မြန်မာဘာသာစကား: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး Octahedron80 moved page မြန်မာဘာသာစကား to မြန်မာဘာသာ over redirect: unify |
|
(ကွဲပြားမှု မရှိ)
|
၀၁:၁၄၊ ၁၂ ဇူလိုင် ၂၀၁၅ ရက်နေ့က မူ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (December 2007) |
မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ၏ ရုံးသုံးစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ရခိုင်၊ ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[၁][၂] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ လူဦးရေ ၃၂သန်းခန့် သည် မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။
မြန်မာဘာသာသည် Tibeto-Burman (တိဗက်-ဗမာ) ဘာသာအုပ်စုတွင် ပါဝင်သည်။ Tibeto-Burman စကားများက Sino-Tibetan (တရုတ်-တိဗက်) စကားမိသားစုထဲတွင် ပါသည်။ မြန်မာဘာသာ သံနေသံထားနှင့် ပုဒ်ခွဲဘာသာဖြစ်သည်။ ဗြာဟ္မီအက္ခရာနှင့်မွန်အက္ခရာတို့မှ ဆင်းသက်သည့် အက္ခရာကို မြန်မာဘာသာမှ ဆက်ခံသုံးစွဲသည်။
မြန်မာအက္ခရာသမိုင်း
မူလအစ ဗြာဟ္မီက
မြန်မာစာ အရေးအသား ပေါ်ပေါက်ဖြစ်ထွန်းပုံကို စူးစမ်းလေ့လာခဲ့ကြသော သုတေသီအားလုံးကပင် မြန်မာအရေးအသား၊ မြန်မာအက္ခရာသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ ခန့်မှ အေဒီ ၃၀၀ ကျော်အထိ အိန္ဒိယဒေသတွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံကြသည်။
မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်ကဲ့သို့ပင် ဗျည်းအက္ခရာများ၊ ဗျည်းတွဲသင်္ကေတများ၊ သရအက္ခရာများ၊ သရသင်္ကေတများ၊ နိဂ္ဂဟိတ် (သေးသေးတင်)၊ ဝိသဇ္ဇနီ (ဝစ္စပေါက်) သင်္ကေတများဟူသော ပစ္စည်းအဆောက်အဦများဖြင့် တည်ဆောက်သည့် အရေးအသားစနစ်ဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အသုံးပြုသည့် အခြားစကားများနှင့် မြန်မာစကားတို့၏ ခြားနားမှုများကြောင့် ဗျည်းအရေအတွက်၊ သရအရေအတွက်၊ သင်္ကေတအမျိုးအမည်နှင့် အရေအတွက် အနည်းငယ်ကွာခြားမှု ရှိစေကာမူ မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်နှင့် အခြေခံအားဖြင့် တူညီသည်။
ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။
ယင်းသို့ ပစ္စည်းအဆောက်အဦး အားဖြင့်လည်းကောင်း၊ အက္ခရာပုံသဏ္ဌာန်အားဖြင့်လည်းကောင်း တူညီဆက်နွှယ်မှုရှိခြင်းကြောင့် မြန်မာအရေးအသားသည် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟူသော အချက်မှာ အငြင်းပွားဖွယ် မရှိပေ။
ဗြာဟ္မီမှ ဆင့်ကဲဖြစ်ထွန်းလာသော အရေးအသားများ
ဗြာဟ္မီအရေးအသားကို ဘီစီ ၅ ရာစုခန့်က စတင်တွေ့ရသည်။ ၎င်းသည် ဘီစီ ၃ ရာစုအတွင်း အသောကမင်းလက်ထက်တွင် အိန္ဒိယတစ်ခွင်တစ်ပြင်၌ ပျံ့နှံ့ထွန်းကားခဲ့သည်။
အသောကမင်းတည်ထောင်သော မောရိယနိုင်ငံကြီးပျက်စီးပြီးနောက် အိန္ဒိယမြောက်ပိုင်းတွင် ကုသျှာနမင်းဆက်၊ ထို့နောက် ဂုပ္တမင်းဆက်တို့ ပေါ်ပေါက်ကြီးစိုးခဲ့သည်။ ယင်းမင်းများလက်ထက် ဗြာဟ္မီအက္ခရာသည် တစ်စတစ်စ ပုံသဏ္ဌာန်ပြောင်းလဲလာသည်။ မင်းများကိုအစွဲပြု၍ ယင်းတို့လက်ထက် အရေးအသားများကို ကုသျှာနအရေးအသား၊ ဂုပ္တအရေးအသားဟု ခေါ်တွင်ခဲ့ကြသည်။ ထိုမှတဖန် အကောက်အကွေ့များသော ကုဋိလအရေးအသား၊ နာဂစာ၊ မြို့သုံးစာဟုဆိုကြသော နာဂရီအရေးအသေား၊ ရှင်းလင်းသော သျှရဒါအရေးအသား၊ ဘင်္ဂလာဒေသတစ်ခွင်တွင်သုံးသော ဘင်္ဂါလီအရေးအသားများ ဒေသအလိုက်၊ ခေတ်အလိုက် ဆင့်ပွားဖြစ်ထွန်းလာသည်။ ယင်းအရေးအသား အက္ခရာတို့သည် ကာလဒေသအလိုက် ပုံသဏ္ဌာန်အားဖြင့် တစ်စတစ်စ ခြားနားကွဲပြား လာခဲ့ကြသည်။
အိန္ဒိယတောင်ပိုင်းတွင်မူ မောရိယနိုင်ငံကြီး ပျက်စီးပြီးနောက် အန္ဓြမင်းဆက် ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ပလ္လဝမင်းဆက်။ ကဓမ္ဗမင်းဆက်၊ စလုကျမင်းဆက်၊ ရဋ္ဌကူဋမင်းဆက်၊ စောဠမင်းဆက် စသည်တို့ ပေါ်ပေါက်ခဲ့သည်။ ယင်းမင်းများအုပ်စိုးရာ ခေတ်တစ်လျှောက်၊ အနောက်ဘက်ဒေသတွင် ထွန်းကားသည့် ပစ္ဆိမီအရေးအသား၊ အလယ်ပိုင်းဒေသတွင် ထွန်းကားသည့် မဓျပြဒေသျှီအရေးအသား၊ တောင်ဘက်ပိုင်းတွင် ထွန်းကားသော ကဓမ္ဗ၊ စလုကျ၊ ရဋ္ဌကူဋစသည်တို့ အကျုံးဝင်သည့် တေလုဂူဒေသ၊ ကနဍီဒေသတို့တွင်သုံးသော တေလုဂူ ကနဍီအရးအသား၊ကျမ်းဂန်သုံး ဂြန္ထအရေးအသား၊ တမီလအရပ်ဒေသသုံး တမီလအရေးအသား စသည့်အရေးအသားများ ဗြာဟ္မီမှ ဆင့်ပွားဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည်။
ဗြာဟ္မီမှ ဆင်းသက်ဖြစ်ထွန်းလာသော ယင်းအိန္ဒိယ အရေးအသား အက္ခရာတို့သည် အေဒီ ၁ ရာစုမှ ၈ ရာစုအတွင်း တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှားစသည့် ဒေသများသို့ အိန္ဒိယအယူဝါဒ၊ ယဉ်ကျေးမှုများနှင့်အတူ ပျံ့နှံ့ရောက်ရှိပြီး ယင်းဒေသများတွင် တိုင်းရင်း အရေးအသားအက္ခရာများ ဖြစ်ထွန်းမှုအတွက် အထောက်အပံ့ပြုခဲ့ပေသည်။
မြန်မာဒေသသို့ အိန္ဒိယဒေသမှ အရေးအသားများ ပျံ့နှံ့ရောက်ရှိခြင်း
အိန္ဒိယဒေသတွင် ဗြာဟ္မီအရေးအသားမှ ဗြာဟ္မီပွားအရေးအသားများသို့ တစ်စတစ်စကူးပြောင်းခဲ့သည့် အေဒီ ၁ ရာစုမှ ၁၂ ရာစု ကာလအတွင်း မြန်မာဒေသတွင် ပျူ၊ မြန်မာ၊ မွန်၊ ရခိုင်တို့၏ မြို့ပြနိုင်ငံများ ထွန်းကားခဲ့သည်။ ယင်းနိုင်ငံများသည် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နိုင်ငံများနှင့် ကူးလူးဆက်ဆံခဲ့ကြသည်။ အထူးသဖြင့် အနောက်ဘက်ရှိ အိန္ဒိယနှင့် ကုန်းလမ်း၊ ရေလမ်းအားဖြင့် အဆက်အဆံ ရှိခဲ့ကြသည်။ ယင်းဆက်ဆံမှုများကြောင့် ဗုဒ္ဓသာသနာသည် မြန်မာဒေသသို့ အလွန်စောစောကပင် ရောက်ခဲ့သည်။ ဗြာဟ္မီအရေးအသားမှစ၍ ဗြာဟ္မီပွားအရေးအသားများသည်လည်း သူ့ခေတ်နှင့်သူ မြန်မာဒေသသို့ ရောက်ရှိခဲ့ကြပေသည်။ မြန်မာဒေသရှိ ထိုခေတ်တိုင်းရင်းသားများသည် ယင်းအရေးအသား အက္ခရာများဖြင့် ဘုရားဟောပါဠိကျမ်းဂန် ကောက်နုတ်ချက်များကို ကမ္ပည်းထိုး၍ လေ့လာပွားများခြင်း၊ အလှူကောင်းမှု မှတ်တမ်းများကို သက္ကတဘာသာဖြင့် ကမ္ပည်းထိုးမှတ်တမ်းတင်ခြင်း ပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် မိမိတို့၏ တိုင်းရင်းစကားကို အက္ခရာတင်ရန် အခြေအနေပေးလာသည့်အခါ မိမိတို့နှင့် ရင်းနှီးပြီးဖြစ်သည့် ခေတ်သုံး ဗြာဟ္မီပွားအက္ခရာတို့ကို အခြေပြု၍ မိမိတို့ ဘာသာစကား၏ အသံထွက်နှင့် အနီးစပ်ဆုံးကိုက်ညီအောင် ဗျည်း၊ သရ၊ သင်္ကေတတို့ကို ညှိနှိုင်းပြုပြင် တီထွင်ခဲ့ကြသည်။
အေဒီ ၆ ရာစုအတွင်း မြန်မာဒေသတွင် တွေ့ရသော အရေးအသားများ
အေဒီ ၆ ရာစုအတွင်း မြန်မာဒေသ၌ တွေ့ရသော အရေးအသားများမှာ ရခိုင်ဝေသာလီ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ကျောက်စာ စသည်တို့နှင့် ဟန်လင်း ပျူကျောက်စာ၊ သရေခေတ္တရာ တစ်ဝိုက်မှ ပျူအက္ခရာဖြင့်ရေးထိုးသည့် ပါဠိဘာသာ ရွှေပေစာ၊ ငွေပေစာ၊ ပျူဘာသာ အရိုးအိုးကျောက်စာ၊ သက္ကတ - ပျူ နှစ်ဘာသာ ဆင်းတုပလ္လင်ပတ်လည်စာ စသည်များ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်မှ စာများ။ ။ ရခိုင်ဝေသာလီတွင် အေဒီ ၄ ရာစုမှ ၆ ရာစုအထိ တွေ့ရသော ရှေးဟောင်းစာများမှာ သက္ကတ သို့မဟုတ် ပါဠိသက္ကတ ရောသော စာများဖြစ်ကြသည်။ အက္ခရာပုံသဏ္ဌာန်အားဖြင့် ဗြာဟ္မီမှ ဆင်းသက်လာသော ဂုပ္တအက္ခရာနှင့် အသွင်တူသည်။
ပျူစာများ။ ။ မြန်မာပြည် ဧရာဝတီမြစ်ဝှမ်း၌ အေဒီ ၄ ရာစုမှ ၆ ရာစုအထိ တွေ့ရသောစာများမှာ ပျူအက္ခရာ၊ ပျူဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများ (ဟန်လင်း ပျူကျောက်စာစသည်) ပျူအက္ခရာဖြင့်ရေးထိုးသည့် ဘုရားဟော ကျမ်းဂန် ကောက်နုတ်ချက် ရွှေပေချပ်များ၊ ပျူ - သက္ကတ နှစ်ဘာသာရောကျောက်စာ စသည်တို့ဖြစ်သည်။
ပျူလူမျိုးတို့သည် အေဒီ ၁ ရာစုခန့်ကပင် မြို့ပြနိုင်ငံ တည်ထောင်နေထိုင်လာကြသူများဖြစ်ပြီး အေဒီ ၄ ရာစုခန့်တွင် ယဉ်ကျေးမှုမြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ ပျူတို့သည် အိန္ဒိယဒေသမှ ဘာသာစာပေတို့နှင့် အကျွမ်းဝင်းခဲ့ရုံမက ယင်းစာပေအက္ခရာတို့ကို အခြေခံ၍ မိမိတို့ တိုင်းရင်းပျူဘာသာစကားအတွက် စာပေအက္ခရာ တီထွင်နိုင်ခဲ့သည်။
အေဒီ ၄ ရာစုခန့် ပျူအရေးအသား အထောက်အထားများအရ ပျူစာအရေးအသားကို အေဒီ ၃-၄ ရာစုခန့်က စတင်တီထွင်ခဲ့သည်ဟု ခန့်မှန်းရသည်။ ယင်းရှေးဟောင်း ပျူအရေးအသား အက္ခရာတို့သည် အိန္ဒိယတောင်ပိုင်းမှ ကဒမ္ဗအက္ခရာနှင့် များစွာတူသည်။ ထို့ကြောင့် ရှေးဟောင်းအက္ခရာ သုတေသီများက ပျူတို့သည် ကဒမ္ဗအက္ခရာကို အခြေခံ၍ ပျူအရေးအသားကို တီထွင်ခဲ့သည်ဟု ယူဆထားကြသည်။ ပျူတို့သည် အိန္ဒိယတောင်ပိုင်း ကဒမ္ဗအက္ခရာကို အခြေခံအဖြစ် လက်ခံအသုံးပြုသော်လည်း ဂုပ္တအက္ခရာတို့နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပျူ-သက္ကတနှစ်ဘာသာ အရေးအသားအချို့၌ တွေ့ရသည်။ ဇဂ္ဂယျာပေဋအက္ခရာ ရေးဆွဲသကဲ့သို့ အက္ခရာသင်္ကေတို့ကို အောက်အထက်ရှည်လျားစွာ ရေးဆွဲခြင်းမျိုးကိုလည်း ပျူကျောက်စာ အတော်များများ၌ တွေ့ရသည်။ ဤအချက်များက ပျူစာ ပျူအက္ခရာသည် ကဒမဗအရေးအသား အက္ခရာကို အခြေပြုစေကာမူ အိန္ဒိယဒေသရှိ ခေတ်ပြိုင်အက္ခရာတို့နှင့်လည်း မကင်းကြောင်း ဖော်ပြနေသည်။
အေဒီ ၆ ရာစုမှ ၁၂ ရာစုအထိ တွေ့ရသော အရေးအသားများ
ဤရာစုများအတွင်း မြန်မာနိုင်ငံ၌ တွေ့ရသော အရေးအသားများမှာ ရခိုင်ဝေသာလီမှ သက္ကတကျောက်စာအချို့၊ မြန်မာပြည်အရပ်ရပ်မှ ပျူကျောက်စာများ၊ မွန်ကျောက်စာများနှင့် မြန်မာကျောက်စာတို့ ဖြစ်ကြသည်။
ရခိုင်ဝေသာလီ။ ။ ဤခေတ်ပိုင်းတွင် ရခိုင်ဝေသာလီ၌ အနန္ဒစန္ဒြကျောက်စာစသည့် ကောက်စာအချို့ တွေ့ရသည်။ ကျောက်စာများမှာ ဂုပ္တအက္ခရာမှ ဆင်းသက်သည့် နာဂရီအက္ခရာဖြင့် ရေးထိုးစည့် သက္ကတကျောက်စာများ ဖြစ်ပေသည်။ ဝေသာလီခေတ်သည် အေဒီ ၉၀၀ ခန့်အထိ ထွန်းကားခဲ့သည်ဟု ဆိုသည်။ သို့သော် အေဒီ ၈၀၀ နောက်ပိုင်း ကျောက်စာအတွေ့ရ နည်းသွားသည်။
ပျူစာ။ ။ ပျူမြို့ပြနိုင်ငံများသည် အေဒီ ၉-၁၀ ရာစုအထိ မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်ဟု သမိုင်းသုတေသီတို့က ယူဆကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပျူကျောက်စာများကို တွေ့ရသည်။ သို့သော် ယင်းကျောက်စာများတွင်း ခုနှစ်သက္ကရာဇ် မပါခြင်း၊ အချိန်ု့မှာ ဖတ်မရလောက်အောင် မှေးမှိန်နေခြင်းတို့ကြောင့် ပျူကျောက်စာများကို ခု၊ နှစ်ပိုင်းခြား၍ ပြောဆိုရန် အခက်အခဲရှိပေသည်။ အက္ခရာ ပုံသဏ္ဌာန်ကို မူတည်၍သာ ခေတ်ကို ရာစုအလိုက် ခန့်မှန်းပြောဆိုကြရပေသည်။ သို့သော် ၁၂ ရာစုအစ၌ ရေးထိုးထားသည့် ရာဇကုမာရ်ကျောက်စာ (ပျူဘာသာ) အရလည်းကောင်း၊ ကျန်စစ်သားမင်းလက်ထက် ရေးထိုးသည့် ပျူအုတ်ခွက်စာအရလည်းကောင်း ပျူစာကို ၁၁ ရာစုအကုန် ၁၂ ရာစုအစဦးတိုင်အောင် ရေးသားအသုံးပြုလျက်ရှိကြောင်း အခိုင်အမာ သိရပေသည်။
မွန်စာ။ ။ မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရသည့် မွန်အရေးအသားမှာ ကျိုက်ဒေးအပ်စေတီ ဌာပနာတိုက်မှရသည့် ယေဓမ္မာအစချီ ပါဠိဘာသာ အုတ်ခွက်စာဖြစ်သည်။ ယင်းစာ၏ အက္ခရာပုံကိုထောက်၍ အေဒီ ၇ ရာစု အရေးအသားဟု ခန့်မှန်းကြသည်။ သထုံမြို့တွင် တွေ့ရသည့် တြာပ်ကျောက်စာ၊ ပဏ္ဍိတ်ကျောက်စာတို့မှာ မွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာများဖြစ်သည်။ သို့သော် သက္ကရာဇ် မတွေ့ရသောကြောင့် အက္ခရာပုံအရ အေဒီ ၁၀-၁၁ ရာစုဟု ခန့်မှန်းကြသည်။ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်မှစ၍ ၁၂ ရာစု အလောင်းစည်သူမင်း လက်ထက်တိုင်အောင် မွန်ကျောက်စာ၊ မွန်အုတ်ခွက်စာ၊ မွန်စဉ့်ကွင်းစာ၊ မွန်မင်စာတို့ကို မြန်မာပြည်နေရာ အတော်များများ၌ တွေ့ရသည်။ ရွှေစည်းခုံမွန်ကျောက်စာခေါ် ကျန်စစ်သားမင်းကျောက်စာ၊ မြကန်မွန်ကျောက်စာနှင့် ရာဇကုမာရ်မွန်ကျောက်စာတို့မှာ ကျော်ကြားလှပေသည်။
မွန်အရေးအသား၏ အစကို ခြေရာကောက်ရာတွင် မြန်မာနိုင်ငံတစ်ဝန်း တွေ့ရသည့် အထောက်အထားများ မလုံလောက်ချေ။ မွန်တို့သည် ခရစ်နှစ်အစလောက်ကပင် အရှေ့တောင်အာရှ ဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြသည်။ ယင်းတို့နေထိုင်ခဲ့ရာ ထိုင်းနိုင်ငံ ဒွါရာဝတီတွင် မွန်အက္ခရာ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများကို တွေ့ရသည်။ ယင်းကျောက်စာများမှာ အေဒီ ၇ ရာစုဟု ခန့်မှန်းသည့် ပရပထုံကျောက်စာနှင့် အေဒီ ၈-၉ ရာစုဟု ခန့်မှန်းသည့် လော့ဗူရီကျောက်စာတို့ ဖြစ်ကြသည်။ ယင်းကျောက်စာတို့၏ ဗျည်းသရအက္ခရာများ ရေးဆွဲပုံနှင့် စာလုံးပေါင်းကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ သထုံတွင် တွေ့ရသည့် အေဒီ ၁၀-၁၁ ရာစု ကျောက်စာများထက် ရာစု ၃ ခုခန့်စောမည်ဟု ခန့်မှန်းနိုင်သည်။ ယင်းအရေးအသားများကို ကျိုက်ဒေးအပ်မှ ယေခမ္မာအစချီ အုတ်ခွက်စာ အရေးအသားနှင့် နှိုင်းယှဉ်နိုင်သည်။ ပျူအက္ခရာ အရေးအသားနှင့်လည်း နှိုင်းယှဉ်နိုင်သည်။ ယင်းအထောက်အထားများအရ မွန်စာအရေးအသားသည် အေဒီ ၅-၆ ရာစုခန့်တွင် ပေါ်ပေါက်မည်ဟု ခန့်မှန်းနိုင်သည်။ ရှေးအကျဆုံး မွန်ကျောက်စာများသည် ကမ္ဗောဒီးယားရှိ သက္ကတဘာသာနှင့် ရေးထိုးသည့် တာကဗ်ကျောက်စာ၊ လောင်ကောဝတ်ကျောက်စာတို့နှင့် အက္ခရာရေးဆွဲပုံတူကြောင်း ရှေးဟောင်းကျောက်စာသုတေသီတို့က ပြဆိုခဲ့ကြသည်။ ဤအထောက်အထားများအရ မွန်တို့သည် တိုင်းရင်းစာပေ မတီထွင်မှီက ပါဠိသက္ကတစာပေများ၊ ယင်းစာပေများရေးရာတွင်သုံးသည့် အိန္ဒိယဒေသအက္ခရာများနှင့် အကျွမ်းတဝင်ရှိခဲ့သည်ဟု ယူဆရပေသည်။ ယင်းရှေးအကျဆုံး မွန်အရေးအသားနှင့် အက္ခရာများ၊ ကမ္ဗောဒီးယားကျောက်စာတို့၏ အက္ခရာများသည် အိန္ဒိယတောင်ပိုင်းမှ အေဒီ ၄ ရာစု ပလ္လဝအက္ခရာနှင့်တူသည်။ ထို့ကြောင့် ရှေးဟောင်းအက္ခရာသုတေသီတို့က မွန်တို့သည် အိန္ဒိယတောင်ပိုင်း ပလ္လဝအက္ခရာကို အခြေခံ၍ မွန်အရေးအသားကို တီထွင်ခဲ့သည်ဟု ယူဆထားကြသည်။ မွန်တို့သည် ပလ္လဝအက္ခရာကို အခြေခံအဖြစ် လက်ခံအသုံးပြုသော်လည်း မိမိတို့စကားနှင့်ညှိ၍ ဗျည်းသစ်အချို့ကို တီထွင်ခဲ့ကြသည်။ ပလ္လဝ အရေးအသားတွင် မတွေ့ရဘဲ စာလုကျ၊ ဝလဘီစသည့် အခြားအိန္ဒိယတောင်ပိုင်းအက္ခရာအချို့တွင် တွေ့ရသည့် အသတ်သင်္ကေတမျိုးကို မွန်တို့လက်ခံခဲ့ကြသည်။ ဤအက္ခရာများက မွန်စာ မွန်အက္ခရာသည် ပလ္လဝအရေးအသားကို အခြေပြုသော်လည်း အိန္ဒိယဒေသရှိ ခေတ်ပြိုင်အက္ခရာတို့နှင့်လည်း မကင်းကြောင်း ဖော်ပြနေသည်။
မြန်မာစာ။ ။ တွေ့ရှိသမျှ မြန်မာစာအရေးအသားတို့တွင် ပုဂံခေတ် အေဒီ ၁၁-၁၂ ရာစုအတွင်း တွေ့ရသည့် အရေးအသားများမှာ အစောဆုံးဖြစ်သည်။ ရာဇကုမရ်ကျောက်စာ ရေးထိုးချိန်မှာ သက္ကရာဇ် ၄၇၅ ခန့်၊ အေဒီ ၁၁၁၃ ခန့်ဖြစ်၍ အေဒီ ၁၂ ရာစု၏ အစပိုင်းဖြစ်သည်။ ထို့ထက်စောသော မြန်မာစာ အရေးအသားတို့လည်း ရှိသေး၏။ ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာတွင် ကန်၏အမည်ကို ‘မဟာနိဗ္ဗာန်လက်ဆုယ်ခိရိယ်’ (မဟာနိဗ္ဗာန်လက်ဆွဲချိရေ)ဟု မြန်မာစာညှပ်၍ ရေးထိုးခဲ့သည်ကို တွေ့ရသည်။ ယင်းအမည်ကို ကမ္ပည်းအက္ခရာရေးထိုးချိသည် ရာဇကုမာရ်ကျောက်စာထိုးချိန်ထက် စောသည်။ ခုနှစ်သက္ကရာဇ် မပါသော်လည်း အက္ခရာရေးဆွဲပုံ၊ စာလုံးပေါင်းပုံအရ သက်စိုးတောင် ပေါ်တော်မူဘုရားကျောက်စာသည်လည်း ရာဇကုမာရ်ကျောက်စာထက် အနှစ် ၅၀ ခန့်စောသည်ဟု ကျောက်စာပညာရှင်တို့ ယူဆကြပေသည်။ ပုဂံခေတ်က အနော်ရထာမင်း လက်ထက်မှ အလောင်းစည်သူမင်း လက်ထက်အထိ အုတ်ခွက်ဘုရား ပြုလုပ်ပူဇော်ခြင်း အလေ့အထ ခေတ်စားလေသည်။ ကုသိုလ်ရှင်တို့က မိမိတို့ကောင်းမှုအကြောင်းကို ပါဠိ၊ မွန်၊ ပျူ၊ မြန်မာ နှစ်သက်ရာဘာသာတစ်ခုခုဖြင့် စာအနည်းငယ်စီ ရေးထိုးလေ့ရှိသည်။ ယင်းအုတ်ခွက်စာများအနက် ပုဂံဦးချစ်စ၏ ယာတွင်းမှရသည့် မြန်မာကမ္ပည်းအက္ခရာ အုတ်ခွက်စာများသည် အက္ခရာရေးဆွဲပုံနှင့် စာလုံးပေါင်းပုံအရ အလွန်ရှေးကျသော အုတ်ခွက်စာများဟု ပညာရှင်တို့ ယူဆကြသည်။ ယင်းအထောက်အထားများအရ မြန်မာစာသည် ၁၁ ရာစုတွင် အခိုင်အမာ ပေါ်ပေါက်နေပြီဟု ဆိုနိုင်သည်။
ပျူမြို့ပြနိုင်ငံများ ထွန်းကားခြင်းနှင့် ပျူစာထွန်းကားမှု၊ မွန်မြို့ပြနိုင်ငံများ ထွန်းကားခြင်းနှင့် မွန်စာထွန်းကားမှု ဆက်စပ်လျက်ရှိသကဲ့သို့ မြန်မာတို့၏ ပုဂံနိုင်ငံထွန်းကားခြင်းနှင့် မြန်မာစာထွန်းကားမှုသည်လည်း ဆက်စပ်လျက်ရှိပေသည်။ ပုဂံနိုင်ငံသည် ရှေးမဆွကပင် ရှိခဲ့သော်လည်း အနော်ရထာမင်းလက်ထက် ၁၁ ရာစုတွင်မှ ပိုမိုထွန်းကားလာခဲ့ပေသည်။ မြန်မာတို့သည် မြန်မာစာမထွန်းကားမှီက သက္ကတ၊ ပါဠိစာပေများနှင့်လည်းကောင်း၊ ပျူစာပေ မွန်စာပေများနှင့်လည်းကောင်း ထိတွေ့ရင်းနှီးပြီးဖြစ်ကြသည်။ အက္ခရာအားဖြင့် အေဒီ ၁၀-၁၁ ရာစု နာဂရီအက္ခရာ၊ ပျူအက္ခရာ၊ မွန်အက္ခရာတို့နှင့် အကျွမ်းဝင်လျက်ရှိကြသည်။ ပျူအက္ခရာနှင့် မွန်အက္ခရာသည် ဗြာဟ္မမီအက္ခရာမှ ဆင်းသက်ပေါက်ပွားသည့် အိန္ဒိယအက္ခရာများကို အခြေပြုခဲ့ကြသည့်အလျောက် ရှေးဦးမွန်အက္ခရာနှင့် ပျူအက္ခရာတို့ များစွာဆင်တူကြ၏။ ၁၀-၁၁ ရာစု မွန်အက္ခရာသည် ယင်းခတ်ပျူအက္ခရာနှင့် နှိုင်းစာသော် ပုံသဏ္ဌာန်အလွန်ရှင်းလင်းသည်။ ထို့ကြောင့် မြန်မာစာအရေးအသားတီထွင်ရန် အကြောင်းတိုက်ဆိုင်လာသောအခါ အရေးခက်ခဲသော နာဂရီအက္ခရာနှင့် ပျူအက္ခရာတို့ကို မသုံးပဲ ရှင်းလင်းလွယ်ကူသော မွန်အက္ခရာနှင့် သင်္ကေတများကို သုံးခဲ့ကြပေသည်။ ဤသို့ဖြင့် ပုဂံခေတ်မှစ၍ မြန်မာအက္ခရာ၊ သင်္ကေတတို့သည် မွန်အက္ခရာ၊ သင်္ကေတတို့နှင့် ပုံသဏ္ဌာန်ချင်း တူခဲ့ကြသည်။
မြန်မာစာကို တီထွင်ခဲ့ကြသူများသည် သက္ကတအရေးအသား၊ ပါဠိအရေးအသား၊ ပျူအရေးအသား၊ မွန်အရေးအသားတို့မှ မြန်မာဘာသာစကားအတွက် လိုအပ်သည်တို့ကိုယူ၍ မလိုအပ်သည်တို့ကို ပယ်ခဲ့ကြသည်။ ဋ၊ ဌ၊ ဍ စသည့်ဗျည်းတို့ကိုမူ မြန်မာစာ၌ အသုံးမတွင်စေကာမူ မြန်မာစာတတ်က ပါဠိစာပေသင်အံရန် မခက်ခဲအောင် သိမ်းသွင်းထားခဲ့သည်။ ပါဠိဘာသာ မွန်ဘာသာတို့၌ မရှိသည့် သဝေထိုး ရေးချရှေ့ထိုး (ော်) သင်္ကေတ၊ အောက်မြစ် သင်္ကေတ၊ အက္ခရာ ၏၊ အက္ခရာ ၍၊ အက္ခရာ ၌ စသည်တို့ကို တီထွင်ဖန်တီးခဲ့သည်။ ဤသို့ဖြင့် ဗြာဟ္မီကို မြစ်ဖျားခံသော မွန်အက္ခရာနှင့် ပုံသဏ္ဌာန်တူ၍ ပါဠိ၊ သက္ကတ၊ မွန်တို့နှင့် နှီးနွှယ်သော်လည်း မြန်မာဟန် မြန်မာမှုဖြစ်အောင် တီထွင်ခဲ့သော မြန်မာစာ အရေးအသားသည် ပုဂံခေတ်မှစ၍ ထွန်းကား ပေါ်ပေါက်ခဲ့သည်။
၁၂ ရာစုနောက်ပိုင်း အရေးအသားများ
ပျူစာ။ ။ ၁၂ ရာစုအစပိုင်း ရာဇကုမာရ်ကျောက်စာတွင် ပျူအရေးအသား တွေ့ရပြီးနောက် ပျူအရေးအသား ထပ်မံမတွေ့ရတော့ချေ။
မွန်စာ။ ။ ၁၂ ရာစုနှောင်းပိုင်းမှစ၍ မွန်ကျောက်စာများ တိမ်ကောသွားသည်။ သို့သော် မွန်စာသည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ဆက်လက်ရှင်သန်လျက်ရှိသည်။ အေဒီ ၁၅ ရာစုတွင် ဟံသာဝတီတစ်ဝိုက်၌ အလယ်ခေတ် မွန်ကျောက်စာများကို တွေ့ရပြန်သည်။ ထိုမှသည် ယနေ့တိုင် မွန်ပြည်နယ်တွင် မွန်စာ ရှင်သန်လျက်ရှိသည်။
မြန်မာစာ။ ။ မြန်မာစာသည် ၁၂ ရာစုနောက်ပိုင်းတွင်လည်း ခေတ်အဆက်ဆက်ကို ကျော်ဖြတ်၍ ရှင်သန်ဖွံ့ဖြိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
မြန်မာအက္ခရာနှင့် နှီးနွှယ်သော တိုင်းရင်းသားစာများ။ ။ ၁၂ ရာစုနောက်ပိုင်းတွင် မြန်မာအက္ခရာနှင့် နှီးနွှယ်သော တိုင်းရင်းသားဘာသာ စာအရေးအသားများကိုလည်း တွေ့ရှိရသည်။ ယင်းတို့မှာ ကရင်၊ ပအိုဝ့်၊ ရှမ်း စသည်တို့ဖြစ်သည်။ ယင်းအက္ခရာ အရေးအသားတို့အကြောင်းကို ဆက်လက်လေ့လာကြရဦးမည်ဖြစ်သည်။
စကားလုံးအသံထွက်များ
ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (International Phonetic Alphabet) ကိုအသုံးပြုသည်။
ဗျည်းများ
Biဩဌဇ | ဒန္တဇ | မုဒ္ဒဇ | Postalveolar နှင့် [[တာလုဇဗျည်း|တာလုဇ]] |
Velarနှင့် labiovelar |
[[တာလုဇဗျည်း|တာလုဇ]] | နေရာမရှိ | |
---|---|---|---|---|---|---|---|
Plosive and Affricate | pʰ p b | tʰ t d | tʃʰ tʃ dʒ | kʰ k g | ʔ | ||
နိဂ္ဂဟိတ | m̥ m | n̥ n | ɲ̥ ɲ | ŋ̊ ŋ | N | ||
Fricative | θ (ð) | sʰ s z | ʃ | h | |||
Approximant | (ɹ) | j | (ʍ) w | ||||
Lateral | ɬ l |
ဗျည်းခန့်မှန်း /ɹ/ ရှုားသည်၊ ပါဠိနှင့်သင်္သကရိုက်အသံသုံး၏ နေရာနာမည်၌ ("အမရပူရ" [àməɹa̰pùra̰] လို) ၍ အင်္ဂလိပ်ဘာသာစာလုံး၌ မှအသံထွက်သည်။ မြန်မာစကား၏ /ɹ/ က /j/ ဖြစ်လာသည်။ (သီးခြားစကားမှ /ɹ/ အမြဲသုံးသည်) ပါဌ် /j/ သုံးသည် (ရဟန္တာ /jəhàNdà/ ရာဇ /jàza̰/ လို). တစ်ခါတစ်လေ /l/ ကိုအသံထွက်လို့ရသည် ("တိရစ္ဆာန်" ကို /təɹeiʔ sʰàn/၎င်း /təleiʔ sʰàn/၎င်း အသံထွက်လို့ရသည်). /ʍ/လည်းရှားသည်၊ နိုင်ငံခြားနာမည်မှသုံးသေးသည်။
စလုံးစပ်များ၌ /pʰ, p/ အသံတွေ /b/ လိုအသံထွက်၊ /kʰ, k/ အသံတွေ /g/ လိုအသံထွက်, /tʃʰ, tʃ/ အသံတွေ /dʒ/ လိုအသံထွက်၊ /sʰ, s/ အသံတွေ /z/ အသံထွက်နိုင်သည်၊. အဆုံးပါတဲ့စာလုံး၌ /dʒ/ အသံ /j/ ဖြစ်နိုင်သည်။ သောကြောင့် "အင်္ကျီ" အသံထွက်ရင် /èiNdʒí/ နှင့် /èiNjí/ မှန်သည်။
In many Burmese words, ဓနိတနှင့် သိထိလအက္ခရာ indicate active or passive voice in verbs. Examples include the verb "cook," where the aspirated version ချက် ([ʧʰeʔ]) means "cook," while the unaspirated ကျက်([ʧeʔ]) means "to be cooked." Another example is "lessen," where the aspirated version ဖြေ ([pʰjè]) means "lessen" while the unaspirated version ပြေ ([pjè]) means "to lessen."
သရများ
Monophthongs | Diphthongs | |||
---|---|---|---|---|
အရှေ့ | အနောက် | အရှေ့ သရတစ်ဝက် | အနောက် သရတစ်ဝက် | |
ပိတ် | i | u | ||
အလယ်ပိတ် | e | o | eɪ | oʊ |
အလယ် | ə | |||
အလယ်ဖွင့် | ɛ | ɔ | ||
အဖွင့် | a | aɪ | aʊ |
The monophthongs /e/၊ /o/၊ /ə/၊ နှင့် /ɔ/ ဝဏ္ဏအဖွင့်၌ဘဲပါသည် (syllable coda မပါ၏ဝဏ္ဏ); the diphthongs /ei/၊ /ou/၊ /ai/၊ နှင့် /au/ ဝဏ္ဏအပိတ်၌ဘဲပါသည် (syllable coda ပါ၏ဝဏ္ဏ).
လေးသံ
မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံ၊ phonation၊ အသံအရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။
အသံနာမည် | IPA | အနက် |
---|---|---|
နိမ့်သံ | à | Normal phonation, medium duration, low intensity, low (often slightly rising) pitch |
တက်သံ | á | Sometimes slightly breathy, relatively long, high intensity, high pitch; often with a fall before a pause |
သက်သံ | a̰ | tense or creaky phonation (sometimes with lax glottal stop), medium duration, high intensity, high (often slightly falling) pitch |
တိုင်သံ | aʔ | Centralized vowel quality, final glottal stop, short duration, high pitch (in citation; can vary in context) |
နမူနာမှာ အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။
- နိမ့်သံ /kʰà/ (ခါ)
- တက်သံ /kʰá/ (ခါး)
- သက်သံ /kʰa̰/ (ခ)
- တိုင်သံ /kʰaʔ/ (ခတ်)
/N/ ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။
- နိမ့်သံ /kʰàN/ (ခံ)
- တက်သံ /kʰáN/ (ခန်း)
- သက်သံ /kʰa̰N/ (ခန့်)
အက္ခရာ
ဒေသိယစကား
အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်
မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။
လက်တွေ့တွင် ရန်ကုန် (အောက်မြန်မာပြည်) နှင့် မန္တလေး (အထက်မြန်မာပြည်) အကြား အသံထွက်နှင့် လေယူလေသိမ်း ကွာဟချက်မရှိလှပဲ စကားလုံး အသုံးအနှုန်းအပိုင်းတွင် ကွဲပြားမှု ရှိသည်။ သိသာထင်ရှားသည့် ဥပမာတစ်ခုမှာ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို ‘ကျွန်တော်’ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက ‘ကျွန်မ’ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။
ဧရာဝတီမြစ်ဝှမ်း ပြင်ပဒေသ
သို့ပေမဲ့ ဧရာဝတီတောင်ကြားရပ်ဝေး၊ ထားဝယ်၊ မြိတ်၊ ယော၊ ပလော် (Palaw)၊ သီးခြားစကားအသံဖြစ်သည်။ ရခိုင်းစကားသည် ရှေးဟောင်းမြန်မာစကားနှင့်အတူဆုံးဖြစ်သည် ([r] အသံအသုံးသေးသည်)။ တင်္သာရီတိုင်း၏သီးခြားစကားများ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာ [-l-] (ရှေးဟောင်းမြန်မာစာမှအသုံးပြုသည်) အလယ်သုံးသေးသည်။ စကားလုံနှင့်အသံကွာပေမဲ့ ဘာသာအားလုံး mutual intelligibility ရှိသည်။
ဝေါဟာရ
မြန်မာဝေါဟာရ အများစုသည် Tibeto-Burman (တိဗက်-ဗမာ) စကားမျိုးနွယ်မှ ဆင်းသက်လာပြီး အသံတစ်သံသာ ထွက်သည်။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစား ဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မြန်မာဘာသာစကားသည် ပါဠိဘာသာ၊ မွန်ဘာသာ နှင့် အင်္ဂလိပ်ဘာသာတို့၏ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိသလို သင်္သကရိုက်ဘာသာ၊ ဟိန္ဒီဘာသာနှင့် တရုတ်ဘာသာ တို့၏ လွှမ်းမိုးမှုလည်း အနည်းငယ်ရှိသည်။
- ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။
- အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။
- မွန်ဘာသာသည် မြန်မာဘာသာအပေါ် ထဲထဲနက်နက် လွှမ်းမိုးမှု ရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။ မွန်မွေးစားစကားလုံးများသည် အပင်ပန်းမန်၊ တိရစ္ဆာန်၊ အုပ်ချုပ်ရေး၊ အထည်အလိပ်၊ အစားအသောက်၊ လှေများ၊ လက်မှုပညာ၊ ဗိသုကာနှင့် ဂီတတို့နှင့် ဆက်စပ်သည်။
- သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။
- တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။
ဘာသာ | နံပါတ် (မွေးစားစကာလုံ၊ နာမ်မှ) |
---|---|
ပါဠိ | ၁၅၃၁ |
အင်္ဂလိပ် | ၅၇၅ |
သင်္သကရိုက် | ၃၂၁ |
ဟိန္ဒီ | ၁၅၈ |
မွန် | ၉၆ |
တရုတ် | ၃၁ |
အာရဗီ | ၁၆ |
ထိုင်း | ၁၅ |
ပသျှူး | ၁၄ |
ရှမ်း | ၁၂ |
ပြင်သစ် | ၁၂ |
ကလယ် | ၅ |
မြန်မာ-အင်္ဂလိပ်အဘိဓာန် (၁၉၉၃) |
သာဓက--
- ဒုက္ခ ([doʔkʰa̰]) - ပါဠိ "dukkha"
- ရေဒီယို ([rèdìjò]) - အင်္ဂလိပ် "radio"
- စနစ် ([səniʔ]) - မွန် "စ္နတ်"
- ကော်ပြန့် ([kɔ̀pja̰n]) - အင်္ကျီတို (ဖူကျန့်) တရုတ် 潤餅 (jūn-piáⁿ)
- ဇနီး ([zəní]) - ဟိန္ဒီ पत्नी (jani)
- ခေါက်ဆွဲ ([kʰaʊʔ sʰwé]) - ရှမ်း "ၶဝ်ႈသွႆး"
- ပေ ([pè]) - ပေါ်တူဂယ် pé
- အလံ ([əlàn]) - အာရပ် alam
ပြင်ပလင့်ခ်များ
- Burmese/Myanmar script and pronunciation at Omniglot
- Myanmar Unicode Character Picker
- Myanmar Unicode Implementation Public Awareness
- Myanmar3 keyboard layout
- myWin2.2
Fonts supporting Burmese characters
- Burmese Wikipedia:Font page
- Burmese Unicode & NLP Research Centre
- Parabaik Myanmar Unicode Project GPLed and OFLed
- Myanmar-English Unicode dictionary
ကျမ်းကိုး
- Becker၊ Alton L. (1984)။ "Biography of a sentence: A Burmese proverb."။ in In E. M. Bruner (ed.) (ed.)။ Text, play, and story: The construction and reconstruction of self and society။ Washington, D.C.: American Ethnological Society။ pp. 135–55။CS1 maint: extra text: editors list (link)
- Bernot၊ Denise (1980)။ Le prédicat en birman parlé (Frenchဘာသာစကားဖြင့်)။ Paris: SELAF။ ISBN 2-85297-072-4။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Cornyn၊ William Stewart (1944)။ Outline of Burmese grammar။ Baltimore: Linguistic Society of America။ Unknown parameter
|coauthors=
ignored (|author=
suggested) (အကူအညီ) - Cornyn၊ William Stewart (1968)။ Beginning Burmese။ New Haven: Yale University Press။ Unknown parameter
|coauthors=
ignored (|author=
suggested) (အကူအညီ) - Green၊ Antony D. (2005)။ "Word, foot, and syllable structure in Burmese."။ in In J. Watkins (ed.) (ed.)။ Studies in Burmese linguistics။ Canberra: Pacific Linguistics။ pp. 1–25။ ISBN 0-85883-559-2။CS1 maint: extra text: editors list (link)
- Okell၊ John (1969)။ A reference grammar of colloquial Burmese။ London: Oxford University Press။
- Roop၊ D. Haigh (1972)။ An introduction to the Burmese writing system။ New Haven: Yale University Press။
- Taw Sein Ko (1924)။ Elementary handbook of the Burmese language။ Rangoon: American Baptist Mission Press။
- Watkins, Justin W. (2001). "Illustrations of the IPA: Burmese". Journal of the International Phonetic Association 31 (2): 291–95. doi: .
- Wheatley၊ Julian K. (1987)။ "Burmese."။ in In B. Comrie (ed.) (ed.)။ Handbook of the world's major languages။ Oxford: Oxford University Press။ pp. 834–54။ ISBN 0-19-520521-9။CS1 maint: extra text: editors list (link)
- Patricia M Herbert, Anthony Milner, ed. (1989)။ South East Asia Languages and Literatures: Languages and Literatures: A Select Guide။ University of Hawaii Press။ ISBN 0-8248-1267-0။
- မြန်မာအဘိဓာန်
- ↑ http://dictionary.infoplease.com/mongoloid
- ↑ http://robertlindsay.wordpress.com/category/raceethnicity/asians/se-asians/burmese/
- Waxman, Nathan; Aung, Soe Tun (2014). "The Naturalization of Indic Loan-Words into Burmese: Adoption and Lexical Transformation". Journal of Burma Studies 18 (2): 259–290. doi: .