မြောက်မက်စီဒိုးနီးယားနိုင်ငံ
ပုံပန်းသွင်ပြင်
မက်စီဒိုးနီးယား သမ္မတနိုင်ငံ Republika Makedonija | |
---|---|
နိုင်ငံတော် သီချင်း: | |
မြို့တော် | Skopje |
ရုံးသုံး ဘာသာစကားများ | မက်စီဒိုးနီးယန်း |
အမျိုးအစား | ပါလီမန် သမ္မတနိုင်ငံ |
အစိုးရ | |
• သမ္မတ | ဂျော့ချ် အိုင်ဗန်နော့ဗ် |
• ဝန်ကြီးချုပ် | နီကိုလာ ဂရူယက်ဗ်စကီး |
တည်ထောင် | |
• လွတ်လပ်ရေးကြေငြာခြင်း | စက်တင်ဘာလ ၈၊ ၁၉၉၁ |
• လွတ်လပ်ရေး အသိအမှတ်ပြုခြင်း | ဧပြီလ ၈၊ ၁၉၉၃ |
ဧရိယာ | |
• စုစုပေါင်း | ၂၅,၇၁၃ km2 (၉,၇၇၉စတုရန်းမိုင်) (အဆင့်: ၁၄၈) |
• ရေထု (%) | ၁.၉ |
လူဦးရေ | |
• ခန့်မှန်း | ၂,၀၅၀,၆၇၁ (အဆင့် - ၁၄၂) |
• သိပ်သည်းမှု | ၈၂.၂/km2၂၀၅/sq mi (အဆင့် - ၁၁၃) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | ၁၉.၉၉၆ ဘီလီယံဒေါ်လာ (၂၀၁၀) |
• Per capita | ၉,၇၂၈ ဒေါ်လာ |
HDI | ၀.၇၀၁ (အမြင့်) အမှား။ မရေရာသော HDI တန်ဖိုး · ၇၁ |
ငွေကြေး | မက်ဆီဒိုးနီးယန်း ဒီနာ |
အချိန်ဇုန် | CET (UTC+၀၁) နွေရာသီ(CEST)(UTC+၀၂) |
တယ်လီဖုန်းကုဒ် | +၃၈၉ |
Internet TLD | .mk |
မက်စီဒိုးနီးယားနိုင်ငံ၏ တရားဝင် အခေါ်အဝေါ်မှာ မက်စီဒိုးနီးယား သမ္မတနိုင်ငံ ဖြစ်ပြီး ဥရောပ အရှေ့တောင်ပိုင်း ဘော်လကန် ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှ ပေါ်ပေါက်လာသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့သော်လည်း ၎င်း၏ နာမည်နှင့် ပတ်သက်၍ ဂရိနိုင်ငံ နှင့် အငြင်းပွားမှု ရှိသဖြင့် မက်ဆီဒိုးနီးယား ယူဂိုဆလပ် သမ္မတ နိုင်ငံ ဟူသော အမည်ဖြင့် ယာယီ ညွှန်းဆိုခေါ်ဝေါ်ကြသည်။