပတ်သက်သည့်အခြား ဆွေးနွေးချက်များကို ကြည့်လျှင်၂၀၀၇ ဇန်နဝါရီ လ ၃၀ တွင် အမေရိကန်ပြည်ထောင်စုရှိ Ninth Circuit (ကိုးကြိမ်မြောက် ဆားကစ်) တရားရုံး နှင့် ဇယ်ဂျလာတို့၏ ပြန်လည်ကြားနာစစ်ဆေးရန် အသနားခံစာသည် ၂၀၀၆ ဩ ဂုတ်လတွင် ချမှတ်ခဲ့သော အစောပိုင်း ဆုံးဖြတ်ချက်ကို ပြန်ပြောင်းသွားစေသည်။ ယခင် ဆုံး ဖြတ်ချက်နှင့် နှိုင်းယှဉ်လျှင် တရားရုံးမှ အလုပ်သမားတစ်ဦးသည် သူ၏အလုပ်ကွန်ပျူတာတွင် ကိုယ်ပိုင် လွတ်လပ်မှု အခွင့်အရေးရှိသည် ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း တရားရုံးမှ အလုပ်ရှင်အနေနှင့် မည်သည့် တရားမဝင် ရှာဖွေမှုနှင့် တိုက်ခိုက်မှုမျိုးမဆိုကို ခွင့်ပြုနိုင်သည် ဟုဆိုသည်။ ရည်ညွှန်း အမေရိကန်ပြည်ထောင်စုနှင့် ဇယ်ဂျလာ၊ ___အက်(ဖ်) ၃ဒီ ၁၀၇၇ (၉ကြိမ်မြောက် စောင်ရေ ၂၀၀၇ ဇန်နဝါရီလ ၃၀၊ နံပါတ်. ၀၅-၃၀၁၇၇)။ စီအက် (ဖ်) အမေရိကန်ပြည်ထောင်စုနှင့် ဇယ်ဂျလာ၊ ၄၅၆ အက်(ဖ်) .၃ဒီ ၁၁၃၈ (၉ကြိမ် မြောက် စောင်ရေ ၂၀၀၆) ကိုကြည့်ပါ။

ဇယ်ဂျလာတွင် အလုပ်သမားသည် သူ၏အလုပ်ခွင်မှ ကလေးသူငယ် ညစ်ညမ်း ဝက်(ဘ်)ဆိုဒ်များကို ကြည့်ရှုခဲ့သည်။ သူ၏အလုပ်ရှင်မှ သူ့လုပ်ဆောင်ချက်များကို သတိပြု မိပြီး ဟာဒ့်ဒစ်ကို ကူးယူခြင်းပြုကာ အလုပ်သမား၏ ကွန်ပျူတာကို အက်(ဖ်)ဘီအိုင်သို့ ပို့ခဲ့ သည်။ သူ၏ ပြစ်မှုကျူးလွန်မှုစစ်ဆေးခြင်းတွင် ဇယ်ဂျလာက တောင်းဆိုသော သက်သေအထောက်အထား ဖုံးကွယ်မှုဖြင့် တရားစွဲဆိုသည် အဘယ်ကြောင့်ဆိုသော် အစိုးရသည် သူ၏ စတုတ္ထပြင်ဆင်ချက်ပါ အခွင့်အရေးကို ချိုးဖောက်ခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။Ninth Circuit (ကိုးကြိမ်မြောက် ဆားကစ်) မှ အောက်တရားရုံးကို ကလေးညစ်ညမ်း ဝက်(ဘ်) ဆိုဒ်များကို သက်သေအထောက်အထားအဖြစ် ပေးအပ်ရန် ခွင့်ပြုခဲ့သည်။ အထက်တရားရုံးမှ ပြန်လည်သုံးသပ်ပြီးနောက် ကျိုးကြောင်းဆီလျော်သော ကိုယ်ပိုင်အခွင့်အရေးဆိုင်ရာ မျှော်လင့်ချက်အဖြစ် ထင်မြင်ယူဆ ပြီး ဇယ်ဂျလာတွင် သူ၏ရုံးနှင့် သူ၏ကွန်ပျူတာ၌ ကိုယ်ပိုင်အခွင့်အရေးဆိုင်ရာ ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက် ရှိသည်ဟု အသိအမှတ်ပြုခဲ့သည်။ တရားရုံးမှဆက်လက်၍ သူ၏ အလုပ်ရှင်အနေနှင့် အစိုးရမှ ကွန်ပျူတာတွင် ရှာဖွေမှုကို ခွင့်ပြုသဘောတူခဲ့ပြီးဖြစ်ကြောင်း၊ ထို့ ကြောင့် ထိုရှာဖွေမှုသည် ဇယ်ဂျလာ ၏ စတုတ္ထပြင်ဆင်ချက် အခွင့်အရေးကို ထိခိုက်မှုမပြုကြောင်း တွေ့ရှိခဲ့သည်။

ပြည်နယ် နှင့် Reid (ရိ(ဒ်))

New Jersey (နယူး ဂျာစီ) ထိပ်တန်းတရားရုံးမှ ကွန်ပျူတာ အသုံးပြုသူများ ကိုယ်ပိုင် လွတ် လပ်မှု အခွင့်အရေးဆိုင်ရာ ကိစ္စရပ်ကို ပြည်နယ် နှင့် Reid (ရိ(ဒ်)) တို့၏ အရေးကိစ္စနှင့် ပတ် သက်ပြီး တင်ပြခဲ့သည်။ ၎င်းကိစ္စတွင် ကွန်ပျူတာသုံးသူများတွင် ကိုယ်ရေးကိုယ်တာ လွတ် လပ်မှုနှင့် ပတ်သက်၍ သူတို့မှ အိုင်အက်(စ်)ပီများသို့ ပေးရသော သတင်းအချက်အလက်တို့ နှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက်များရှိသင့်သည် ဟုဆိုသည်။ဤကိစ္စရပ်တွင် Shirley Reid (ရှယ်လီ ရိ(ဒ်)) မှာ သူမ၏ အလုပ်ရှင်၏ ထောက်ပံ့သူ ကုမ္ပဏီနှင့် ဆက်သွယ်သော အွန်လိုင်း အကောင့် စကားဝှက်နှင့် ပေးပို့ရန် နေရပ်လိပ်စာကို ပြောင်းလဲမိသဖြင့် ကွန်ပျူတာသူခိုးဟု အဆိုခံရသည်။

ရဲဘက်မှ အို်င်အက်(စ်)ပီ ကွန်းကတ်(စ်) အကူအညီဖြင့် သူမအား မည်သူ မည်ဝါဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး တရားရေးဆောင်ရွက်ချက်တို့နှင့် မသက်ဆိုင်သော စည်ပင်သာယာ ဆင့်ခေါ်စာကို ပေးခဲ့သည်။ကွန်းကတ်(စ်)မှ ရရှိသော ရိ(ဒ်)နှင့် ပြစ်မှုကျူးလွန်ကြောင်း အ ချက်များသို့ ချိတ်ဆက်သော သတင်းအချက်အလက်များကို မသင့်လျော်သော ရှာဖွေမှုနှင့် တိုက်ခိုက်မှုတို့မှ ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းချက်အရအခွင့်အရေးကို ဖျက်ဆီးနှောင့်ယှက်မှုကို ဖော်ပြရာရောက်သဖြင့် အောက်တရားရုံးက ရပ်တန့်စေခဲ့သည်။နယူး ဂျာစီ ထိပ်တန်း တရားရုံးက ပြုလုပ်သည့်အတိုင်း အာဏာရ တရားရုံးက အိုင်အက်(စ်)ပီ သုံးစွဲသူ မှတ်တမ်းများသည် ဂျူရီအဖွဲ့တို့ ဆင့်ခေါ်စာပေးပို့ရန်အတွက်သာ ဥပဒေအကျိုးပြုရန် ဖြစ်စေသည်ဟူသော ဥပဒေကို အတည်ပြုခဲ့သည်။အကျိုးရလဒ်အနေနှင့် နယူး ဂျာစီမှ ဗဟိုတရားရုံး များ ထက်ဦးစားပေးကာ ပိုမိုကောင်းမွန်သော ကိုယ်ရေးကိုယ်တာလွတ်လပ်မှု အခွင့်အရေးကို ကွန်ပျူတာ သုံးစွဲသူများအား ပေးခဲ့သည်။ဤကိစ္စသည် ဥပဒေအနေနှင့်အလုပ်ခွင်ကွန်ပျူ တာများနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာမှုများပေါ်တွင် မည်သို့ဆောင်ရွက်သည်ကိုပြသခဲ့ခြင်းလည်း ဖြစ်သည်။

Robbins (ရော်ဘင်) နှင့် အောက် Merion (မီရီအွန်) ကျောင်း ဒိစတြိတ်

Robbins (ရော်ဘင်) နှင့် အောက် Merion (မီရီအွန်) ကျောင်း ဒိစတြိတ် (အမေရိကန် ပြည်ထောင်စု Pennsylvania (ပန်စီ(လ်)ဗေးနီးယား) ၏ အရှေ့ပိုင်း ဒိစတြိတ် ၂၀၁၀ ) တွင် ဖယ်ဒ ရယ် အစိုးရ၏တရားရုံးမှ Philadelphia (ဖီလာဒယ်(လ်)ဖီးယား) ကျေးတောသား အထက်တန်း ကျောင်းသားနှစ်ဦးမှ ကျောင်းသားများ၏ ကိုယ်ပိုင် အခွင့်အရေး လွတ်လပ်မှုကို ဖျက်ဆီးချိုး ဖောက်ခြင်းနှင့် ကျောင်းသားများအိမ်တွင် အသုံးပြုနေသည့် လပ်တော့(ပ်)များတွင် နှစ်မြုပ် တပ်ဆင်ထားသော ကင်မရာများကို ထိန်းချုပ်လှုပ်ရှားစေ၍ ကျောင်းသားများအား တိတ်တဆိတ် ထောက်လှမ်းခြင်းတို့ကို တရားလို ပြုတိုင်ကြားမှုအတွက် ကျောင်းဒိစတြိတ်အား တရားရုံး အမိန့်စာ ကို ချမှတ်လို်က်သည်။ ကျောင်းမှ ၆၆,၀၀၀ အထက်သော ဝက်(ဘ်) ကင်မရာမှ တိတ်တဆိတ် ရိုက်ထားသည့် ကျောင်းသားများ အိပ်ခန်းအတွင်းရိုက်ချက်များ အပါအဝင် ဝက်(ဘ်) မှတ်တမ်းများ နှင့် စကရင်မှတ်တမ်းများကို ရိုက်ကူးထားကြောင်း ဝန်ခံမှု ပြုလိုက် သည်။

ဆရာများ နှင့် MySpace (မိုင် စပေ့)

ကမ္ဘာအနှံ့တွင် ဆရာများ၏ MySpace (မိုင် စပေ့) ပေါ်ရှိ ကိုယ်ပိုင်အခွင့်အရေးဆိုင်ရာ အငြင်း ပွားမှုတို့ ပေါ်ပေါက်လာသည်။ Ohio (အိုဟိုင်းအိုး) သတင်းအဖွဲ့ မှ သူတို့အား ကြိုတင်သတိပေးထားခဲ့သည်မှာ သူတို့တွင် MySpace (မိုင် စပေ့) သုံးစွဲမှု ရှိခဲ့လျှင် ဖျက်သိမ်းသင့်ကြောင်း ဆိုသည်။ Eschool (အီး စကူး(လ်)) သတင်းမှ သတိပေးချက်မှာ “ဆရာတို့အနေနှင့် အွန်လိုင်းတွင် ဘာကိုတင်သည်ကို သတိပြုပေးရန် ဖြစ်သည်။”ONA (အိုအန်အေ) မှ ဆရာ များအား ထိုသို့သော ဆိုဒ်များကို ဝင်ရောက်ခြင်းမပြုလုပ်သင့်ကြောင်း အကြံပြုစာများ တင်ပို့ ပေးခဲ့သည်။ ဆရာများအနေနှင့် လိုင်စင်ပယ်ဖျက်မှုများ၊ ရာထူးချထားခြင်းများနှင့် အပြစ်ရှိ ကြောင်း ထုချေလွှာတင်ရခြင်းစသည့် အကျိုးဆက်များကို ရင်ဆိုင်ရဖွယ်ရှိသည်။

အဆင့်မြင့် ပညာရေး သမိုင်းမှတ်တမ်း မှ ၂၀၀၇ ဧပြီလ ၂၇ တွင် Stacy Snyder (စတေစီ ဆ နိုက်ဒါ) အကြောင်းဖြစ်သည့် " MySpace (မိုင် စပေ့) ဓါတ်ပုံတစ်ပုံသည် ကျောင်းသားတစ်ဦး ၏ သင်ကြားမှုအောင်လက်မှတ်ကို ဆုံးရှုံးစေသည်" အမည်ရသည့် ဆောင်းပါးတစ်ခုကို ရေး သားခဲ့သည်။[34] သူမမှာ Millersville University of Pennsylvania (ပန်စီ(လ်)ဗေးနီးယား မှ မီလာ(စ်)ဗေး(လ်) တက္ကသိုလ်) ၏ ကျောင်းသူတစ်ဦးဖြစ်ပြီး MySpace (မိုင် စပေ့) ပေါ်တွင် တင်ထားသော ပင်လယ်ဓားပြ ဦးထုပ် ဆောင်းထားရင်း အရက် သောက်နေသည့် "မူးနေ သော ပင်လယ်ဓားပြ" ဟု အမည်ပေးထားသည့် ဓါတ်ပုံ တစ်ပုံကြောင့် သူမ၏ သင်ကြားမှု ဘွဲ့မှာ ငြင်းပယ်ခြင်းခံခဲ့ရသည်။ ၎င်းအား အစားထိုးမှုအနေနှင့် အင်္ဂလိပ်စာဘွဲ့ကိုသာ ရရှိခဲ့ သည်။

အင်တာနက် ကိုယ်ပိုင်အခွင့်အရေး နှင့် နှင်းမုန်တိုင်း ဖျော်ဖြေမှု (Blizzard Entertainment)

၂၀၁၀ ဇူလိုင်လ ၆ရက်နေ့တွင် နှင်းမုန်တိုင်း ဖျော်ဖြေမှုသည် သူတို့၏ ဂိမ်း ဖိုရမ်တို့တွင် သုံးသော နာမည်များ၌ နာမည်အရင်းများကို ဖော်ပြမည်ဖြစ်ကြောင်း ကြေငြာသည်။ ၂၀၁၀ ဇူလိုင်လ ၉ရက်နေ့တွင် နှင်းမုန်တိုင်း၏ အမှုဆောင်အရာရှိ (စီအီးအို) ဖြစ်သည့်ပြင် ပူး တွဲတည်ထောင်သူလည်း ဖြစ်သော Mike Morhaime (မိုက်(ခ်) မော်ဟာမင်)က နှင်းမုန်တိုင်း၏ ဖိုရမ်များတွင် ထိုသို့ဖိအားပေး၍ နာမည်ရင်းများ ဖော်ပြစေမည့် ကြေငြာချက်အတွက် ပြန်လည်ပြင်ဆင်ပေးသည့် ဆုံးဖြတ်ချက်ကို ဖော်ပြပေးခဲ့သည်။ ထို ပြန်လည်ပြင်ဆင်မှုမှာ သုံးစွဲသူတို့၏ ပြန်လည်တုံ့ပြန်တောင်းဆိုမှု တို့ကြောင့် ပြုလုပ်ခြင်းဖြစ်သည်။