မာတိကာသို့ ခုန်သွားရန်

မန်းငြိမ်းမောင်

ဝီကီပီးဒီးယား မှ
၀၈:၃၃၊ ၁၄ ဖေဖော်ဝါရီ ၂၀၂၁ နေ့က Hintha (ဆွေးနွေး | ပံ့ပိုး) ({{နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}) တည်းဖြတ်သည့်မူ
ဖဒိုမန်းငြိမ်းမောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားပန်းတနော်မြို့နယ်ဧရာဝတီတိုင်း
နိုင်ငံရေးပါတီကရင်ပြည်သူ့ပါတီ

ဖဒိုမန်းငြိမ်းမောင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

နိုင်ငံရေး

ဖဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နှုတ်ထွက်ခဲ့ပြီး[][] ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[]

ထောင်ဒဏ်ကျခံရခြင်း

၁၉၆၇ ခုနှစ်တွင် ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ်ဖြင့် ဦးနေဝင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ရပြီး ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြင့် အပို့ခံခဲ့ရသည်။ ပင်လယ်ပြင်တွင် ၁၄ ရက်ကြာ ဖြတ်သန်းကာ ကိုကိုးကျွန်းမှ ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရသည်။[] ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကာ ၁၉၈၀ တွင် ထပ်မံဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။[] ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများနှင့် တရားစွဲဆိုခဲ့ရကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။[][]

နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[]

ကိုးကား

  1. KNU ဗဟိုအလုပ်အမှုဆောင်ဟောင်း၊ ပန်းတနော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည့် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း။ (in my)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. လက်နက်ကိုင်လမ်းစဉ်မှ လွှတ်တော်နိုင်ငံရေးဖြင့် တော်လှန်ရေးခရီးနှင်မည့်သူ (in mm-MM) (30 ဩဂုတ် 2020)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. မုန်တိုင်းကိုဆန်ပြီးပင်လယ်ကိုဖြတ်ခဲ့သူ ပဒိုမန်းငြိမ်းမောင် (in my) (11 အောက်တိုဘာ 2018)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. KNU ဝါရင့် တော်လှန်ရေးခါင်းဆောင် ပဒိုမန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီးမှ ရွေးကောက်ပွဲဝင်မည် (24 ဇူလိုင် 2020)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. ပဒိုမန်းငြိမ်းမောင်ကို ကေအန်ယူထံ ပြန်ပို့ (in my) (24 မတ် 2012)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  7. ဖဒိုမန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ လွတ်မြောက် (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။