မိုးအောင်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၄၄ - | စာကြောင်း ၄၄ - | ||
| father = [[အောင်သောင်း (ဝန်ကြီး)|ဦးအောင်သောင်း]] |
| father = [[အောင်သောင်း (ဝန်ကြီး)|ဦးအောင်သောင်း]] |
||
| mother = |
| mother = |
||
| spouse = |
| spouse = အေးခိုင်ညွန့် |
||
| children = |
| children = |
||
| relations = |
| relations = |
၀၂:၀၁၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ ရက်နေ့က မူ
ဗိုလ်ချုပ်ကြီး မိုးအောင် | |
---|---|
ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း |
စစ်ဦးစီးအရာရှိချုပ်(ရေ) | |
တာဝန်သက်တမ်း ၂၀၁၅ – ၂၀၂၁ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် |
ကိုယ်ရေး အချက်အလက်များ | |
ကြင်ဖော်(များ) | အေးခိုင်ညွန့် |
ဖခင် | ဦးအောင်သောင်း |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ရေ) |
ရာထူး | ဗိုလ်ချုပ်ကြီး |
တပ် | ကက(ရေ) |
ဗိုလ်ချုပ်ကြီး မိုးအောင်သည် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[၁]
၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[၂][၃] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။
ကိုးကား
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ"။
- ↑ တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန် (in my)။ Eleven Media Group (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု (in my) (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။