မာတိကာသို့ ခုန်သွားရန်

အီရီထရီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
၁၁:၅၂၊ ၁ အောက်တိုဘာ ၂၀၁၁ နေ့က KamikazeBot (ဆွေးနွေး | ပံ့ပိုး) (r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - diq:Eritreya) တည်းဖြတ်သည့်မူ
အီရီထရီးယားနိုင်ငံအလံ

အီရီထရီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသ တွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြို့တော်မှာ အက်စ်မာရာမြို့ ဖြစ်သည်။ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂျီဘူတီနိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တွင် ပင်လယ်နီနှင့် ထိစပ်နေသော ရှည်လျားသည့် ကမ်းရိုးတန်း ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံယီမင်နိုင်ငံတို့နှင့် မျက်နှာချင်းဆိုင် ကမ်းရိုးတန်းဒေသဖြစ်သည်။ ဒါလက် ကျွန်းစုများနှင့် ဟန်နစ်ရှ် ကျွန်း အချို့တို့မှာ အီရီထရီးယား နိုင်ငံပိုင်ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၁၇,၆၀၀ စတုရန်းကီလိုမီတာ (၄၅,၄၀၆ စတုရန်းမိုင်) ခန့် ဖြစ်ပြီး လူဦးရေ ၅ သန်းမျှ ရှိသည်။