မာတိကာသို့ ခုန်သွားရန်

တို့ဗမာ သီချင်း

ဝီကီပီးဒီးယား မှ

တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင်းကို ‌ရေးသားသူမှာ စာ‌ရေးဆရာ ဝိုင်အမ်ဘီဆရာတင်‌ ခေါ် သခင်တင်ဖြစ်သည်။ သခင်ဘသောင်း နှင့် သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်ခေါင်းဆောင်အချို့က သီချင်းစာသားနှင့် အချက်အလက်များအတွက် ဖြည့်စွက်အကြံဉာဏ်များ ပေးခဲ့ကြသည်။[]

စာသား

တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ[မှတ်စု ၁] တိုက်ခိုက်ခါ…အောင်ခဲ့တာ တို့ဗမာ။ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတစ်လှည့်ကြုံရ၊ ထုံးနှင့်မ‌သွေ လောကဓမ္မတာပေ၊ငါတို့ကံခေ–ဖြစ်ရပြန်သလေ။ သို့သော်… အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။

နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ…၊ တို့ဗမာမဟုတ်လေသလား၊(တို့ဗမာ-ငါတို့ဗမာ) (ဒါငါတို့ဗမာ) အား…လုံး…ညီညီ၊ယောက်ျား ဘသား တို့ဗမာနောင်လာနောင်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့….တို့ဗမာ၊မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊စာမရီသွေးတို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ–ဗမာတစ်တွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ) (တို့ဗမာ)ပြေ...ကိုတိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာခင်။

အမျိုးသားရေး…ကျိုးပမ်းကြပါ၊ တို့ဗမာဟေ့...တို့ဗမာ၊ ဩော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ တို့ဗမာ...ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကို ရောက်ရမည် မလွဲပါ၊ တို့ဗမာ..ဟေ့ တို့ဗမာ၊ ဗမာပြည်တဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။

(သံပြိုင် ပြန်ကောက်)

အနက်ဖွင့်ခြင်း

တို့ဗမာသီချင်းကို သခင်ဘသောင်းကိုယ်တိုင် အနက်ဖွင့်ခဲ့သည်။ တို့ဗမာသီချင်းသည် မျိုးချစ်စိတ်မရှိသူများအား မျိုးချစ်စိတ်ရှိလာစေရန်၊ အမျိုးသားအကျိုးကို ဆောင်ရွက်လာစေရန် လှုံ့ဆော်ပေးသည့် သီချင်းထူးဖြစ်သည်ဟု ဆိုခဲ့သည်။[]

အခြားကြည့်ရန်

မှတ်စုများ

  1. "မူရင်းစာသားမှာ "ယိုးဒယားနဲ့ ကုလားကိုပါ" ဟူ၍ဖြစ်သည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
  2. ၂.၀ ၂.၁ တို့ဗမာအစည်းအရုံးသမိုင်း၊ စာ ၂၅–၂၈