ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ
စာမျက်နှာအသစ်: =ဦးဖိုးကျား(စာရေးဆရာကြီး အမျိုးသားပညာဝန်)= ==ငယ်ဘဝ== မောင်... |
No edit summary |
||
စာကြောင်း ၂၈ - | စာကြောင်း ၂၈ - | ||
ကိုဖိုးကျားသည် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်သာမက အမျိုးသားပညာရေး ကောင်စီဝင်လည်း ဖြစ်လေသည်။ ကိုဖိုးကျားမှာမူ ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့လည်း ပြန်မယူလိုတော့ပြီ။ အစိုးရလခစားလည်း မမက်တော့ပြီ။ လခနည်းနည်းသာရသော အမျိုးသားပညာဝန်အလုပ်ပင် ဆက်လုပ်တော့မည်။ ဦးဖိုးကျားမှာ အမျိုးသား(တိုင်းရင်းသား) ပညာဝန် အဖြစ်ဖြင့် စာမေးပွဲစစ်ရ၊ နယ်သို့ ကျောင်းစစ်သွားရနှင့် အလုပ်တာဝန် အများအပြားရှိနေသည်။ |
ကိုဖိုးကျားသည် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်သာမက အမျိုးသားပညာရေး ကောင်စီဝင်လည်း ဖြစ်လေသည်။ ကိုဖိုးကျားမှာမူ ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့လည်း ပြန်မယူလိုတော့ပြီ။ အစိုးရလခစားလည်း မမက်တော့ပြီ။ လခနည်းနည်းသာရသော အမျိုးသားပညာဝန်အလုပ်ပင် ဆက်လုပ်တော့မည်။ ဦးဖိုးကျားမှာ အမျိုးသား(တိုင်းရင်းသား) ပညာဝန် အဖြစ်ဖြင့် စာမေးပွဲစစ်ရ၊ နယ်သို့ ကျောင်းစစ်သွားရနှင့် အလုပ်တာဝန် အများအပြားရှိနေသည်။ |
||
== ဦးဖိုးကျား ရေးသား ထုတ်ဝေ ပြီးသော စာအုပ်များ == |
|||
# ကိုယ်တွေ့ ဝတ္တုများ |
|||
# ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - ၁၉၃၇ ခုနှစ် |
|||
# ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ |
|||
# ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ် |
|||
# [[ပေါရာဏ]] အဘိဓာန် |
|||
# မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ |
|||
# ဦးထွန်းရှိန် အတ္ထုပ္ပတ္ထိ- ၁၉၂၃ ခုနှစ် |
|||
# ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ရေသည်ပြဇာတ် |
|||
# ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ဝိဇယပြဇာတ် |
|||
==ဘဝနိဂုံး== |
==ဘဝနိဂုံး== |
၀၉:၃၄၊ ၂၀ ဇန်နဝါရီ ၂၀၀၉ ရက်နေ့က မူ
ဦးဖိုးကျား(စာရေးဆရာကြီး အမျိုးသားပညာဝန်)
ငယ်ဘဝ
မောင်ဖိုးကျား ကို ဟင်္သာတနယ်ရှိ နိဗ္ဗာန်ရွာ တွင် ဦးဖေ၊ ဒေါ်ဒေါင်းတို့ ဖွားမြင်သော ၁၈၉၁ ခုဖွား၊ တတိယမြောက်သားဖြသည်။ ကတည်းကပင် သူသည် သူ့အစ်ကို သူ့အစ်မများနှင့်မတူ။ ပညာရှာလို၊ စူးစမ်းနားလည်လိုသော အရိပ်အရောင်များ ပြခဲ့သည်။ ထိုကြောင့် ကျေးရွာဓာတ်တျောင်းတွင် ထားခဲ့ရသည်။ ညညတွင် မောင်ဖိုး ကျားတို့ ကလေးတတွေသည် လူကြီးများအနားကပ်၍ပုံဝတနားထောင် လေ့ရှိသည်။ မောင်ဖိုးကျားသည်လည်း ကျောက်ဒိုးပစ်ကစားလိုက်၊ ကျောင်းတက်လိုက်၊ တဟ်ဖန် ကျောင်းတက်လိုက်၊ ဂျွမ်းထိုးကစားလိုက်နှင့် အချိန်တန်သောအခါ အစိုးရစစ်လေးတန်းကို လွယ်လွယ်နှင့် အောင်ခဲ့လေသည်။ မောင်ဖိုးကျားသည် ကျောင်းဖွင့်ချိန်၌ ငါးတန်းတတ်ရင်း အောက်တန်းတွင် ဆရာတစ်ပိုင်းလုပရလေသည်။ မောင်ဖိုးကျားနှင့် အဖော်တစ်ယောက်နှစ်ယောက်သည်လည်း ဟင်္သာတ ဗရဲချောင်တိုက်မှ ဦးဝိသုဒ္ဓက ဖွင့်လှစ်၍ထားသော တပည့်ဆရာသင်တန်းတွင် ကလေးများကို စာသင်နည်း၊ ကျောင်းအုပ်ချုပ်နည်းတို့ကို တ်ရောက်သင်ကြားရသေးသည်။ ကျောင်းစစ်လာသော ပညာအုပ်နှင့် အဆင်မပြေဖြစ်ခဲ့၍ ခုနစ်တန်းစာ မေးပွဲကို မပြီးဆုံးမှီမှာ ကျောင်းမှ ခွာရလေသည်။
ကျောင်းသား ဘဝ
ကိုဖိုးကျားသည် ကောလိပ်ကျောင်းတက်ရင်း နားမျက်စိ ပို၍ပွင့်လာသည်။ လူမှုရေး၊ နိုင်ငံရေးတွင် ပို၍ စိတ်ဝင်စားလာမိလေသည်။ ကိုဖိုးကျားမှာ ကျောင်းရောက်လာကတည်းက သတင်းစာတွင် ရေးလိုက်၊ ပညာရှိတွေဆီ ချဉ်းကပ်လိုက်၊ နိုင်ငံရေးကိစ္စတွေ စိတ်ဝင် စားလိုက်နှင့် ဘေးလုပ်ငန်းများကို လုပ်သည်။ ဒါပေမယ့် အိုင်အေ (ဥပစာတန်း) ကို ဒုတိယအဆင့်ဖြင့် အောင်မြသည်။
အိမထောင်ရေး
၁၉၂၉ ခု မေလထဲတွင် ကာလဘတ်လမ်း အိမ်၍ပင် မင်္ဂလာပွဲကျင်းပ၍ ဦးဖိုးကျားနှင့် မအေးကြည်တို့ ကြင်လင်မယားဖြစ်ခဲ့ကြသည်။ သားသမီးဆို၍ သား ဇော်ဝင်း (ကျား) တစ်ယောက်သာ ရှိသည်။ မအေးကြည်သည် ပုံနှိပ်စက်ဘက်ကို ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။
စာပေရေးရာ
ဦးဖိုးကျားသည် ရက်ခြားထုတ် မြန်မာ့အလင်းသတင်း စာတွင် 'ကျား' ဟူ၍ လက်မှတ်ထိုး၍ ရံဖန်ရံခါ ဆောင်းပါးဝင်ရေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဦးဖိုး ကျားသည် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်၏ အတ္ထုပ္ပတ္တိကို တစ်အုပ်တည်း ပူးပေါင်း၍ အုပ်ရေတစ်ထောင် ထုတ်ဝေလိုက် လေသည်။ မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသူ များ၏ ကြောင်းရာထုပ္ပတ်ဖြစ်သော 'မြန်မာ့ဂုဏ်ရည်'၊ သပိတ်အရေးတော် ပုံအတွင်း ဦးဖိုးကျားနှင့် ကျောင်းသားအများ မှီခိုခဲ့ရသော 'ကျောင်းတော်ရာ ရွေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ'၊ မြန်မာစကားဟောင်းများ၏ အနက်ဖော်သော 'ပေါရာဏအဘိဓာန်'၊ 'ပုသိမ်ရာဇဝင်နှင့် ဦးထွန်း ရှိန်အတ္ဃုပ္ပတ္တိ' ပေါင်း လေးအုပ်ဖြစ်ကြသည်။ ပုံနှိပ်တိုက်ကိုလည်း ‘မြန်မာ့ဂုဏ်ရည်ပုံနှိပ်တိုက်’ဟု အမည်မှည့်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်ထဲတွင် 'မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း' အမည်ဖြင့် စာအုပ်ကို ဦးဖိုးကျား ရေးထုတ်လေသည်။
နိုင်ငံရေးရာ
ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလထဲတွင် အင်္ဂလန်သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကိုကြဆိုခြင်ဖြင့် ဝင်ရောက်ခဲ့ပါသည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်း အဝေးလုပ်စဉ်တွင် ဂျပ်ဆင်ကောလိပ်ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။
အလုပ်အကိုင်
ကိုဖိုးကျားသည် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်သာမက အမျိုးသားပညာရေး ကောင်စီဝင်လည်း ဖြစ်လေသည်။ ကိုဖိုးကျားမှာမူ ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့လည်း ပြန်မယူလိုတော့ပြီ။ အစိုးရလခစားလည်း မမက်တော့ပြီ။ လခနည်းနည်းသာရသော အမျိုးသားပညာဝန်အလုပ်ပင် ဆက်လုပ်တော့မည်။ ဦးဖိုးကျားမှာ အမျိုးသား(တိုင်းရင်းသား) ပညာဝန် အဖြစ်ဖြင့် စာမေးပွဲစစ်ရ၊ နယ်သို့ ကျောင်းစစ်သွားရနှင့် အလုပ်တာဝန် အများအပြားရှိနေသည်။
ဦးဖိုးကျား ရေးသား ထုတ်ဝေ ပြီးသော စာအုပ်များ
- ကိုယ်တွေ့ ဝတ္တုများ
- ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - ၁၉၃၇ ခုနှစ်
- ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ
- ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ်
- ပေါရာဏ အဘိဓာန်
- မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
- ဦးထွန်းရှိန် အတ္ထုပ္ပတ္ထိ- ၁၉၂၃ ခုနှစ်
- ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ရေသည်ပြဇာတ်
- ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ဝိဇယပြဇာတ်
ဘဝနိဂုံး
စစ်ပြေးရင်း ၁၉၄၂ ခု၊ ဧပြီလ ဆယ့်တစ်ရက်နေ့တွင် ကွယ်လွန်ပါတော့သည်။ မြို့ခံလူများလည်း ဦးဖိုးကျား၏ အသုဘကို တောထုံးစံငါးရက်ထားပြီးနောက် ဧပြီလ ဆယ့်ခြောက်ရက်နေ့တွင် ထန်းတပင်မြို့ထိပ် ဘုန်းကြီးကျောင်းအနီးရှိ သုသာန်၌ မြေမြှုပ်သဂြိဟ်ခဲ့လေသည်။ ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဖြစ်နေသူ ဦးထွန်းဖေ၊ ဗမာ့ခေတ် သတင်းစာ အယ်ဒီတာ ဦးအုန်းခင်၊ စာရေးဆရာ ဦးရန်အောင်တို့နှင့် ပုသိမ် ခရိုင်အသင်းတို့ ပူးပေါင်းကမ္မကထပြု၍ ထန်းတပင် သုသာန်မှ ဦးဖိုးကျား ၏ အရိုးကို တူးဖော်ခဲ့ကြသည်။ ထို့နောက် (အရိုးအိုးကို) ရန်ကုန်သို့ ယူဆောင်ကာ ထိုစဉ်က ကြံတောသုသာန်၌ ဂူသွင်း၍ အောက်ပါအတိုင်း ကမ္ပည်းထိုးခဲ့ကြပါသတည်း။ စာရေးဆရာကြီး အမျိုးသားပညာဝန် ဦးဖိုးကျား အသက် (၅၂) နှစ် ၁၉၄၂ ခု၊ ဧပြီလ ၁၁ ရက်နေ့
ကိုးကားချက်
(ဂန္ထဝင်စာဆို ပညာရှိလေးဦး -တိုက်စိုး)