ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၉၁ -
 
အပြောင်းအလဲဇုံတွင်မူ ကိုလံဘီယာ အမြီးနက် သမင်၊ ဝက်ဝံနက်များ၊ အညိုရောင် မြေခွေးများ၊ [[ကူဂါ]] များ၊ ဘော့ပ်ကြောင်များ နှင့် ရုစဗဲ့ သမင်များ ရှိကြသည်။ တွားသွားသတ္တဝါများ ဖြစ်သော ဂါတာမြွေ နှင့် ရက်တဲလ်မြွေ များသည်လည်း ဤ ဇုံတွင် နေထိုင်ကြသည်။ ထို့ပြင် ကုန်းနေရေနေ သတ္တဝါများဖြစ်သော ရေခွေးများ ၊ သစ်နီ ဆလမန္ဒာကောင်များ ကိုလည်း အတွေ့ရများသည်။ ငှက်များဖြစ်ကြသော ပိန်ညင်းငှက်၊ ချစ်ကဒီးငှက်၊ တိုးဟီးငှက် နှင့် ငှက်ပိတုန်းများလည်း ဤဒေသတွင် အများအပြား ရှင်သန် ပေါက်ဖွား နေထိုင် ကြသည်။ <ref name="California: flora and fauna" /><ref name="Black-tailed Deer of California">{{Cite web |date=2000 |title=Black-tailed Deer of California |url=http://www.westernhunter.com/Pages/Vol02Issue24/blacktail.html |access-date=October 7, 2010 |publisher=westernhunter.com}}</ref>
 
ကနေဒီယန်ဇုံတွင် တွေ့ရသော နို့တိုက်သတ္တဝါများမှာ တောင်မြွေပါမြီးတို၊ စနိုးရှူး ကွင်းယုန် နှင့် ချစ်ပမန့်ရှည် မျိုးစိတ်အချို့တို့ ဖြစ်သည်။ ထင်ရှားသောငှက်များတွင် ရင်ဘတ်ပြာငှက်ခါး၊ တောင်ချစ်ကဒီးငှက်၊ ဟာမစ်မြေလူးငှက်၊ အမေရိကန် ငှက်လုံး နှင့် တောင်းဆန် ဆောလတိုင်းယားငှက် တို့ ပါဝင်သည်။ ဟတ်ဒ်ဆိုနီယန်ဇုံသို့ မြင့်တက်သွားသည့် အခါတွင် ငှက်များ ရှားပါးသွားသည်။ မြင့်မားသော အာတိတ်ဒေသတွင် ထိပ်မွဲ နှင်းဆီရောင် ငှက်ပုတီး တစ်မျိုးတည်းကိုသာ တွေ့ရလေ့ရှိသော်လည်း အခြားသော မျိုးစိတ်များ ဖြစ်သည့် အန်နာငှက်ပိတုန်း နှင့် ကလာ့ခ် သစ်စေ့ခွဲငှက် ကိုလည်းတွေ့ရတတ်သည်။ ဤဒေသတွင် တွေ့ရသော အဓိက နို့တိုက်သတ္တဝါများမှာ ဆီရား ကိုနီ၊ အမြီးဖြူ တောယုန်ကြီး နှင့် ဂျိုကြီးသိုး တို့ ဖြစ်ကြသည်။ ၂၀၀၃ ခုနှစ် ဧပြီလတွင် အမေရိကန် ငါးနှင့် တောရိုင်းတိရစ္ဆာန် ဌာနမှ ဂျိုကြီးသိုးအား မျိုးသုဉ်းရန် စိုးရိမ်ရသည့် သတ္တဝါ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ဇုံအချို့တွင် တွေ့ရလေ့ ရှိသော ဒေသရင်း တိရစ္ဆာန်များမှာ မြည်းသမင်၊ ကွိုင်းယုတ်၊ တောင်ခြင်္သေ့၊ မြောက်ပိုင်း ဖလစ်ကာ သစ်တောက်ငှက် နှင့် အချို့သော သိမ်းငှက်နှင့် စာကလေး မျိုးစိတ် အချို့တို့ ဖြစ်ကြသည်။ <ref name="California: flora and fauna" />
[[File:Sea-otter-morro-bay 13.jpg|thumb|ကယ်လီဖိုးနီးယား ပြည်နယ် မော်ရိုးပင်လယ်အောင်တွေ တွေ့ရသော ဖျံ]]
 
===မြစ်များ===