လျက်ရှိကာ
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
(အသုံးပြုသူ ၄ ဦးတို့၏ အလယ်ကြား မူများ ၈ ခု အား ပြသမထားပါ)
စာကြောင်း ၅၈ -
ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းကမူ ဟင်္သာတနယ်အတွင်း အခြေအနေ မငြိမ်မသက် ရှိလာသည်။ သူကြီးဟောင်းတစ်ဦး ဖြစ်သော ဦးမြတ်ထွန်းဆိုသူ ခေါင်းဆောင်၍ မအူပင်၊ ပုသိမ်၊ ဟင်္သာတတဝိုက်၌ လည်းကောင်း၊ ဦးခေါင်းကြီးဆိုသူ ခေါင်း ဆောင်၍ သာယာဝတီတဝိုက်၌လည်းကောင်း ဆူပူသောင်းကျန်း မှုများကို ဗြိတိသျှအစိုးရသည် အတော်ပင် နှိမ်နင်းယူရလေသည်။ ဟင်္သာတခရိုင်ဟု ဗြိတိသျှအစိုးရတို့ မူလသတ်မှတ်ထား သော နယ်မြေတွင် မအူပင်ခရိုင်၏ တစိတ်တဒေသနှင့် သာယာဝတီခရိုင်တို့ ပါဝင်ခဲ့သည်။ သို့သော် ဆူပူလှုပ်ရှားမှု များကို နှိမ်နင်းရေးအတွက် အုပ်ချုပ်မှု လွယ်ကူစေရန် နှစ် ပေါင်း ၃ဝ ခန့်အတွင်း ဟင်္သာတခရိုင် နယ်နမိတ်ကို အကြိမ် ကြိမ် ပြောင်းလဲသတ်မှတ် ခဲ့ရလေသည်။
 
သာယာဝတီမင်းလက်ထက်က ဧရာဝတီမြစ်၏ တစ်ဘက် တစ်ချက်တွင် ရှိကြသော ဟင်္သာတနှင့် သာယာဝတီ တို့သည် ထိုမင်း မင်းသားဘဝက အပိုင်စားရသော နယ်မြေများဖြစ်၍ အင်းဝနေပြည်တော်မှစ၍ တိုက်ရိုက် အုပ်ချုပ်သည်။ နောင်အခါ မြို့ငယ်၊ တိုက်ငယ်များ ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှအစိုးရတို့ အုပ်ချုပ်စအခါက သာယာဝတီမင်းသား အပိုင်စားခဲ့သော နယ်မြေတို့ကို သာရဝေတွင်သာရဝေါတွင် အရေးပိုင် (ခရိုင် ဝန်)ရုံးစိုက်မြို့ထား၍ အုပ်ချုပ်ခဲ့သည်။ ထိုနယ်မြေ အပိုင်း အခြားမှာ လေးမျက်နှာမြို့နယ်မှ လွဲ၍ ယခု ဟင်္သာတခရိုင်၊ သာယာဝတီခရိုင်၊ တရုတ်မော်မြို့နယ်၊ သုံးဆယ်တိုက်နယ်၊ ယခု မအူပင်ခရိုင်မှ ဓနုဖြူမြို့နယ်တို့ ပါဝင်သည်။ နောင်အခါ သူပုန်သူကန်အရေးကြောင့် အုပ်ချုပ်ရေးလွယ်ကူစေရန် ခရစ် ၁၈၅၃ ခုနှစ်မတိုင်မီကာလတွင် သာရဝေါခရိုင်ကို နှစ်ပိုင်း ခွဲခြားလိုက်ရသည်။
 
ဟင်္သာတမြို့သည် ဗြိတိသျှအစိုးရလက်ထက် မျူနီစီပယ်အဖွဲ့ အစောဆုံးတည်ထောင်ခဲ့သော မြို့ကြီးခုနစ်မြို့တွင် ပါဝင်၍၊ ထို အဖွဲ့တည်ထောင်သည့်နှစ်မှာ ခရစ် ၁၈၇၄ ခုနှစ်ဖြစ်လေသည်။ သင်္သာတမြို့သည် ယခင် ဟင်္သာတခရိုင်၏ တောင်ဘက် ပိုင်းတွင် တန်းလျက် တည်ရှိသော မြို့နယ်သုံးနယ် အနက်၊ အလယ်မြို့နယ်ဖြစ်သည်။ မြို့နယ်တစ်ခုလုံး၏ မြေမျက်နှာပြင် သည် နုံးတင်မြေနုလွင်ပြင်ကြီးဖြစ်၍ အကျယ်အဝန်းသည် ၃၆၃ စတုရန်းမိုင်ဖြစ်ပြီးလျှင် သူကြီးတပိုင်နယ်ပေါင်း ၁၁၉ ခု ရှိ လေသည်။
 
ဧရာဝတီမြစ်အားဖြင့် ပိုင်းခြား ထားသော ထိုခရိုင်သစ်နှစ်ခုမှာ ဟင်္သာတ(ရုံးစိုက်မြို့ ဟင်္သာတ)နှင့် သာယာဝတီ(ရုံးစိုက်မင်းကြီးမြို့)ဖြစ်ကြ၍ ပြည်ခရိုင်အတွင်း၌ ပါဝင်နေသော တရုတ်မော်မြို့နယ်ကို သာယာဝတီခရိုင်အတွင်း သို့ ပေါင်းထည့်ပေးသည်။၁၉၇၂ ခုနှစ် ဩဂုတ်လ အုပ်ချုပ်ရေးစံနစ်သစ် ဖော်ထုတ် ရေး အစီအစဉ်အရ ခရိုင်အဆင့် ဖျက်သိမ်းလိုက်သည့်အခါ ဟင်္သာတသည် မြို့နယ်အဆင့်သို့ ရောက်ခဲ့သည်။
 
== ရေဆင်း ==
စာကြောင်း ၆၈ -
 
== လူဦး‌‌‌ရေ ==
၁၉၆၃ ခုနှစ်ခန့်မှန်း သန်ကောင်စာရင်းအရ ဟင်္သာတ မြို့ပေါ်ရှိ လူဦးရေသည် ၆၇၈၆၄ ယောက်ဖြစ်၍ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့သည် အများဆုံးဖြစ်သည်။ ဒုတိယအများစုသည် ကရင်လူမျိုးမှားဖြစ်ကြသည်။ကရင်လူမျိုးများဖြစ်ကြသည်။
 
၁၉၇၂ ခုနှစ် ခန့်မှန်းသန်ကောင်စာရင်းအရ မြို့နယ်လူဦးရေသည် ၃၂၈ဝဝဝ ယောက် ဖြစ်လေသည်။
စာကြောင်း ၉၀ -
ဟင်္သာတမြို့သည် ရန်ကုန်မြို့နှင့် မီးရထားလမ်းအားဖြင့် မိုင် ၁၁ဝ ကွာဝေး၍ ရေလမ်းအားဖြင့် ၁၄၉ မိုင် ကွာဝေးလေသည်။ မြို့နယ်အတွင်းနှင့် အပသို့ မီးရထားလမ်း၊ မော်တော်ကားလမ်း နှင့်ရေလမ်းခရီးတို့ဖြင့် ဆက်သွယ်နိုင်သည်။ မန္တလေးနှင့်ရန်ကုန် အစုန်အဆန် သွားလာသော မန္တလေးသင်္ဘောကြီးများ ဆိုက်ကပ် ရာ ဖြစ်၍ အထက်နှင့်အောက်ကုန်ပစ္စည်းများ စုံစုံလင်လင် ရနိုင်လေသည်။
 
== စီးပွားရေး ==
== စီးပွား‌‌‌‌‌‌‌‌ေး ==
မြို့သူမြို့သားများသည် အစိုးရ အမှုထမ်းများအပြင် ကုန်သည်ပွဲစားများဖြစ်၍ အထက်အောက် ကုန်စည်ပစ္စည်း မျိုးစုံကို ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ကြ သည်။ ဗြိတိသျှ အစိုးရတို့ မြန်မာနိုင်ငံအလုံးကို မသိမ်းပိုက်မီ၊ ၁၈ ရာစုနှစ်အတွင်းက ဗြိတိသျှကိုယ်စားလှယ် တော်တစ်ဦး ဖြစ်သော ကာနယ်ဆိုင်းသည် ရန်ကုန်မှ အင်းဝသို့ ဆန်တက် ရာတွင် ဟင်္သာတမြို့ကိုလည်း ဖြတ်သန်းသွားသည်။ ကာနယ် ဆိုင်းသည် ထိုခေတ် ဟင်္သာတမြို့သည် စီးပွားရေးအခြေအနေ တိုးတက် ကောင်းမွန်လျ်ကကောင်းမွန်လျက်ရှိကာ မြို့သူမြို့သားတို့သည်လည်း ပြုမူ နေထိုင်စားဝတ်ပုံမှအစ ယဉ်ကျေးသိမ်မွေ့ကြပေသည်ဟု ယင်း ၏မှတ်တမ်းတွင် ဖော်ပြထားလေသည်။‌
 
အခြားလုပ်ငန်းများမှာ အိမ်ထောင် ပရိဘောဂလုပ်ငန်း၊ သင်ဖြူးသင်ဖျာလုပ်ငန်း စသည်တို့ဖြစ်၍ ချည်ထည်များရက်လုပ်သော စက်ရက်ကန်းရုံများလည်း ရှိသည်။ မြို့၏အနီးအနားတဝိုက်တွင် ဆီစက်များ၊ အုန်းဆီစက်များ ရှိသည်။ ဝင်ငွေကောင်းသော လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နိုင်ကြ၍ ဟင်္သာတမြို့နယ်တွင် လူဦးရေ ထူထပ်သည်။
 
=== စိုက်ပျိုးရေး ===
=== စိုက်ပျိုး‌‌‌‌‌ေး ===
မြေဩဇာထက်သန်ကောင်းမွန်သော မြို့နယ်ဖြစ်သဖြင့် ဆန် စပါးကို အများဆုံးစိုက်ပျိုးကြသည်။ အချို့ ဒေသများတွင် တနှစ်လျှင် နှစ်သီးစိုက်ပျိုးရန် ဆောင်ရွက်နေကြသည်။ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းများနှင့် ရေကာတာ၏ အပြင်ဘက် သောင်ပြင်များတွင် ပဲအမျိုးမျိုး၊ ပြောင်း၊ ဆေး၊ ငရုတ် စသည်တို့ကို စိုက်ပျိုး သောကိုင်းခင်းများကို အများ အပြား လုပ်ကိုင်ကြသည်။
 
စာကြောင်း ၁၀၈ -
စာတတ် ကျမ်းတတ် ရဟန်း၊ သီလရှင်တို့ များပြားသော မြို့ဖြစ်သည့်ပြင် မြို့သူမြို့သားများအနေဖြင့်လည်း စာပေပညာ၊ အနုပညာလေ့လာလိုက်စားသူများ အတော်များများ ရှိသည်။
 
== ပညာရေး==
== ပညာ‌‌‌‌‌ေး ==
ပညာရေးအတွက် ဟင်္သာတတက္ကသိုလ်၊ ဟင်္သာတကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတနည်းပညာတက္ကသိုလ်၊ အစိုးရ အထက်တန်းကျောင်း ခြောက်ကျောင်း နှင့်စက်မှုအထက်တန်းကျောင်း တကျောင်းရှိသည်ကို ထောက်၍ ပညာရေး အဆင့်အတန်းကို အကဲခတ်နိုင်ပေသည်။
 
== ထူးခြားထင်ရှား ==
ဟင်္သာတ မှ နာမည်ကျော် ဂီတပညာရှင် များစွာ ထွက်ပေါ် ခဲ့သည်။ ထင်ရှားသူ အချို့မှာ -
 
# ဟင်္သာတထွန်းရင်
# ဟင်္သာတမြင့်ငွေ
# မင်းအောင်
#
 
== အစားအသောက် ==