အောင်ကိုလတ်
အောင်ကိုလတ် | |
---|---|
မွေးဖွား | ၁၀ ဇန်နဝါရီ ၁၉၅၄ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
(အသက် ၇၀)
နိုင်ငံလူမျိုး | မြန်မာ |
အလုပ်အကိုင် |
|
ထင်ရှားသည့် လုပ်ဆောင်မှု |
|
အောင်ကိုလတ် (၁၀ ဇန်နဝါရီ ၁၉၅၄ မွေးဖွား) သည် အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေး၏ စီအီးအို ဖြစ်သည်။ အောင်ကိုလတ်သည် ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ အဆိုတော် နှင့် တေးရေးဆရာ တစ်ဦးလည်း ဖြစ်သည်။[၁] သူ၏သားဖြစ်သူ J-Me သည် မြန်မာနိုင်ငံတွင် ထင်ရှားသောရက်ပ်ပါ တစ်ဦး ဖြစ်သည်။[၂] အောင်ကိုလတ်သည် Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ ဒိုင်လူကြီး တစ်ဦးလည်းဖြစ်သည်။[၃]
ကိုယ်ရေး
၁၉၇၀ ခုနှစ်က စတင်ကာ အဆိုတော် တယောက်အနေနဲ့ ပွဲဦးထွက်ခဲ့သူ တစ်ဦး ဖြစ်သည်။[၄]
၁၉၈၀ ဆယ်စုနှစ်နှောင်းပိုင်း နှင့် ၁၉၉၀ ဆယ်စုနှစ် အစောပိုင်းကာလများတွင်ဂျပန်၌ နေထိုင်ခဲ့ပြီးနောက် အောင်ကိုလတ်သည် တီဗွီကြော်ငြာများကို ရိုက်ကူးရန် မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ကုန်တိုးမြှင့်ခြင်းထက် အယူအဆဖြင့်ကြော်ငြာခြင်းကို ဖန်တီးသည့် ပထမဆုံးဒါရိုက်တာ ဖြစ်သည်။[၅]
၂၀၁၂ ခုနှစ်တွင် ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကို အောင်ကိုလတ်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။[၆] ထိုရုပ်ရှင်သည် မြန်မာနိုင်ငံတွင် HD နည်းပညာဖြင့် ပထမဆုံး အသုံးပြုရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားဖြစ်သလို[၇] Dolby Digital Surround EX အသံစနစ်ကို ပထမဆုံးအသုံးပြုသော ရုပ်ရှင်လည်းဖြစ်သည်။[၈]
ထိုရုပ်ရှင်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် မလေးရှားနိုင်ငံ၊ ကူချင်းမြို့၌ ကျင်းပသော အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (AIFFA) တွင် အထူးဂျူရီဆုနှင့် အကောင်းဆုံးဓာတ်ပုံဒါရိုက်တာ (အောင်ကိုလတ်) နှင့် အကောင်းဆုံးဇာတ်ပို့မင်းသမီး (Rose Mary) ဆုများရရှိခဲ့သည်။[၉]
၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အောင်ကိုလတ်သည် ၅၆ ကြိမ်မြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ကယန်းအလှ အတွက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ရရှိခဲ့သည်။ ထိုရုပ်ရှင်သည် အကောင်းဆုံးအသံတည်းဖြတ်ဆုကိုလည်း ရရှိခဲ့သည်။ [၁၀]
၂၀၁၅ ခုနှစ်တွင် အောင်ကိုလတ်သည် မြေယာအခွင့်အရေး၊ စက်မှုဇုန်ဆက်ဆံရေးနှင့် လူကုန်ကူးမှုကို ရည်ညွှန်းသော ဥပဒေရေးရာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြစ်သော နေရယ်၊ လရယ်၊ အမှန်တရားရယ် ကို ရိုက်ကူးခဲ့ပြီး သူ၏ ကုမ္ပဏီ အောင်ကိုလတ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ပူးတွဲ ထုတ်လုပ်ခဲ့သည်။[၁၁]
မိသားစုဘဝ
မွေးချင်း (၆)ယောက်ရှိသည့်အနက် ဒုတိယမြောက်ဖြစ်သည်။ ညီဖြစ်သူမှာ မြန်မာ့ဂီတလောကတွင်ထင်ရှားသော “ခေါင်းလောင်းလေးတွေမြည်နေပြီ”သီချင်းကို ရေးစပ်ခဲ့သူ ဝါရင့်သရုပ်ဆောင် နှင့် တေးရေး ဦးလူမုန်း (ခေါ်) အောင်ကိုလေးဖြစ်သည်။[၁၂][၁၃]
ဇနီးဖြစ်သူမှာ တေးသံရှင်ဒေါ်တင်မိုးခိုင် ဖြစ်သည်။ သားသမီး ၂ယောက်ရှိပြီး သမီးကြီးမှာ မီရှဲ ဖြစ်ပြီး သားငယ်မှာ ခန့်ဇင်ကို (ခေါ်) အဆိုတော် ဂျေမီ ဖြစ်သည်။
ကိုးကား
- ↑ Nandar Aung., June 05, 2015, retrieved January 17, 2017
- ↑ Times၊ The Myanmar။ "Celebrities join the workforce" (in en-gb)၊ The Myanmar Times။ 2 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 7 August 2017။
- ↑ https://burma.irrawaddy.com/lifestyle/entertainment/2019/06/11/194439.html
- ↑ https://burma.irrawaddy.com/lifestyle/entertainment/2019/06/11/194439.html
- ↑ Zon Pann Pwint., March 09, 2014, retrieved January 17, 2017
- ↑ [၁], Bahai World News Service, April 24, 2104, retrieved January 17, 2017
- ↑ Thida Linn and Lin Lin Khaing., April 25, 2013, retrieved January 17, 2017
- ↑ [၂], April 13, 2013, retrieved January 17, 2017
- ↑ [၃], Bahai World News Service, April 24, 2104, retrieved January 17, 2017
- ↑ Pann Myat Zaw., December 30, 2013, retrieved January 17, 2017
- ↑ Nandar Aung. June 05, 2015, retrieved January 17, 2017
- ↑ https://burma.irrawaddy.com/lifestyle/entertainment/2021/07/14/244157.html
- ↑ https://www.youtube.com/watch?v=BHvyTH-ZiPw&t=172s