အီသီယိုးပီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
အရေးမကြီးNo edit summary |
No edit summary |
||
စာကြောင်း ၁၄ - | စာကြောင်း ၁၄ - | ||
| ဧရိယာရေရာခိုင်နှုန်း = ၀.၇ |
| ဧရိယာရေရာခိုင်နှုန်း = ၀.၇ |
||
| စံတော်ချိန်ဇုန် = +၃ |
| စံတော်ချိန်ဇုန် = +၃ |
||
| ရုံးသုံးဘာသာများ = |
| ရုံးသုံးဘာသာများ = [[အမ်ဟာရာဘာသာ]] |
||
| လူဦးရေ = ၈၂,၁၀၁,၉၉၈(၂၀၁၁)<ref>Central Statistical Agency of Ethiopia. [http://www.csa.gov.et/index.php?option=com_rubberdoc&view=category&id=75&Itemid=561 Central Statistical Agency of Ethiopia]</ref> |
| လူဦးရေ = ၈၂,၁၀၁,၉၉၈(၂၀၁၁)<ref>Central Statistical Agency of Ethiopia. [http://www.csa.gov.et/index.php?option=com_rubberdoc&view=category&id=75&Itemid=561 Central Statistical Agency of Ethiopia]</ref> |
||
| လူဦးရေအဆင့် = ၁၄ |
| လူဦးရေအဆင့် = ၁၄ |
၀၆:၂၂၊ ၃ ဇူလိုင် ၂၀၁၅ ရက်နေ့က မူ
ဖက်ဒရယ် အီသီယိုးပီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ Federal Democratic Republic of Ethiopia የኢትዮጵያ ፌዴራላዊ ዲሞክራሲያዊ ሪፐብሊክ ye-Ītyōṗṗyā Fēdēralāwī Dīmōkrāsīyāwī Rīpeblīk | |
---|---|
နိုင်ငံတော် သီချင်း: "March Forward, Dear Mother Ethiopia" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | အဒစ်စ် အဘာဘာမြို့ |
ရုံးသုံး ဘာသာစကားများ | အမ်ဟာရာဘာသာ |
အမျိုးအစား | ဖက်ဒရယ် ပါလီမန် သမ္မတအစိုးရ |
အစိုးရ | |
• သမ္မတ | Girma Wolde-Giorgis |
• ဝန်ကြီးချုပ် | Meles Zenawi |
တည်ထောင် | |
• တည်ထောင်ခြင်း | ဘီစီ ၉၈၀ |
• လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ | ၁၉၉၁ |
ဧရိယာ | |
• စုစုပေါင်း | ၄၂၆,၃၇၁ စတုရန်းမိုင် (၁,၁၀၄,၃၀၀km²) (အဆင့်: ၂၇) |
• ရေထု (%) | ၀.၇ |
လူဦးရေ | |
• ခန့်မှန်း | ၈၂,၁၀၁,၉၉၈(၂၀၁၁)[၁] (အဆင့် - ၁၄) |
• သိပ်သည်းမှု | ၇၄/km² (၁၉၄/sq mi) (အဆင့် - ၁၂၃) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | ၈၆.၁၂၃ ဘီလီယံ[၂] |
• Per capita | US$ ၁,၀၁၅ |
HDI | ▲ ၀.၃၂၈(အနိမ့်) အမှား။ မရေရာသော HDI တန်ဖိုး · ၁၅၇ |
ငွေကြေး | Birr |
အချိန်ဇုန် | +၃ |
တယ်လီဖုန်းကုဒ် | +၂၅၁ |
Internet TLD | .et |
အီသီယိုးပီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသတွင် တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ တရားဝင်အခေါ်မှာ အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာဖရိကတွင် ဒုတိယမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၈၅.၂ သန်းမျှ ရှိသည်။ အကျယ်အဝန်းအားဖြင့် ဒသမြောက် အကြီးဆုံးဖြစ်ကာ ၁,၁၀၀,၀၀၀ စတုရန်း ကီလိုမီတာမျှ ကျယ်ဝန်းသည်။ မြို့တော်မှာ အက်ဒစ်စ် အဘာဘာဖြစ်သည်။ မြောက်ဘက်တွင် အီရီထရီးယားနိုင်ငံ၊ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျီဘူတီနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံ၊ တောင်ဘက်တွင် ကင်ညာနိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။
အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ သီးခြားလွတ်လပ်သော အချုပ်အချာ အာဏာ ပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီသီအိုး ပီးယားအား ပေါ်တူဂီတို့၏ အခေါ်အဝေါ်ကိုလိုက်၍ အက်ဗီ ဆီးနီးယားဟု လည်း ခေါ်သည်။ သို့သော် အီသီအိုးပီးယား ဟူသော အမည်ကိုသာလျှင် အသိအမှတ် အပြုများသည်။ ထို အမည်ဖြင့်လည်း ထိုနိုင်ငံသည် ရှေးရှေးအခါကပင် ထင်ရှားခဲ့ သည်။ အီသီအိုးပီးယားသည် ခေတ်ပေါ် တိုင်းပြည်တစ်ပြည် မဟုတ်ချေ။ အာဖရိကတိုက် နိုင်ငံများအနက် အရေအတွက် အားဖြင့် နည်းပါးလှသော ရှေးသမိုင်းဝင်နိုင်ငံများတွင် အပါ အဝင် ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းရာနှင့်ချီသည့် ခေတ်အခါ ကပင် အီသီအိုးပီးယားသည် ထီးနှင့်နန်းနှင့် ကြငှန်းဖြင့် တင့်တောင့်တင့်တယ် ရပ်တည်နိုင်ခဲ့သည်။ ဆော် လမွန်ဘုရင်နှင့် ရှီဗာဘုရင်မတို့မှ ဆင်းသက်ဆက်နွယ်သည့် တိုင်းရင်းသား ဘုရင်စိုးမင်းတို့ အုပ်ချုပ်မင်းလုပ် ခဲ့ကြသော နိုင်ငံဟုလည်း ဆိုကြသည်။ ဂရိစာဆိုကြီး ဟိုးမားနှင့်ဟီရော့ဒိုး တပ်တို့သည် ယင်းတို့၏ စာပေ၌ ရှေးခေတ် အီသီအိုးပီးယား နိုင်ငံအကြောင်းကို ဖော်ပြကြသည်။ သမ္မာကျမ်းစာ၌ပါသော ကုရှနိုင်ငံသည် အီသီ အိုးပီးယားနိုင်ငံဖြစ်သည်ဟု ဆိုကြလေ သည်။
အီသီအိုးပီးယားနိုင်ငံသည် မြောက်ဘက်၌ ပင်လယ်နီ၊
အရှေ့ဘက်၌ ဆိုမာလီယာနိုင်ငံနှင့် အဖားနှင့် အိုက်ဆားနယ်
(ပြင်သစ်ပိုင် ဆိုမာလီလန်နယ်)၊ တောင်ဘက်၌ ကင်ညာနိုင်ငံ
နှင့် ဆိုမာလီယာနိုင်ငံ၊ အနောက်ဘက်၌ ဆူဒန်သမ္မတနိုင်ငံ
တို့ဖြင့် ဝန်းရံလျက်ရှိသည်။ ယင်း၏ တည်နေရာသည် မြောက်
လတ္တီတွဒ် ၄ ဒီဂရီနှင့် ၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၃၃
ဒီဂရီနှင့် ၄၉ ဒီဂရီတို့အကြား၌ တည်ရှိသည်။ ရှေးက သီးခြား
ပြည်ထောင်များ ဖြစ်ခဲ့ကြသော တီဂရေ၊ ဂိုဂျမ်၊ အမ်ဟားရ၊
ဂွန်ဒါ၊ ရှိုအတို့သည် အီသီအိုးပီးယား နိုင်ငံ၏ နယ်ကြီးများ
ဖြစ်ကြ၍ ၁၉၅၂ ခုနှစ်တွင် ပေါင်းထည့်ခဲ့သော အီရစ်ထရီးယား
ပြည်သည်လည်း အီသီအိုးပီးယား၏ ပြည်နယ်တစ်ခု ဖြစ်သည်။
နိုင်ငံတစ်ခုလုံး၏ အကျယ်အဝန်းသည် ၄၅၇၂၅၆ စတု
ရန်းမိုင် ဖြစ်သည်။ လူဦးရေ ၂၅၉၃ဝဝဝဝ (၁၉၇၂)ဟု ခန့်
မှန်းသည်။ အီသီအိုးပီးယားနိုင်ငံသည် လူမျိုးအတော်အတန်
စုံသောနိုင်ငံ ဖြစ်သည်။ မူလ တိုင်းရင်းသားတို့သည် ဟမ်းမိုက်
လူမျိုး အဆက်အနွယ်များ ဖြစ်ကြသော်လည်း အာရှမိုင်းနား
ဘက်မှ ဆီးမိုက် အဆက်အနွယ် လူမျိုးများသည် အီသီအိုးပီး
ယားနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။ ယခုအခါ
အရေးအပါဆုံးသော လူမျိုးသည် အမ်ဟာရလူမျိုးများ ဖြစ်ကြ
သည်။ သို့သော် ယင်းတို့၏ စုစုပေါင်း အရေအတွက်သည်
နှစ်သန်းကျော်ခန့်သာရှိ၍ အလယ်ကုန်းမြင့်ဒေသများ၌ နေထိုင်
ကြသည်။ ယင်းတို့ထက် မြောက်ဘက်ကျသော ဒေသများ၌
နေထိုင်ကြသော တီဂရေလူမျိုးတို့သည်လည်း အမ်ဟာရတို့နှင့်
အမျိုးချင်း နီးစပ်၍ အမ်ဟာရတို့ကဲ့ပင် အီဂျစ်ကော့ပတစ်
ခရစ်ယာန်များ ဖြစ်ကြသည်။ ပြောဆိုသော ဘာသာ စကားချင်း
မတူကြသော်လည်း နှစ်မျိုးလုံးပင် ဟမ်းမိုက်နှင့် ဆီးမိုက်ကပြား
များမှ ဆင်းသက် ဆက်နွှယ်လာကြသည်။ ယင်းတို့နှစ်မျိုးလုံး
သည်ပင် ဂါလလူမျိုးများနှင့် အမျိုးချင်း ရောနှောကြပြန်သည်။
ဂါလတို့သည် ဟမ်းမိုက် အဆက်အနွယ်များ ဖြစ်ကြ၍ အီသီ
အိုးပီးယားတနိုင်ငံလုံး၏ လူဦးရေ ထက်ဝက်ခန့်ရှိသည်။
မွတ်စလင်များလည်း ရှိသည်။ ခရစ်ယန်များလည်းရှိသည်။
ရုပ်တုကိုးကွယ်သူများလည်း ရှိသည်။ အိုဂါးဒန်၊ အိုက်ဆားနှင့်
အခြားသော ဆိုမာလီများသည် ဟာရာနယ်၊ ဆိုမာလီလန်
ကုန်းပြင်မြင့်နှင့် အရှေ့တောင်ဘက် ဒေသများတွင် နေထိုင်ကြ
သည်။ ဆိုခဲ့သော လူမျိုးများသည်လည်းကောင်း၊ ဒန်းအကီး
လူမျိုး အများစုသည် လည်းကောင်း မွတ်စလင်များ ဖြစ်ကြ
သည်။ အခြား တိုင်းရင်းသားလူမျိုးစုများအပြင် နှစ်ပေါင်းရာနှင့်
ချီသော ခေတ်အခါကပင် အီသီအိုးပီးယားနိုင်ငံ အတွင်းသို့
တဖြည်းဖြည်း ဝင်ရောက်နေထိုင်ခဲ့ကြသော ဂရိလူမျိုး၊ ယဟူဒီ၊
အာရပ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိကြပြီးလျှင် လူမျိုးတစ်မျိုး
နှင့်တစ်မျိုး ရောရှက်နေကြရာ နိုင်ငံတွင်း ပြောဆိုလျက်ရှိကြ
သော ဘာသာစကား ပေါင်း ၇ဝ ကျော် ရှိသည်။ သို့သော်
လည်း ရုံးသုံး အဓိက ဘာသာစကားမှာ အမ်ဟာရစ် ဘာသာ
စကား ဖြစ်လေသည်။
အီသီအိုးပီးယားနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် ကုန်း
ပြင်မြင့် ပေါများသည်။ အချို့ကုန်းပြင်မြင့်များသည် အတော်ပင်
မြင့်မားသည်။ တောင်ရိုးတောင်တန်းများသည်လည်း ကန့်လန့်
တစ်မျိုး၊ ထောင်လိုက်တစ်သွယ် ရှိနေကြသည်။ အဓိကအားဖြင့်
သုံးပိုင်းခွဲခြားနိုင်ရာ မြေနိမ်ဒေသ၊ အလယ်ပိုင်းကုန်းပြင်မြင့်နှင့်
(တစ်နိုင်ငံလုံး၏ သေးငယ်သော အစိတ်အပိုင်းဖြစ်သည့်) ကုန်း
မြင့်ဒေသဟူ၍ ဖြစ်သည်။ အီသီအိုးပီးယား၏ အမြင့်ဆုံးအပိုင်း
သည် ဆီတက်(တာကာဇေ)မြစ်၏ အနောက်ဘက်ရှိ ဆီမြန်
တောင်တန်းဖြစ်ရာ ရတ်ဒါရှန်း တောင်ထွတ်သည် ပေ ၁၄၉၆ဝ
ကျော်မြင့်၍ ဆီးနှင်းများဖြင့် အမြဲတစေ ဖုံးလွှမ်းလျက်ရှိသည်။
နိုင်ငံ၏ အရှေ့ပိုင်းတွင် ပေ ၇ဝဝဝ မှ ၈ဝဝဝ အထိ မြင့်
သော စောက်နက်လျှောကြီး ရှိသည်။
မြေနိမ့်ပိုင်းသည် များသောအားဖြင့် ခြောက်သွေ့ပူပြင်းရာ
အရှေ့တောင်ပိုင်း ဒေသတစ်ခုလုံးလိုလို ပါဝင်သော အိုဂါးဒန်
ဒေသသည် သဲကန္တာရဆံသော အပိုင်းဖြစ်သည်။ မြောက်ပိုင်း
တွင် ဒန်းအကီး သဲကန္တာရသည် ပင်လယ်နီနှင့်အီရစ်ထရီးယား
ကမ်းရိုးတန်း တောင်ခြေရင်းတိုင်အောင် ကျယ်ပြန့်သွားသည်။
အီသီအိုးပီးယားနိုင်ငံ၏ အဓိကမြစ်သည် ဆီတက်ဖြစ်၍
လက်စတာတောင်တန်းတွင် မြစ်ဖျားခံသည်။ ယင်းသည်
မြောက်ဘက်နှင့် အနောက်ဘက်သို့ စီးသွားရာ အီသီအိုးပီး
ယားနိုင်ငံနယ်နမိတ်မှ ကျော်လွန်သည့်အခါ အတ္တဗားရားမြစ်ဟု
ခေါ်တွင်၍ နောက်ဆုံးတွင် နိုင်းမြစ်အတွင်းသို့ စီးဝင်သည်။
အခြားမြစ်များအနက် နိုင်ငံ၏ အလယ်ပိုင်းတွင် စီးဆင်းသော
အဗ္ဗဗိုင်းမြစ်သည် နိုင်ငံ၏အကြီးဆုံးအိုင် ဖြစ်သော တားနား
ရေအိုင် ကို ဖြတ်သန်း၍ တောင်ဘက်သို့စီးရာမှ အနောက်
မြောက်သို့ မြစ်ကြောင်းပြောင်းပြီးနောက်တွင် ဗလူးနိုင်းမြစ်
ဖြစ်လာသည် အရှေ့ဘက်သို့ စီးဆင်းသောမြစ်များအနက်
အားဝပ်ရှ၊ သို့မဟုတ် ဟားဝပ်ရှမြစ်သည် အကြီးဆုံး ဖြစ်လေ
သည်။
တောင်ရိုးတောင်တန်းတို့မှ မြစ်ချောင်းကြီးငယ်များစွာတို့
စီးဆင်းကြပေရာ ရေလုံး အလွန်ကောင်းကြပေသည်။ ထိုမြစ်
ချောင်းတို့မှ ရေအယဉ်တို့သည် မြစ်ဝှမ်းဒေသနှင့် မြေနိမ့်
ဒေသများကို မြေဩဇာထက်သန် ကောင်းမွန်စေသည်။ ဗလူး
နိုင်းမြစ်မှ ရေတို့ကို ထိန်းသိမ်း၍ နွေရာသီအခါတွင် နိုင်း
မြစ်ဝှမ်းဒေသရှိ လယ်ယာများအား ရေပေးသွင်းရလေသည်။
မြေမျက်နှာသွင်ပြင် အထူးထူးအထွေထွေ ဖြစ်သည့်
အလျောက် နေရာဒေသလိုက်၍ ခြားနားသော ရာသီဥတု
ရှိသည်။ နိုင်ငံကို ဝန်းရံလျက်ရှိသော မြေနိမ့်ဒေသသည်
ပူပြင်းသည်။ အလယ်ပိုင်းကုန်းပြင်မြင့်သည် အီကွေတာနှင့်
နီးစပ်သော်လည်း ပင်လယ်ရေပြင်ထက် ပေ ၁ဝဝဝဝ ကျော်
မြင့်သဖြင့် တစ်နှစ်ပတ်လုံး သင့်တင့်မျှတသော ရာသီဥတု
ရှိသည်။ ကုန်းမြင့်ဒေသတွင်မူ ရာသီဥတု ချမ်းအေးသည်။
ဇွန်လမှ စက်တင် ဘာလအတွင်း မိုးသည်းထန်သည်။
ထိုကာလအတွင်း ပင်လယ်ဘက်မှ မုတ်သုန်လေသည် ကုန်း
ပြင်ဘက်သို့ တိုက်ခတ်ခြင်းကြောင့် မိုးအများအပြား ရွာသွန်း
ခြင်း ဖြစ်လေသည်။
ခရစ် ၁၈၉၂ ခုနှစ်မှစ၍ မြို့တော်ဖြစ်လာသော အဒစ်
အဗားဗားမြို့တွင် လူဦးရေ ၆၈၃၅၃ဝ(၁၉၇၂) ရှိသည်။
နိုင်ငံရေးအရလည်းကောင်း၊ ကုန်သွယ်စီးပွားရေးအရလည်း
ကောင်း အရေးပါသော အခြားမြို့များမှာ ဒီရေဒဝါး(လူဦးရေ
၅ဝဝဝဝ)နှင့် လူဦးရေ ၂၅ဝဝဝ မှ ၃၅ဝဝဝ ရှိကြသော
ဂျင်မာ၊ ဒေစီယေ၊ ဂွန်ဒါနှင့် ဟာရာတို့ ဖြစ်ကြလေသည်။
အီသီအိုးပီးယားနိုင်ငံသည် မြေတွင်းသယံဇာတပစ္စည်း
များဖြင့် ကြွယ်ဝလှသည်။ တောင်ပိုင်းရှိ အဒိုလာမြို့ အနီးမှ
ရွှေထွက်သည်။ သံ၊ ကျောက်မီးသွေး၊ ပလက်တီနမ်တို့လည်း
ထွက်သော်လည်း လမ်းပန်းဆက်သွယ် ရေး အခက်အခဲများ
ကြောင့် ထိထိရောက်ရောက် တူးဖော်လုပ်ကိုင်ခြင်း မရှိသေး
ချေ။ နိုင်ငံအတွင်း ရေနံ ရှာဖွေခွင့်ကို အမေရိကန်နှင့် ဂျာမန်
ကုမ္ပဏီများအား ပေးအပ်ထားသည်။ ဆိုခဲ့သော သတ္တုများ
အပြင် ဗောက်ဆိုက်၊ ငွေ၊ ကန့်၊ ကြေးနီ၊ ဆုန်း (ဟင်္သာ
ပြဒါးရိုင်း)၊ ခနောက်စိမ်းတို့လည်း ထွက်သည်။ ဆားကိုလည်း
နေရာဒေသများစွာမှ အတော်အသင့်ရရှိ၍ ပိုတက်ဆားကိုမူ
အက္ခအဗ္ဗလွင်ပြင်များမှ ရရှိသည်။ တောင်ရိုးတောင်တန်းများမှ
စီးဆင်းသော မြစ်ချောင်းကြီးငယ်တို့မှ ရေအားလျှပ်စစ်ကိုလည်း
ပေါပေါများများ ရရှိလေသည်။
စိုက်ပျိုးရေးသည် အီသီအိုးပီးယားနိုင်ငံ၏ အဓိကလုပ်ငန်း
ဖြစ်သည်။ တက်ခေါ် ကောက်နှံတစ်မျိုးသည် တိုင်းရင်းသား
တို့၏ ပဓာနန်အစာဖြစ်၍ မုယောစပါး၊ ဂျုံ၊ ပြောင်းနှင့်ဒါရာ
တို့အပြင် ဝါဂွမ်း၊ ကြံ၊ စွံပလွန်၊ ငှက်ပျော၊ ပဲအမျိုးမျိုးနှင့်
ဆီထွက်စေ့များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြရာ များသော
အားဖြင့် ပြည်တွင်းသုံး အတွက်မျှသာ ဖြစ်သည်။ ကော်ဖီ
အကောင်းစာ အညံ့စား အမျိုးမျိုး စိုက်ပျိုးဖြစ်ထွန်း၍ နွား၊
သိုး၊ ဆိတ် စသည်တို့ မွေးမြူရေးကိုလည်း လုပ်ကိုင်ကြသည်။
နိုင်ငံခြားသို့ တင်ပို့နိုင်သော ထွက်ကုန်များမှာ ကော်ဖီ၊
သားရေ၊ ဖယောင်း၊ ပဲအမျိုးမျိုးနှင့် ဆီထွက်စေ့များအပြင်
ထောပတ်တို့ဖြစ်သည်။ နိုင်ငံခြားမှ ကုန်ချောများ အထူးသဖြင့်
အထည်အလိပ်များကို ပြည်တွင်း သုံးအတွက် တင်သွင်းရသည်။
အီသီအိုးပီးယားနိုင်ငံသည် တွင်းထွက်ပစ္စည်းများဖြင့် ကြွယ်ဝ
သော်လည်း အကျိုးဖြစ်အောင် တူးဖော်လုပ်ကိုင်ခြင်း မရှိသဖြင့်
နိုင်ငံခြားသို့ ပြောပလောက်အောင် မတင်ပို့နိုင်ချေ။
ကုန်သွယ်စီးပွားရေးသည် လမ်းပန်းအဆက်အသွယ် ကောင်း
ပါမှ ဖွံ့ဖြိုးတိုးတက်နိုင်ပေရာ အီသီအိုးပီးယားနိုင်ငံတွင် လမ်း
ပန်းဆက်သွယ်ရေးသည် ချို့ယွင်းချက်တစ်ရပ်ဖြစ်သည်။
အီတာလျံတို့ အီသီအိုးပီးယားနိုင်ငံ အား သိမ်းပိုက်ထားစဉ်က
လမ်းပန်းအဆက်အသွယ်များကို တိုးတက်ပြုပြင်ခဲ့သည်။ ၁၉၇၄
ခုနှစ်တွင် နန်းကျသွားခဲ့သော ဘုရင်ကြီး ဟိုင်လေဆီလာဆီး
သည်လည်း နိုင်ငံခြားငွေများဖြင့် လမ်းပန်းအဆက်အသွယ်
တိုးတက်ကောင်းမွန်အောင် ပြုပြင်ခဲ့သည်။ သို့သော်လည်း
နိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားကြောင့် လမ်းပန်း
ဆက်သွယ်ဖောက်လုပ်ရေး မလွယ်ကူခဲ့ချေ။
အီသီအိုးပီးယားနိုင်ငံ၏ တစ်ခုတည်းသော မီးရထားလမ်းကို
၁၈၉၆ ခုနှစ်က ဖရန်ကို-အီသီအိုးပီးယား ကုမ္ပဏီက ဆောက်
လုပ်ခဲ့သည်။ ယင်းသည် ပြင်သစ်ဆိုမာလီလန်ရှိ ဂျဗူတီမြို့နှင့်
အဒစ်အဗားဗားမြို့ကို ဆက်သွယ်ထား၍ ၄၈၆ ၁/၂ မိုင်
ရှည်လျားသည်။ တစ်ပတ်လျှင် သုံးကြိမ် အစုန်အဆန်ထွက်၍
တစ်ဖက်မှ တစ်ဖက်သို့အရောက် တစ်နေ့နှင့်တစ်ညဉ့် မီးရထား
စီးရသည်။
မော်တော်ကားလမ်းများမှာ စုစုပေါင်း ကီလိုမီတာ ၆ဝဝဝ
ကျော်ရှိသည်။ ယင်းတို့အနက် အရေးပါသော လမ်းများမှာ
မဆားဝ-အက္ခမားရာ-ဆူဒန် တစ်လမ်း၊ အက္ခမားရာ- ဒေစီ
ယေ-အဒစ်အဗားဗား တစ်လမ်း၊ အက္ခမားရာ-ဂွန်ဒါ-ဂေါ်ဂိုရာ
တစ်လမ်း၊ အဒစ်အဗားဗား-ဂျင်မာတစ်လမ်း၊ အဒစ်အဗား
ဗား-လီကင်မတီ တစ်လမ်း၊ အဒစ်အဗားဗား-နက်ဇရက်
တစ်လမ်း၊ ဒီရေဒဝါး-ဟားဂေဆ တစ်လမ်း၊ ဒေစယေ-
အက္ခအဗ္ဗ တစ်လမ်း၊ အဒစ်အဗားဗား-အဒိုလာ တစ်လမ်းတို့
ဖြစ်ကြလေသည်။
ပြည်တွင်းလေကြောင်း ဆက်သွယ်ရေးများကို တိုးချဲ့
ဆောင်ရွက်လျက်ရှိသည့်ပြင် ကမ္ဘာပတ်လေကြောင်း ကုမ္ပဏီကြီး
များနှင့်လည်း ဆက်သွယ်ထားသဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ မြို့
ကြီးများနှင့်လည်း လေကြောင်း အဆက်အသွယ် ရှိလေသည်။
အီသီအိုးပီးယားဟူသော အမည်သည် ဂရိဘာသာဖြင့်
နေလောင်ထားသကဲ့သို့ မျက်နှာရှိသော (ဝါ) အသားမည်းသူ
များကို ခေါ်ဝေါ်သော ဝေါဟာရမှဆင်းသက်လာခြင်းဖြစ်သည်။
ရှေးပုံပြင်ဒဏ္ဍာရီများ၏ အလိုမှာ သမ္မာကျမ်းပါ ကုရှဆိုသူ၏
သား အီသီအော့၏ အမည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဟု ဆိုသည်။
အီသီအော့သည် အက္ကဆွမ်းနိုင်ငံကို တည်ထောင်သူများ၏ ဖခင်
ဟု ဆိုသည်။ အက်ဗီဆီးနီးယားဟူသော အမည်မှာမူ အက္က
ဆွမ်းနိုင်ငံ၌ နေထိုင်ခဲ့သော အာရပ်အဆက်အနွယ် လူမျိုးစုနှစ်ခု
အနက်မှ ဟာဗက်စတက် လူမျိုးတို့၏ အခေါ်အဝေါ် ဖြစ်လေ
သည်။ ယင်းတို့၏ အခေါ်အားဖြင့် အယ်ဟက်ဗက်ရှဟူ၍ ဖြစ်
သည်။ ထိုဒေသသို့ နောင်ရောက်ရှိလာကြသည့် ပေါ်တူဂီတို့၏
အသံထွက်ဖြင့် အမည်သည် အက်ဗီဆီးနီးယားဟု တွင်ခဲ့သည်။
အီသီအိုးပီးယားနိုင်ငံ ဖြစ်လာမည့် ဒေသ၌ လာရောက်
အခြေစိုက်ကာ ရွာတည်ရာမှ မြို့ပြပြည်ထောင် ထူထောင်ကြသူ
များသည် ပင်လယ်နီကို ဖြတ်ကျော်လာကြသော အာရေဗျကျွန်း
ဆွယ် တောင်ပိုင်းသား များတည်း။ ယင်းတို့ တည်ထောင်သော
တိုင်းပြည်ကို အက္ကဆွမ်းဟုခေါ်သည်။ ရှေးအီသီအိုးပီးယား
နိုင်ငံသည် ယင်း၏ တစ်စိတ်တစ်ဒေသလည်း ပါဝင်၍ သမ္မာ
ကျမ်းစာ၌မူ ကုရှပြည်ဟု ဖော်ပြသည်။
ရှေးအီသီအိုးပီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပထဝီ
အနေအထားအရလည်းကောင်း၊ စီးပွား ကုန်သွယ်ရေးအရ
လည်းကောင်း ဆက်စပ်နေခဲ့၍ အီသီအိုးပီးယားနိုင်ငံအား
အီဂျစ်မင်းများက လွှမ်းမိုးကြီးစိုး ခဲ့ရာ မင်းဆက် ၁၁ ဆက်
ခေတ်မှ ၂၃ ဆက်ခေတ် (ဘီစီ ၁၆ ရာစုမှ ၈ ရာစုခန့်)
တိုင်အောင် ဖြစ်သည်။ ထိုနောက်တွင်မူ အီသီအိုးပီးယား
မင်းများက အီဂျစ်ကို လွှမ်းမိုးကြပြန်သည်။ ထိုစဉ်က မြို့တော်
သည် နက်ပတဖြစ်သည်။ ဘီစီ ၅၂၄ ခုနှစ် တွင် ပါးရှင်းဘုရင်
ဒုတိယကမ်ဗိုင်ဆီးသည် အီသီအိုးပီးယားအား လာရောက် တိုက်
ခိုက်သဖြင့် မြို့တော်ကို မာရိုအီသို့ ပြောင်းရွှေ့ရလေသည်။
အီသီအိုးပီးယားနိုင်ငံအား ဆော်လမွန်ဘုရင်နှင့် ရှီဗာဘုရင်မ
တို့၏ သားတော်ဖြစ်သူ မင်းနလစ်နှင့် အဆက်အနွယ်များက
မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ ယဟူဒီတို့ လွှမ်းမိုးခဲ့ရာမှ ခရစ်
လေးရာစုနှစ်တွင် ဂိုဏ်းအုပ် ဖရူမင်းရှီယပ်၏ ကြိုးပမ်း
သာသနာပြုမှုကြောင့် အီသီအိုးပီးယားသည် ခရစ်ယာန်နိုင်ငံ
ဖြစ်လာခဲ့ လေသည်။
ခြောက်ရာစုနှစ်တွင် အီသီအိုးပီးယားသည် ကြွယ်ဝသော
ယေမင်ပြည်အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် နှစ်ပေါင်း
၅ဝ ခန့် နိုင်ငံရပ်ခြားများနှင့် အဆက်အသွယ် ရှိခဲ့လေသည်။
ခုနစ်ရာစုနှစ်တွင် မွတ်စလင် တို့သည် အီဂျစ်ကို အောင်နိုင်၍
အနီးအနားဝန်းကျင်တစ်ဝိုက်ကိုလည်း တိုက်ခိုက်သိမ်းသွင်းခဲ့ရာ
အီသီအိုး ပီးယားနိုင်ငံသည်မူ မွတ်စလင်တို့အား ကြံ့ကြံ့ခံနိုင်
ခဲ့သည်။ ထိုကြောင့် အာဖရိကတိုက် အရှေ့မြောက်ပိုင်းတွင်
မွတ်စလင်တိုင်းပြည်များအလယ်မှ တစ်ခုတည်းသော ခရစ်
ယာန်တိုင်းပြည်အဖြစ် ထီးထီးကြီး ကျန်နေခဲ့သည်။ ဘေး
ဝန်းကျင်မှ မွတ်စလင်တိုင်းပြည်များ ဝန်းရံနေသဖြင့် အီသီအိုး
ပီးယားသည် ပြင်ပနှင့် နှစ်ပေါင်း ရာနှင့် ချီ၍ အဆက်အသွယ်
ပြတ်နေခဲ့ပြန်သည်။
ထိုအတောအတွင်း နိုင်ငံတွင်း၌ ဆူပူလှုပ်ရှားမှုများလည်း
ဖြစ်ပေါ်၍ ပြည်ပမှ မွတ်စလင်နှင့် ဂါလတို့က လည်း မကြာ
ခဏ တိုက်ခိုက်လာကြသည်။ ထိုကြောင့် ၁၆ ရာစုနှစ် ကုန်ဆုံး
လု အချိန်ကာလတွင် ထိုစဉ်က အီသီအိုးပီးယားဧကရာဇ်သည်
ထိုစဉ်က ပေါ်တူဂီပြည့်ရှင်အား မွတ်စလင်တို့၏ရန်မှ ကာကွယ်
ပေးရန် စစ်ကူ တောင်းခဲ့ရသည်။ ပေါ်တူဂီဘုရင်က စစ်ကူပို့၍
ရန်သူတို့အား တွန်းလှန်ဖယ်ရှားနိုင်ခဲ့သော်လည်း ပေါ်တူဂီ
တို့က နိုင်ငံတွင်း၌ ရောမကက်သလစ်ဂိုဏ်း ထွန်းကားရန်
ကြိုးပမ်းခဲ့ကြသည်။ ထိုကြောင့် ပြည်တွင်း၌ မငြိမ်မသက် ရှိနေ
ခဲ့ရာ ၁၈ ရာစုနှစ် အလယ်ခန့်တွင် အီသီအိုးပီးယားနိုင်ငံတွင်း၌
မင်းမဲ့တိုင်းပြည်ပမာ ဖြစ် နေခဲ့လေသည်။ နိုင်ငံအတွင်း ပြည်
ထောင်အများ ကွဲပြားနေလျက် သူတစ်လူ ငါတစ်မင်း မင်းမူ
နေကြပြီးလျှင် ပြင်ပနိုင်ငံများနှင့်လည်း အဆက်ပြတ်နေခဲ့
လေသည်။
တစ်ဆဲ့ကိုးရာစုနှစ် အလယ်ခန့်တွင် အကွဲကွဲအပြားပြား
ဖြစ်နေသော ပြည်ထောင်အများကို ပြန်လည် စုစည်း၍ ရှေး
အီသီအိုးပီးယားနိုင်ငံတော်ကို ပြန်လည်ထူထောင်ကာ ဧကရာဇ်
ဘွဲ့ခံယူနိုင်ရန် ကြိုးပမ်းခဲ့သူမှာ သီအိုဒိုဘုရင် ဖြစ်သည်။ ထို
မင်းသည် အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ်ပြု၍
နိုင်ငံတော် တိုးတက်ပြုပြင်ရေးများကို ဆောင်ရွက်ခဲ့သည်။
သို့သော် ဂရိတ်ဗြိတိန်နှင့် မသင့်မတင့်ဖြစ်၍ ဗြိတိသျှတပ်များ
နှင့် အခင်းဖြစ်ပွားရာ သီအိုဒိုဘုရင်၏ မြို့တော် မဂ္ဂဒါလာ
အဖျက်အဆီးခံရပြီးလျှင် ထိုမင်းလည်း ထိုအရေးအခင်းတွင်
ကျဆုံးလေသည်။ ဗြိတိသျှတပ်များသည် ဆုတ်ခွာသွားကြလေရာ
နိုင်ငံတွင်း၌ ပဒေသရာဇ် မင်းငယ်များသည် တန်ခိုးအာဏာ
လုကြကာ အချင်းချင်းတိုက်ခိုက်ကြသဖြင့် နိုင်ငံသည်လည်း
အကွဲကွဲ အပြားပြား ဖြစ်ပြန်လေသည်။
ထိုအခါ အီဂျစ်သည်လည်းကောင်း၊ အီတလီသည်
လည်းကောင်း အီသီအိုးပီးယားနိုင်ငံ၏ ယိုယွင်းပျက်ပြား
နေသော အခြေအနေကို အခွင့်ကောင်းယူလျက် ပင်လယ်နီ
ကမ်းခြေဒေသများကို တိုက်ခိုက်လာသည်။ ယင်းသို့ အကွဲကွဲ
အပြားပြားဖြစ်၍ ဆိုးရွားနေသော အခြေအနေကို ပြန်လည်
ထိန်းသိမ်းနိုင်သူကား ဒုတိယ မင်းနလစ်ဘုရင် ဖြစ်ပေသည်။
ထိုမင်းသည် အီတာလျံတို့နှင့် ခေတ္တစစ်ပြေငြိမ်းကာ အီတာလျံ
တို့၏ ကြီးစိုးမှု ကို တစ်ဖက်တွင်ခံယူ၍ တစ်ဖက်တွင်မူ
နိုင်ငံအင်အားကို ပြန်လည်စုစည်းသည်။ အင်အားတောင့်တင်း
လာသောအခါ အီတာလျံတို့အား တွန်းလှန်တိုက်ခိုက်ရာ အီတာ
လျံတို့သည် အီသီအိုးပီးယားအား လက်လွှတ် ခဲ့ရသည်။
ဒုတိယ မင်းနလစ်သည် ဂရိတ်ဗြိတိန်နှင့် ချစ်ကြည်စွာ ဆက်ဆံ
၍ ဗြိတိသျှဆိုမာလီလန်၊ ဆူဒန်နှင့် အီသီအိုးပီးယားတို့၏
နယ်နိမိတ်တို့ကို သတ်မှတ်ပိုင်းခြားစေခဲ့သည်။
ထိုမင်းလွန်သည့်နောက် မြေးတော် လက်ဂျယာစုသည် ၁၉၁၃
ခုနှစ်တွင် ထီးနန်းဆက်ခံသည်။ ထိုမင်းသည်
အစ္စလာမ်အယူဝါဒသို့ ကူးပြောင်း၍ အစ္စလာမ်သာသနာကို
ချီးမြှင့်ခဲ့သည်ကတကြောင်း၊ တူရကီနှင့် ဂျာမနီဩဇာကို
ခံယူကာ မိမိနိုင်ငံအား ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်ရန်
အားထုတ်ခဲ့သည်က တစ်ကြောင်း တို့ကြောင့် ၁၉၁၆ ခုနှစ်တွင်
နန်းချခံရပြီးလျှင် မင်းနလစ်၏ သမီးတော် ဇောဒိတူအား
၁၉၁၇ ခုနှစ်တွင် နန်းတင်ကြသည်။ မင်းနလစ်၏ မြေးတော်
ဝမ်းကွဲ ရတ်စတဖာရီ မကုန်နင်သည် နန်းစောင့်မင်းသားကြီး
ဖြစ်လေသည်။
ရတ်စတဖာရီသည် အနောက်တိုင်းစနစ်များဖြင့် နိုင်ငံကို
ပြုပြင်လို၍ ဧကရီဘုရင်မနှင့် မသင့်လှချေ။ ရတ်စ တဖာရီ၏
ကြိုးပမ်းမှုကြောင့် အီသီအိုးပီးယားနိုင်ငံသည် နိုင်ငံပေါင်းချုပ်
အသင်းကြီးသို့ ၁၉၂၃ ခုနှစ် တွင် ဝင်ခွင့်ရခဲ့သည်။ ၁၉၂၈
ခုနှစ်တွင် ရတ်စတဖာရီသည် နန်းစောင့်ဘုရင်အဖြစ် ဘိသိက်
ခံပြီးနောက်တွင် ဧကရီဘုရင်မသည် အမည်ခံမျှသာ တိုင်းပြည်
၏ အထွတ်အထိပ် ဖြစ်ခဲ့ပေသည်။ ၁၉၃ဝ ပြည့်နှစ်၌ ဧကရီ
ဘုရင်မ လွန်သောအခါ ရတ်စတဖာရီသည် ဟိုင်လေဆီလာဆီး
ဘွဲ့ဖြင့် ဧကရာဇ်အဖြစ် ခံယူလေသည်။
( ဟိုင်လေဆီလာဆီး ဘုရင်။)
အီတလီနိုင်ငံသည် အီသီအိုးပီးယားနိုင်ငံအား လက်လွှတ်ခဲ့ရ
သည်ကို မကျေနပ်နိုင်ခဲ့ပေ။ ထိုကြောင့် အီသီအိုးပီးယားအား
ရန်စတိုက်ခိုက်မှုကို ပြုလာသည်။ ဟိုင်လေဆီလာဆီးသည်
နိုင်ငံပေါင်းချုပ် အသင်းကြီး အား တိုင်တမ်းသော်လည်း
ထိုအသင်းကြီးက ထိထိရောက်ရောက် ဆောင်ရွက်မပေးနိုင်ချေ။
၁၉၃၅ ခုနှစ် အီတလီ အာဏာရှင် မူဆိုလီနီ၏ လက်ထက်
တွင် အီသီအိုးပီးယားနိုင်ငံအား အီတာလျံတပ်များက ခေတ်မီ
လက်နက်များဖြင့် တိုက်ခိုက်လာရာ ဟိုင်လေဆီလာဆီးသည်
မိမိနိုင်ငံမှ ထွက်ခွာရှောင်တိမ်း၍ အင်္ဂလန်ပြည်၌ သွားရောက်
ခိုလှုံနေခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အီတလီနှင့် စစ်ပြိုင်
ဘက်ဖြစ်နေသော ဗြိတိသျှတပ်များက အီသီအိုးပီးယားမြေပါ်ရှိ
ဣတာလျံတပ်များကို တိုက်ခိုက်နှင်ထုတ်ပေးသဖြင့် ဟိုင်လေဆီ
လာဆီးသည် မိမိနိုင်ငံရင်းသို့ ပြန်၍ အုပ်စိုးခဲ့သည်။ ဗြိတိသျှ
အစိုးရက ဟိုင်လေဆီလာဆီးအစိုးရကို ၁၉၄၁ ခုနှစ် ဖေဖော်
ဝါရီလတွင် အသိအမှတ်ပြုခဲ့သည်။ အီသီအိုးပီးယားနိုင်ငံသည်
၁၉၄၂ ခုနှစ် ကုန်ခါနီးတွင် ဒုတိယကမ္ဘာစစ် အတွင်းသို့ ပါဝင်
၍ ဂျာမနီ၊အီတလီနှင့် ဂျပန်နိုင်ငံတို့အား စစ်ကြေညာခဲ့လေ
သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်တွင် ဂရိတ်-ဗြိတိန်နှင့်
အမေရိကန်ပြည်ထောင်စုတို့၏ ငွေကြေးအကူအညီ၊ စက်မှု
လက်မှု အကူအညီ၊ အတတ်ပညာရှင် အကူအညီ၊ အုပ်ချုပ်ရေး
အကူအညီတို့ဖြင့် ဟိုင်လေဆီ လာဆီးသည် မိမိ၏ နိုင်ငံတွင်း
ပြုပြင်ရေးများကို ဆောင်ရွက်ခဲ့သည်။ အီတလီသည် ၁၉၃၅
ခုနှစ်က အီသီအိုးပီးယားနိုင်ငံအား စစ်ဆင်ရာ၌ အခြေခံပြု
ခဲ့သော ဒေသများတွင် ပြန်လည်လွှမ်မိုးရန် အစီအစဉ်များ
ပြုလုပ်လာသဖြင့် ဟိုင်လေဆီလာဆီးက ကုလသမဂ္ဂသို့ ၁၉၄၆
ခုနှစ်တွင် တိုင်တမ်းရပြန်သည်။ ထိုကြောင့် နိုင်ငံကြီးလေး
နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သော ကော်မီရှင်အဖွဲ့သည်
အီရစ်ထရီးယားနှင့် ဆိုမာလီလန် ပြည်နယ်တို့သို့ သွားရောက်၍
ပြည်သူလူထု၏ဆန္ဒကို လေ့လာသုံးသပ်စေပြီးနောက် အီတလီ
ကို ဆိုမာလီလန် ပြည်နယ်အား ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြု၍
အီရစ်ထရီးယားပြည်နယ်ကိုမူ အီသီအိုးပီးယားနိုင်ငံတွင်းသို့
ပူးပေါင်းထည့်သွင်းရန် ဆုံးဖြတ်ပေးခဲ့သည်။
အီသီအိုးပီးယားနိုင်ငံ အထွတ်အထိပ်သည် ဧကရာဇ်မင်းမြတ်
ဖြစ်ခဲ့၍ ဘုရင်မင်းမြတ်အား တာဝန်ခံရသော ဝန်ကြီးများ
ကောင်စီက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ အထက်နှင့်အောက်
လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်ရှိခဲ့သည်။ ဟိုင်လေဆီလာ
ဆီးသည် ၁၉၅၅ ခုနှစ်တွင် ပြည်သူလူထုအား အခွင့်အရေးပို
ပေးသော အုပ်ချုပ်ရေးစနစ်ကို ပြဋ္ဌာန်းခဲ့သဖြင့် အီသီအိုးပီးယန်း
တို့သည် အောက်လွှတ်တော်သို့ မိမိတို၏မဲဆန္ဒဖြင့် ကိုယ်စား
လှယ်စေလွှတ်နိုင်ခွင့် ရရှိခဲ့သည်။ ထိုပြင် ပို၍ ခေတ်မှီသော
တရားမနှင့် ရာဇဝတ်ဥပဒေကျင့်ထုံး တစ်ရပ်ကိုလည်း ပြဋ္ဌာန်း
ပေးခဲ့သည်။
ထိုနောက်တွင် ဟိုလေဆီလာဆီးသည် ဝန်ကြီးအဖွဲ့ကို
အသစ်ခန့်ထား၍ ပြုပြင်မှုများကို ဆောင်ရွက်ပေးခဲ့၏။ သို့သော်
ထိုပြုပြင်မှုများကား အဆံမပါ ဟန်သက်သက်မျှသာ ဖြစ်ခဲ့၏။
စင်စစ်သော်ကား သူသည် အီသီအိုးပီးယားနိုင်ငံအား အာဖရိက
တိုက်တွင် အဆင်းရဲဆုံး၊ စာတတ်သူအနည်းဆုံးနှင့် ဖောက်လွဲ
ဖောက်ပြန်မှု အများဆုံးနိုင်ငံအဖြစ်မှ တိုးတက်လာစေမည့်
ပြုပြင်ပြောင်းလဲမှုများကိုကား ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိ
ခဲ့ပေ။ ထိုသို့ စီးပွားရေးလူမှုရေးပြဿနာများနှင့်စပ်လျဉ်း၍
ဆောင်ရွက်ပေးရန် ပျက်ကွက်မှုကြောင့် ၁၉၇၄ ခုနှစ် ဖေဖော်
ဝါရီလ ၁၂ ရက်နေ့တွင် ဟိုင်လေဆီလာဆီးသည် နန်းချ
ခံရသည်။ ထိုနောက်တွင် တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
အာမန်မိုက်ခယ်အန်ဒွမ်သည် ယာယီအားဖြင့် အစိုးရအဖွဲ့ကို
ဦးဆောင်ကာ အီသီအိုး ပီးယားနိုင်ငံကို အုပ်ချုပ်ခဲ့ရာ ထိုနှစ်
နိုဝင်ဘာ ၂၃ ရက်နေ့တွင် အသတ်ခံရ၍ ဗိုလ်မှူးချုပ် တဖာရီ
ဗင်တီက ဆက်ခံအုပ်ချုပ်လေသည်။
အီရစ်ထရီးယားပြည်
ဒုတိယကမ္ဘာစစ်မတိုင်မီက အီတလီ၏ ကိုလိုနီတစ်ခုဖြစ်ခဲ့၍ ၁၉၅၂ ခုနှစ်တွင် အီသီအိုးပီးယားနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသော အီရစ်ထရီးယားသည် အာဖရိကတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်း၌ရှိသည်။ ယင်း၏ ပင်လယ်ကမ်းရိုး တန်းသည် မိုင်ပေါင်း ၆၇ဝ ခန့်ရှည်သည်။ ယခင်က ကုန်း တွင်း တိုင်းပြည်တစ်ခုဖြစ်ခဲ့သော အီသီအိုးပီးယားသည် ရစ်ထအီရီးယားပြည်၏ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သော မဆားဝအားဖြင့် ပင်လယ်ဘက်သို့ ထွက်ပေါက်ရခဲ့လေသည်။ အီရစ်ထရီးယားပြည်၏ မြောက်ဘက် နှင့် အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အီသီအိုးပီးယားနိုင်ငံ၊ တောင်ဘက်စွန်းတွင် အဖားနှင့် အိုက်ဆားနယ်(ပြင်သစ်ဆိုမာလီလန်)တို့ရှိသည်။ ထိုပြည်၏ အကျယ်အဝန်း သည် ၄၅၇၅၄ စတုရန်းမိုင်ဖြစ်၍ ပင်လယ် နီအနီးရှိ မြေနိမ့်ဒေသနှင့် ကမ်းရိုးတန်း၏ ကျောဘက်ရှိ ကုန်းမြင့်ဒေသတို့လည်း ပါဝင်သည်။ ကမ်းရိုးတန်းမှ မီးရထား လမ်းအားဖြင့် ၇၅ မိုင် ဝေးကွာသော အက္ခမားရာ (လူဦးရေ ၁၉၄၈ ခုနှစ် ၁၁၆၃၂ ယောက်)သည် မြို့တော်ဖြစ်၍ မဆားဝ (လူဦးရေ ၁၉၄၈ ခုနှစ် ၈ဝ၂၈ ယောက်)သည် ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သည်။ အီတလီတို့ အုပ်စိုးခဲ့စဉ်က အီရစ်ထရီး ယား၏ တောင်ဘက်စွန်းရှိ အက္ခအဗ္ဗမြို့ကို အီသီအိုးပီးယား နိုင်ငံတွင်းသို့ ဝင်ပေါက်ဆိပ်ကမ်းအဖြစ် ရည်ရွယ်ကာ တိုးတက် ပြုပြင်ခဲ့လေသည်။
အီရစ်ထရီးယား၏ ကမ်းရိုးတန်း မြေနိမ့်ဒေသတွင် အပူချိန် သည် ဖာရင်ဟိုက် ဒီဂရီ ၁၂ဝ ခန့်အထိမြင့်၍ မိုးအနည်းငယ် သာ ရွာသည်။ ကမ်းရိုးတန်းမှ ကုန်းတွင်းသို့ မြေပြင်သည် မြင့်တက်သွားရာ ပေ ၆ဝဝဝ ခန့်အထိ အမြင့်ရှိသည်။ ထိုအပိုင်းတွင်မူ အေးချမ်းသောရာသီဥတုရှိသည်။ ပေ ၉ဝဝဝ ကျော်မြင့်သော အပိုင်းတွင် ရာသီဥတု ပို၍အေးသည်။ အီရစ် ထရီးယားတွင် မြစ်ချောင်းနည်းပါး၍ ရှိသမျှသော မြစ်ချောင်း တို့သည် မိုးရာသီအခါ၌သာ ရေရှိလေသည်။ ၁၉၅ဝ ပြည့်နှစ်၌ ခန့်မှန်းခြေ လူဦးရေ ၁၁ဝ၃၆ဝ၇ ယောက်ရှိရာ ၁၅ဝဝဝ ခန့်သည် ဣတာလျံများ ဖြစ်ကြသည်။ တိုင်းရင်းသားများအနက် ကုန်းပြင်မြင့်မှ တိုင်းရင်းသားများ သည် မြောက်ပိုင်း အီသီအိုးပီးယန်းများ ဖြစ်ကြသည်။ ကမ်းရိုး တန်း၌ နေထိုင်ကြသူများသည် တောင်ပိုင်းတွင် ဆိုမာလီနှင့် အဖားလူမျိုး အဆက်အနွယ်များ ဖြစ်ကြ၍ မြောက်ပိုင်း၌ အာရပ်နှင့် ဟမ်းမိုက်အဆက်အနွယ်များ ဖြစ်ကြပြီးလျှင် များသောအားဖြင့် အစ္စလာမ်ဝါဒီများ ဖြစ်ကြသည်။ အီရစ်ထရီးယားပြည်၌ ဝါဂွမ်း၊ ကော်ဖီ၊ တည်သီး၊ စွန်ပလွံသီး၊ ပြောင်းတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၍ ကုလားအုပ်၊ နွား၊သိုး၊ ဆိတ်တို့ကို မွေးမြူကြသည်။ ကမ်းရိုးတန်း အချို့ဒေသ၌ ပုလဲလုပ်ငန်းကို လုပ်ကိုင်ကြ၍ အချို့ဒေသမှ ရွှေနှင့် ပိုတက်ဆားထွက်သည်။ မဆားဝမှ အက္ခမားရား အဂေါ်ဒတ်သို့ မီးရထားလမ်းပေါ်ရှိ ကက်ဆလသို့ မော်တော်ကားလမ်းရှိသည်။ အီရစ်ထရီးယား၏ ရှေးသမိုင်းသည် အီသီအိုးပီးယား၏ ရှေးသမိုင်းနှင့် ရောထွေးလျက် ရှိသည်။ ၁၆ ရာစုနှစ်တွင် တူရကီတို့သည် မဆားဝနှင့် အခြားကမ်းရိုးတန်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် အီဂျစ်တို့သည် ကုန်းမြင့်ဒေသအချို့ကို သိမ်းပိုက်ခဲ့၍ အီတာလျံတို့သည် အက္ခအဗ္ဗမြို့ကို တိုင်းရင်းသား စူလတန်စော်ဘွားတစ်ဦးထံမှ ဝယ်ယူပြီးနောက် တစ်စတစ်စ နယ်မြေချဲ့ထွင်ခဲ့ရာ ၁၈၉ဝ ပြည့်နှစ်ခန့်တွင် အီရစ်ထရီးယားပြည် တစ်ပြည်လုံးသည် အီတလီ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့လေသည်။ အီတလီသည် အီရစ်ထရီးယား၌ ခြေကုတ်ယူပြီးလျှင် အီသီအိုးပီးယားနိုင်ငံအား သိမ်းပိုက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်များသည် အီရစ်ထရီးယားအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကုလသမဂ္ဂ၏ အဆုံးအဖြတ် မရသေးမီ အီရစ်ထရီးယားနိုင်ငံနှင့် ပူးပေါင်းရန် ကုလသမဂ္ဂ၏ လေးနိုင်ငံကော်မရှင်က ဆုံးဖြတ်ပေးပြီးနောက် ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အီရစ်ထရီးယားသည် အီသီ အိုးပီးယားနှင့် ပူးပေါင်းခဲ့လေသည်။
အီရစ်ထရီးယားသည် ယခုအခါ အီသီအိုးပီးယားနိုင်ငံ
အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော ပြည်နယ်တစ်ခု ဖြစ်
သည်။ ပြည်နယ်ဥပဒေပြုလွှတ်တော်ရှိ ပြည်နယ်ဥက္ကဋ္ဌကို
ထိုလွှတ်တော်မှ ရွေးကောက်တင်မြေ|ာက်ရသည်။ အီသီအိုး
ပီးယန်းပါလီမန်သို့ အချိုးကျ ကိုယ်စားလှယ် လွှတ်ခွင့်ရခဲ့
သည်။ ကာကွယ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြား ကုန်သွယ်မှု၊
ဘဏ္ဍာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကိုသာလျှင်
အီသီအိုးပီးယန်းအစိုးရက ဆောင်ရွက်လေသည်။[၃]
ကိုးကား
- ↑ Central Statistical Agency of Ethiopia. Central Statistical Agency of Ethiopia
- ↑ Ethiopia။ International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)