အဲမောင်း
ပုံပန်းသွင်ပြင်
အဲမောင်းသည်ရှေးမြန်မာတပ်မတော်သုံး အမွှေးဖွားလှံဖြစ်သည်။ ပြာသိုလ မြင်းခင်းသဘင်၌ လှံရေးပြရာတွင် အဲမောင်းလှံရေးလည်းတစ်ခုအပါအဝင်ဖြစ်သည်။
အဲမောင်းရေး ၃၇-မျိုး
- ပယ်ဝန်း- သက်တင် ရေသောက်ဟန်၊
- ပယ်စိတ်- ခြင်္သေ့တန်းဆွဲဟန်၊
- ပယ်ခွဲ- စလွယ်တင်ဟန်၊
- စန္ဒရရှက်- သိကြား တန်ဆောင်ကိုင်ဟန်၊
- လေးကျွန်းမှန်ကူ- ဗြဟ္မာ လက်လှမ်းဟန်၊
- ဘုံနန်းတန်ဆောင်- က ဦးဟန်၊
- စွန်ဝဲ- ဟင်္သာ တောင်ယက်ဟန်၊
- ဆင်ထူး- စွန်တောင်ဖြန့်ဟန်၊
- ရွှေနန်းတိုင်စီ- ကြင်စပန်း တင်ဟန်၊
- ကြာချပ်- တင်ပိုက်စီးဟန်။
- အုန်းပင်ရေသွန်း- ဂဠုန် တောင်ညှပ်ဟန်၊
- နွယ်ထွက်-တိမ်ချည်ဖုံးဟန်၊
- စွန်သုတ်-တံပိုးသွဲ့ဟန်၊
- ရှစ်မြှောင့်ခိုနန်း- အမြီးသွေးဟန်၊
- လက်ယာဆက်ကြာဖူး- လက်ဝဲစလွတ်တင်ဟန်၊
- နွယ်ဝင်- ပြည်လုံးရစ်လည်ဟန်၊
- နဝတတ်ရေလည်- ကြက် မိုးစွတ်ခါဟန်၊
- ရာဇမတ်-ရေရစ်လည်ဟန်၊
- ခိုနန်းပုံလိမ်- က ညောင်းတင်ဟန်၊
- ရွှေတံခွန်- ပင်လယ်တောင်ဝှေးစွဲဟန်။
- မြင်းမိုရ်ပုံလိပ်- လက်ဝဲက ဦးဟန်၊
- ကြာယပ်- လက်ဝဲရင်အုပ်ဟန်၊
- နတ်သားဗိမာန်-လက်ယာရင်အုပ်ဟန်၊
- ကျွဲတုံးတင်- ရေ>ပက် ဟန်လွှဲဟန်၊
- မင်တင်- ဝါကြိတ်လိမ်ဟန်၊
- ကွန်ရုံးတက်- ခြည်သွတ်ဟန်၊
- ခရုပတ်- ပုစ္ဆန်းတန်းဆွဲဟန်၊
- အောက်ချင်းပုံ တံဆိပ်-ရွှေလှံမောက်တိုရိပ် ကစားဟန်၊
- ပိုးခြည်လွှား- ဘယ်ညာ လှံရေးကစားဟန်၊
- ကြာသွတ်အိုး-ရွှေလှံဝဲရစ်ထောက် ကစားဟန်။
- ရွှေတံဆိပ်- ဆင်ကန်းတောတိုးဟန်၊
- ဝန်းကျင်ပတ်သန်း- သမက် စောင်ရန်းစီးဟန်၊
- ဘီလူးတိုင်ရေးလု- ရွှေလှံကျားမြီးဆွဲဟန်၊
- ဘီလူးပုခက်စီး- ကျွဲမြီးခတ်ဟန်၊
- ဘီလူးနားထွင်း-ရွှေလှံ ဆံထုံးရစ်ဟန်၊
- ဟန်ယဉ်- ရွှေလှံ လက်ဝဲကိုင်ဟန်၊
- ရေကန်သက်ဆင်း- ရွှေလှံ ဘယ်ညာလွှဲဟန်။ [၁]
ကိုးကား
- ↑ သုတေသန သရုပ်ပြ အဘိဓာန်