အဲလက်စ်ဖာဂူဆန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
added player life
စာကြောင်း ၂၂ -
ဖာဂူဆန်၏မိဘများမှာ Alexander Beaton Ferguson နှင့် Elizabeth (née Hardie)<ref>https://www.telegraph.co.uk/news/features/3632436/Family-detective.html</ref> တို့ဖြစ်ကြသည်။ ဖာဂူဆန်ကို (စကော့တလန်ရှိ) Govanခရိုင် Shieldhallလမ်းပေါ်ရှိ အဖွားဖြစ်သူ၏အိမ်၌ ၁၉၄၁ ဒီဇင်ဘာ ၃၁ရက်တွင်မွေးဖွားခဲ့သော်လည်း အမှတ်၆၆၇ Govanလမ်းပေါ်ရှိနေအိမ်တွင် မိဘနှစ်ပါး၊ ညီဖြစ်သူ Martinတို့နှင့်အတူနေထိုင် ကြီးပြင်းခဲ့သည်။<ref>https://web.archive.org/web/20110616032551/http://soccer-magazine.com/soccer-facts/soccer-managers/alex-ferguson-profile/</ref>ဖာဂူဆန်သည် Broomloan Road Primary School နှင့် နောက်ပိုင်းတွင် Govan အထက်တန်းကျောင်းတို့၌ တက်ရောက်ပညာသင်ကြားခဲ့သည်။<ref>http://www.theglasgowstory.com/image/?inum=TGSG00050</ref> သူ၏ဘောလံုးသမားဘဝကို Govan ရှိ Harmony Row Boysကလပ်တွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင် စီနီယာကစားသမားများထွက်ရှိမှု၌ နာမည်ရသည့် Drumchapel Amateurs လူငယ်ကလပ်သို့ရောက်ရှိခဲ့သည်<ref>http://www.eveningtimes.co.uk/sport/13274381.Sir_Alex_Ferguson_tribute_to_Drumchapel_Amateurs__legend/</ref>
 
== ကစားသမားဘဝ ==
ဖာဂူဆန်၏ကစားသမားဘဝကို အသက် ၁၆နှစ်တွင် Queen's Parkအသင်း၌ အပျော်တမ်းကစားသမားအဖြစ် စတင်ခဲ့သည်။ <ref>http://www.qpfc.com/appearances/f/fergusonac.htm</ref> <ref>https://www.biography.com/people/alex-ferguson-9293262</ref> Queen's Parkrမှာ ကစားနေစဉ်အတွင်း ၃၂ပွဲကစားပြီး ၁၅ဂိုး <ref>http://www.dailymail.co.uk/sport/football/article-3764730/Sir-Alex-Ferguson-signs-Queen-s-Park-56-years-leaving-Scotland-s-oldest-senior-football-club.html</ref> သွင်းပေးနိုင်ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ရုန်းကန်ခဲ့ရသဖြင့် <ref>http://futbolpulse.com/2013/05/23/sir-alex-ferguson-playing-years-and-early-managing-career/</ref> 1960တွင် St. Johnstoneအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ St. Johnstoneအသင်းတွင်လည်း အလားတူပင် တိုက်စစ်မှူးတယောက်အနေဖြင့် ဂိုးသွင်းယူနိုင်စွမ်းရှိသော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရပြန်သည်။ <ref>https://www.biography.com/people/alex-ferguson-9293262</ref>
 
ဖာဂူဆန်သည် ၁၉၆၄ခုနှစ် နွေရာသီတွင် Dunfermline Athleticအသင်း၌ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သည်။ Dunfermline Athleticအသင်း၌ ကစားနေစဉ်အတွင်း၌ ၈၉ပွဲကစားပြီး ၆၆ဂိုးသွင်းယူနိုင်ခဲ့သည်။ ၁၉၆၅-၁၉၆၆ရာသီတွင် တရာသီအတွင်း ၃၁ဂိုးသွင်းယူပြီး Joe McBride နှင့်အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ <ref>http://www.rsssf.com/tabless/scottops.html</ref>
 
၁၉၆၇ခုနှစ်တွင်မူ Rangersအသင်းသို့ ထိုအချိန်ကအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅၀၀၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။ Rangersအသင်းနှင့်ကစားခဲ့သော ၂ရာသီအတွင်း ဖာဂူဆန်သည် ကောင်းမွန်စွာ ကစားနိုင်ခဲ့သော်လည်း 1969 Scottish Cup ဗိုလ်လုပွဲတွင် အသင်း၏ရှုံးပွဲအတွက် အပြစ်တင်ခံခဲ့ရပြီး အငယ်တန်းနှင့်သွားရောက်ကစားရန် ဖိအားပေးခံခဲ့ရသည်။ ထိုနှစ်ဆောင်းဦးတွင် အသင်းမှထွက်ခွာခဲ့သည်။<ref>https://www.biography.com/people/alex-ferguson-9293262</ref>ထို့နောက်တွင် ဖာဂူဆန်သည် Falkirkအသင်းတွင် ၄ရာသီ ကစားပြီးနောက် ၁၉၇၃-၁၉၇၄ရာသီတွင် Ayr United၌ ၎င်း၏ကစားသမားဘဝကို အဆုံးသတ်ခဲ့သည်။
 
== ကိုးကား ==