ဘဝသံသရာ (ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ
→ဘဝသံသရာ တံတား: replace photo |
အရေးမကြီး →ဘဝသံသရာ တံတား |
||
စာကြောင်း ၂၇ - | စာကြောင်း ၂၇ - | ||
== ဘဝသံသရာ တံတား == |
== ဘဝသံသရာ တံတား == |
||
[[Bawa Sam Sa Ya Bridge ( Shan State ).jpg|thumb|ဘဝသံသရာ မီးရထားလမ်းတံတား]] |
[[File:Bawa Sam Sa Ya Bridge ( Shan State ).jpg|thumb|ဘဝသံသရာ မီးရထားလမ်းတံတား]] |
||
ရုပ်ရှင်တွင် ပါဝင်ခဲ့သည့် [[သာစည်မြို့|သာစည်]]နှင့် [[ရွှေညောင်မြို့|ရွှေညောင်]]အကြား မိုင်တိုင် (၃၇၉/၇-၈) တံတားသည်လည်း ''ဘဝသံသရာတံတား'' ဟု အမည်တွင်သွားသည်။ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆ ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။ |
ရုပ်ရှင်တွင် ပါဝင်ခဲ့သည့် [[သာစည်မြို့|သာစည်]]နှင့် [[ရွှေညောင်မြို့|ရွှေညောင်]]အကြား မိုင်တိုင် (၃၇၉/၇-၈) တံတားသည်လည်း ''ဘဝသံသရာတံတား'' ဟု အမည်တွင်သွားသည်။ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆ ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။ |
||
၁၇:၂၉၊ ၂၆ စက်တင်ဘာ ၂၀၁၈ ရက်နေ့က မူ
ဘဝသံသရာ သည် ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် အသံထွက် မြန်မာဇာတ်ကားတစ်ခု ဖြစ်သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ထင်ရှားသည့်ဇာတ်ကားများအနက် တစ်ကားအပါအဝင်ဖြစ်ပြီး နှစ်ကုန်ပိုင်းရောက်မှသာ ရုံတင်သော်လည်း ၁၉၅၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်ခဲ့သည်။
ရိုက်ကူး ရုံတင်ခြင်း
မန္တလေးရုပ်ရှင် ကုမ္ပဏီ၏ ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဦးသုခ က ၁၉၅၅ ခုနှစ်တွင် စတင်ရိုက်ကူးရာ တစ်နှစ်ခန့် ကြာခဲ့သည်။
ရုံတင် ပြသခြင်း
၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေဂုန်၊ ဂလုပ်နှင့် ကာလတန် ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ပြသရာ အသံထွက်ဇာတ်ကားများအနက် ဝင်ငွေအကောင်းဆုံးစံချိန် ချိုးခဲ့သည်။ ဝင်ငွေ ၅၀၂၅၆၇ ကျပ် ရရှိပြီး အသံထွက်ရုပ်ရှင်များအနက် ဝင်ငွေအကောင်းဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသို့ တင်ပို့ပြသစေရာ စတာလင်ပေါင် (၃၀၀၀) ရရှိကြောင်း သိရသည်။ [၁]
အဓိကဇာတ်ဆောင်များ
အောက်ပါသရုပ်ဆောင်များက အဓိက ပါဝင်ခဲ့သည် -
- မေသစ်
- ဇေယျ
- သုခ
- အေးကြူ
- ဒေါ် ဂျမ်းစိန်
ဆုတံဆိပ်များ
အောက်ပါဆုတံဆိပ်များ ရယူနိုင်ခဲ့သည် -
- ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဒါရိုက်တာ)
- ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဇာတ်ကား)
- ၁၉၅၆ မြန့်မာရုပ်ရှင် ထူးချွန်ဆု (အမျိုးသားပညာသည်)
ဇာတ်ဝင်တေး
ဦးသုခရေး၍ မန္တလေးရုပ်ရှင်မှ ဦးဘသိန်းသံစဉ်ထည့်ကာ မောင်မောင်ကြီးသီဆိုသည့် ဘဝသံသရာ ဇာတ်ဝင်တေးမှာ ယနေ့တိုင် လူကြိုက်များဆဲ ဖြစ်သည်။
ဘဝသံသရာ တံတား
ရုပ်ရှင်တွင် ပါဝင်ခဲ့သည့် သာစည်နှင့် ရွှေညောင်အကြား မိုင်တိုင် (၃၇၉/၇-၈) တံတားသည်လည်း ဘဝသံသရာတံတား ဟု အမည်တွင်သွားသည်။ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆ ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။
ကိုးကား
- ↑ တင်နိုင်တိုး။ ခေတ်ဟောင်းသတင်းစာများကပြောသော ၁၂ လရာသီ အဖြစ်အပျက်များ။ သူရိယစာပေ၊ ရန်ကုန်။ ၂၀၀၉ မတ်လ။