မာတိကာသို့ ခုန်သွားရန်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)

ဝီကီပီးဒီးယား မှ

ဗိုလ်သင်တန်းကျောင်းအား ၁၉၄၆ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် ပြင်ဦးလွင်မြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁)မှ(၁၆)ထိ နှင့် အရာရှိငယ်သင်တန်းအမှတ်စဉ်(၁)မှ(၁၁)ထိဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ခုနှစ်ဇွန်လ တွင်ဗထူးတပ်မြို့သို့ပြောင်းရွှေ့ခဲပြီး ဗိုလ်လောင်းသင်တန်း(၁၇)မှ(၂၈)ထိအရာရှိငယ်သင်တန်းအမှတ်စဉ်(၁၂)မှ(၂၀)ထိဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ခုနှစ် အောက်တိုဘာ ၁ရက်နေ့တွင်မှော်ဘီမြို့သို့ပြောင်းရွှေ့ခဲ့ပြီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)မှ(၈၂)ထိ အရာရှိငယ်သင်တန်း အမှတ်စဉ်(၂၁)မှ(၃၉)ထိ အလုပ်သင်ဗိုလ်လောင်းအမှတ်စဉ် (၁)မှ(၁၉)ထိဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၉၁,ခုနှစ်ဩဂုတ်လ ၁၅ရက်တွင် ဗထူးတပ်မြို့သို့ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၃)မှ(၁၂၄)ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၁၂ရက်တွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။

ရည်ရွယ်ချက်


တပ်မတော်(ကြည်း)တွင် အရည်အသွေးပြည့်ဝသော အရာရှိများဖြစ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုအားကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်အတွက် မွေးထုတ်ပေးရန်။