အက်ဖ် (အက္ခရာ)
အခြေခံ လက်တင်အက္ခရာ | |||||
---|---|---|---|---|---|
Aa | Bb | Cc | Dd | ||
Ee | Ff | Gg | Hh | ||
Ii | Jj | Kk | Ll | Mm | Nn |
Oo | Pp | Rr | Ss | Tt | |
Uu | Vv | Ww | Xx | Yy | Zz |
F သည် ၆ ခုမြောက် အခြေခံ ခေတ်သစ် လက်တင် အက္ခရာ ဖြစ်သည်။အင်္ဂလိပ်ဘာသာတွင် (/ɛf/) သည် (ef) သို့မဟုတ် F ဟု အသံထွက်သည်။[၁][၂]
စီမီတစ်ဘာသာ၌ vâv သည် /v/ ကို ကိုယ်စားပြုပြီး ယေဘူယျအားဖြင့် တင်းပုတ် သို့မဟုတ် ချိတ်ပုံစံလေးဖြင့် ဖော်ပြကြသည်။ F သည် ထိုပုံစံလေးများမှ ဖြစ်ပေါ်လာသည်။ ထိုအပြင် ၎င်းသည် အီဂျစ်အရုပ်စာ သင်္ကေတလေးများကို အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာ- အောက်ပါပုံလေးကို အခြေခံထားခြင်းသည်လည်း ဖြစ်နိုင်သည်။
ပရိုတို-စီမီတစ် W |
ဖိုနီးရှန်း waw |
ဩရုစကမ် W |
ဂရိ Digamma |
ရောမ F |
---|---|---|---|---|
ဖိုနီးရှင်းဘာသာမှ F ၏ပုံစံကို ဂရိဘာသာသို့ မွေးစားထားခဲ့ပြီး အသံထွက်ကို upsilon (၎င်းသည် ဂရိဘာသာတွင် Yကို ကိုယ်စားပြုသည်၊ နောက်ပိုင်း၌ ရောမအက္ခရာတွင်လည်း < U >,< V >,< W > ဖြစ်ပေါ်လာစေသည်။) ဟုခေါ်သည်။ ထို့အပြင် ဂရိဘာသာမှ digamma (၎င်းသည် F ပုံစံဖြစ်သော်လည်းအသံထွက်မှာ /w/ ဖြစ်သည်။)F ကိုအတုခိုး ရေးသား ထားခြင်းသည်လည်း ဖြစ်နိုင်သည်။ ဩရုစကမ် ဘာသာတွင် -- ကို wအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ရောမအက္ခရာတွင် digraph (FH) ကို /f/ ကို ဖော်ပြရန်အတွက် အသုံးပြုခဲ့ကြသည်။ ၎င်းစကားလုံးကို ဩရုစကမ် ဘာသာတွင် wအဖြစ်သာ အသုံးပြုခြင်းမှာ ၎င်းတို့သည် ဂရိဘာသာမှ U ကို w အဖြစ်ဖေါ်ပြရန်အတွက် အသုံးပြုထားပြီးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဂရိဘာသာမှ ဖိုင်(Phi)‹Φ› ကို နှုတ်ခမ်းဟသံထွက်ရန်အတွက် အသုံးပြုခဲ့ကြပြီးဖြစ်သော်လည်း လက်ရှိ ခေတ်သစ်ဂရိဘာသာတွင်မူ ထိုအသံထွက်သည် F နှင့် အနီးစပ်ဆုံးတူသော အသံထွက်ဖြစ်သည်။
အသုံးပြုပုံ
NATO phonetic | မောရ်စ်၏ သင်္ကေတ |
Foxtrot |
အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
- F ကို ဖေဖော်ဝါရီလ နှင့် Friday (သောကြာနေ့) အဖြစ် ပြက္ခဒိန်တွင် ဖော်ပြကြသည်။
- ဓာတုဗေဒ ဘာသာရပ်တွင် Fကို ဖလိုရင်း ဒြပ်စင်တစ်ခု၏ သင်္ကေတအဖြစ်ဖေါ်ပြကြသည်။
- ပညာရေးနယ်ပယ်တွင် Fသည် ကျဆုံးခြင်း အဓိပ္ပာယ် ဖြစ်သည်။
- ထို့အပြင် ဂီတသင်္ကေတွင် Fသည် နုတ်တစ်ခုပင်ဖြစ်သည်။
- အပူချိန်တိုင်းတာရာ၌လည်း F ကို ဖာရင်ဟိုက် အဖြစ်အတိုကောက် ဖော်ပြခဲ့သည်။
- ယုတ္တိဗေဒတွင် F ကို (False) *အမှားအဖြစ်ကိုယ်စားပြုပြီး T ကို (True)အမှန်ဟူ၍ ဖေါ်ပြကြသည်။
- ယူနီကုတ်တွင် F အကြီးကို U+0046 အဖြစ်လည်းကောင်း၊ f အသေးအား U+0066 အဖြစ်သတ်မှတ်ထားသည်။[၃]
ကိုးကား
- ↑ The American Heritage Dictionary of the English Language. 1976.
- ↑ "F" Oxford English Dictionary, 2nd edition (1989); "ef", "eff", "bee" (under bee eff) op. cit.
- ↑ The Unicode Standard, Version 5.0, chapter 7, page 236 37။ Unicode Consortium (2006-10-01)။ 2009-04-14 တွင် ပြန်စစ်ပြီး။
- ↑ http://simple.wikipedia.org/wiki/F
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |