မေလှမြိုင်
မေလှမြိုင် (၁၉၂၂-၁၉၇၃)သည် မြန်မာနိုင်ငံသား နိုင်ငံကျော် ဓာတ်ပြားအဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီး ဖြစ်သည်။ မေလှမြိုင်၏ အသံသည် တစ်မူထူးခြားသည်။ မြန်မာ့အသံရေဒီယိုတွင် အမှု့ထမ်းခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့ဂီတလောကတွင် ထင်ရှားသော ဓာတ်ပြားအဆိုတော် ဖြစ်သည်။ စစ်ပြီးခေတ် မြန်မာ့အသံ မှာ ထိပ်ထိပ်ကြဲပညာရှင်ကြီးဖြစ်သည့်အပြင် အာဇာနည် ခေါင်းဆောင်ကြီးများ အလေးပြုပါတယ်၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီတေးသီချင်းများ မူရင်းအဆိုရှင် သီဆိုခဲ့သူ ဖြစ်သည်။ သူ့အသံက ပီလည်းပီ၊ မြည်လည်းမြည်၊ ကြည်လည်းကြည်တဲ့ ပါရမီရှင်ကြီးဖြစ်သည်။[၁]
ငယ်စဉ်ဘဝ
၁၉၂၂ ခုနှစ်ဖွား မေလှမြိုင်ဟာ အမည်ရင်းက မလှမြိုင်ဖြစ်ပြီး အေဝမ်းရုပ်ရှင်ရောက်တော့ မေလှမြိုင် ဖြစ်ခဲ့သည်။
ရုပ်ရှင်
မေလှမြိုင်ဟာ ရုပ်ရှင်နဲ့ ပြဇာတ်လောကမှာ စစ်ပြီးခေတ် ကျင်လည်ခဲ့ပြီးမှ ဂီတလောကထဲ ရောက်ခဲ့သည်။ အေဝမ်း ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတချို့မှာ ဇာတ်ရံမင်းသမီးအဖြစ် မထင်မရှား စတင်ပါဝင်ခဲ့တာက ၁၉၄၀ ပြည့်နှစ်ဖြစ်သည်။ ရန်နိုင်စိန် တင်ဆက်ခဲ့တဲ့ပြဇာတ်တခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ပြီး စတင်လူသိများလာပါသည်။ ဒို့အိမ်ကြီး၊ ယမမေမယ်၊ အနန္တသူရိယ၊ ဝေသာလီ စတဲ့ ပြဇာတ်တွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖူးခဲ့ပါသည်။
ဂီတ
ရန်နိုင်ဆွေရေးတဲ့ “ချစ်မိုးနှောင်း” သီချင်း သီဆိုခဲ့ရာက ထင်ရှား အစပြုသည်။ စစ်ပြီးကာလ ဓာတ်ပြားခေတ်သည် ကိုမြကြီး၊ မေလှမြိုင်၊ ခင်ခင်ညွန့်၊ မေသစ်တို့၏ခေတ် ဖြစ်လာသည်။ မေလှမြိုင်သီဆိုခဲ့တဲ့ ရွဲ့လိုက်တာလား စန္ဒာရယ်၊ စိမ်းလဲ့ကန်သာ၊ တိမ်ညိုနဲ့ လခြမ်း၊ နွေဦးတေးသံ၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ၊ မြိုင် (သီချင်း) ကိုမြကြီးနဲ့ စုံတွဲသီဆိုခဲ့တဲ့ ကန်သင်းဆယ်မှာလား စတဲ့သီချင်းတွေဟာ မေလှမြိုင်ရွှေခေတ်မှာ သီဆိုခဲ့တဲ့ သီချင်းတွေ ဖြစ်သည်။
ကိုမြကြီး၊ မေသစ်တို့နဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မေလှမြိုင်ဟာ ၁၉၆၀ ပြည့်နှစ်တဝိုက် ရောင်းတန်း ဓာတ်ပြားခေတ် မာမာအေး၊ တင်တင်မြ၊ ထား၊ ချစ်စပယ်၊ အေဝမ်းတင်တင်လှတို့ ခေတ်တိုင် ဆက်လက် အောင်မြင်ထင်ရှားခဲ့တဲ့ တေးသံရှင်တဦးဖြစ်တယ်။
မြန်မာ့အသံရေဒီယိုမှာ အလုပ်လုပ်နေတုန်း ၁၉၇၃ ခုနှစ်၊ သူ့အသက် (၅၁) နှစ် အရွယ်ကောင်းတုန်းမှာပဲ ကွယ်လွန်ခဲ့သည်။