ခင်သီရိသက်မွန်
ခင်သီရိသက်မွန် | |
---|---|
မွေးဖွား | ဒီဇင်ဘာ ၁၉၈၁ (အသက် ၄၃) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
နိုင်ငံလူမျိုး | မြန်မာ |
အလုပ်အကိုင် | စီးပွားရေးသမား |
ကျော်ကြားမှုအရင်းခံ | သတ္တမမြောက်အာရုံ ပူးတွဲတည်ထောင်သူ |
အိမ်ထောင်ဖက်(များ) | လင်းမြင့်ဖွယ် |
သားသမီး | ဧကရီသက်မွန်လှိုင် မေဘရဏီသက်မွန်လှိုင် |
မိဘ(များ) | မင်းအောင်လှိုင် ကြူကြူလှ |
ဆွေမျိုးသားချင်း | အောင်ပြည့်စုံ |
ခင်သီရိသက်မွန် (၁၉၈၁ ဒီဇင်ဘာ ၅ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သူမသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သည်။
အမှတ်မထင်လုပ်ငန်းရှင်ဘဝ
Everfit အားကစားရုံများကို ထောင်ကာ လူမြင်ကွင်းမှ ရှောင်နေသည်။ နောက် သူအရင်းထည့်ထားသော ခင်ပွန်းဖြစ်သူ၏လုပ်ငန်း သတ္တမမြောက်အာရုံ (7th Sense Creation) ကို ရှယ်ယာများ လွှဲယူလိုက်ပြီးနောက် အနုပညာရှင်များနှင့်တွဲ၍ လူသိများလာသည်။[၁][၂][၃][၄] မိုင်တဲအတွက် တာဝါတိုင်များဆောက်ပေးသည့် ပင်နီကယ်အေးရှားကုမ္ပဏီ၌လည်း ရှယ်ယာရှင်ဖြစ်သည်။
မိသားစုဘဝ
ဒီဂျေစွမ်းမိုက် ခေါ် လင်းမြင့်ဖွယ်နှင့်လက်ထပ်ရာ ဧကရီလင်းသက်လှိုင် (၂၀၁၂ ဩဂုတ် ၁၂ ဖွား) နှင့် ဧကရီသက်မွန်လှိုင် (၂၀၁၆ ဇွန် ၉ ဖွား) ဟူသော သမီး ၂ ယောက်ရသည်။ ၂၀၁၈ ခု၌ ကွာရှင်းကြသည်။
နိုင်ငံတကာမှ ပိတ်ဆို့မှုများ
၂၀၁၉ ခုနှစ်တွင် သူမအား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ၂၀၂၁ မတ်လ ၁၀ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့ခြင်းခံရသူများဖြစ်လာခဲ့ကြသည်။ ထိုသို့အရေးယူပိတ်ဆို့မှု၌ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ (၆) ခုလည်းပါဝင်ခဲ့၏ ။[၅][၆]
ကိုးကား
- ↑ "Military Chief’s Family Members Spend Big on Blockbuster Movies, Beauty Pageants" (in en)၊ Myanmar NOW၊ 4 August 2019။
- ↑ "Who profits from a coup? The power and greed of Senior General Min Aung Hlaing"၊ Justice for Myanmar။
- ↑ "US Embassy Under Fire for Working With Firm Owned by Sanctioned Military Chief’s Daughter" (in en-US)၊ The Irrawaddy၊ 15 December 2020။
- ↑ "တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ 'Entertainment companies founded by the daughter and daughter-in-law of the commander-in-chief quickly rose to the top'" (in my)၊ Myanmar NOW၊ 1 August 2019။
- ↑ US launches additional Myanmar sanctions as protests escalate။ Financial Times (10 March 2021)။
- ↑ "U.S. imposes sanctions on children of Myanmar military leader, companies'"၊ Reuters ၊ 11 March 2021။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |